တရုတ်နိုင်ငံ

  • Sep- 2025 -
    30 September
    သတင်း

    မြစ်ဆုံရေကာတာစီမံကိန်း ထာဝရရပ်တန့်သွားရေး ဒေသခံများ ဆုတောင်း

    မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်ဆိုင်းခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ စီမံကိန်း ထာဝရ ရပ်နားဖို့ ဒေသခံတွေရဲ့ ဆုတောင်းပွဲတစ်ခုကို စက်တင်ဘာလ ၃၀ ရက်နေ့ ဒီနေ့မနက် ၉ နာရီခန့်မှ နေ့လည် ၁၂ နာရီအထိ မြစ်ဆုံဒေသမှာ ပြုလုပ်ခဲ့ပါတယ်။ မြစ်ဆုံဒေသ မလိယန်ကျေးရွာမှာ ဒေသခံ ၇၀ ဦးခန့်ပါဝင် ပြုလုပ်ခဲ့ကြတဲ့ အထိမ်းအမှတ် ဆုတောင်းခြင်းအစီအစဉ်နဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက “အခုလို အစီအစဉ် လုပ်ဆောင်ရတာဟာ ကျနော်တို့ ဒီနေ့ထိရပ်တည်နေတယ်၊ ဒီအချိန်ထိ မြစ်ဆုံစီမံကိန်း ရပ်နားနေတယ်၊ ဘုရားကျေးဇူးတော်ချီးမွမ်းခြင်း ဖြစ်တယ်။ ပြီးတော့ အဓိက ကျမတို့ ဒေသခံတွေ…

    Read More »
  • Jul- 2025 -
    24 July
    သတင်း

    မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့မှာ ကိုးကန့်အလံဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူ

    ရှမ်းမြောက် မုံးကိုးမြို့နဲ့ ပန်ဆိုင်းမြို့ရှိ ကိုးကန့် ( MNDAA) ရဲ့ အစိုးရဆိုင်ရဌာနရုံးတွေမှာ ကိုးကန့်(MNDAA ) အလံကိုဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လဆန်းပိုင်းကစပြီး မုံးကိုးမြို့ နဲ့ ပန်ဆိုင်းမြို့ နယ်စပ်ဂိတ်တွေနဲ့ မြို့တွင်းဌာနဆိုင်ရာရုံးအားလုံးမှာ အလံကိုပြောင်းလဲလွှင့်ထူလိုက်သလို ရုံးဝန်ထမ်းတွေကိုလည်း စစ်တပ်လက်အောက်ခံဝန်ထမ်းတစ်ချို့နဲ့တရုတ်နိုင်ငံသားတွေကိုခန့်အပ်ထားတယ်လို့ မုံးကိုးဒေသခံတွေက ပြောပါတယ်။ “ပန်ဆိုင်းဘက်က ဝမ်တိန်ဂိတ်၊ မုံးကိုးဘက်က မန်ဟိုင်းဂိတ်တွေမှာ စစ်ကောင်စီသုံး အလံကို ပြောင်းလဲလွှင့်ထူထားတယ်။ လားရှိုးကို အပ်လိုက်ပြီးနောက် သိပ်မကြာဘူး ဒီဘက်လည်း အဲလိုအပြောင်းအလဲတွေတော့ လုပ်လာတာဖြစ်တယ်။ ကိုးကန့်ထဲမှာလည်း ရဲတို့ ဝန်ထမ်းတို့ကို တရုတ်နိုင်ငံထဲ တရုတ်နိုင်ငံသားတွေကို ခေါ်ယူခန့်အပ်ထားပြီး အုပ်ချူပ်နေတယ်။ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် တင်းကြပ်နေတယ်။ MNDAA ဆိုတာက နာမည်ပါပဲ။ အရေးကြီးတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးက တရုတ်နိုင်ငံထဲက တရုတ်လူမျိုးတွေပဲ။” ဟု မုံးကိုးဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့ကို ကိုးကန့် MNDAA တပ်ကထိန်းချူပ်ထားတယ်လို့ဆိုပေမဲ့ လက်တွေ့ဦးဆောင်လုပ်ငန်းလုပ်နေကိုင်နေသူတွေကတော့ စစ်ကောင်စီအစိုးရရဲ့ဝန်ထမ်းတချို့နဲ့ ကိုးကန့်ကခန့်အပ်ထားတဲ့ တရုတ်နိုင်ငံသားတွေသာ ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။   ဒေသခံတွေပြောတာတော့ မြို့နှစ်ခုစလုံးရဲ့ထွေအုပ်ရုံးလိုဌာနဆိုင်ရာရုံးတွေမှာ စစ်တပ်လက်အောက်ခံဝန်ထမ်းတွေခန့်အပ်ထားပြီး  ရဲဝန်ထမ်းလိုနေရာမျိုးမှာတော့  တရုတ်နိုင်ငံထဲက တရုတ်နိုင်ငံသားတွေကို ခန့်အပ်ထားတယ်လို့ ဆိုပါတယ် ဒါ့အပြင် မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့ဘက်ကို စစ်ကောင်စီတပ်ဘက်က ဒီရက်ပိုင်း နေ့ညမပျက်လေယာဉ်နဲ့ ပျံဝဲစောင့်ကြည့်တာ၊ ဒရုံးနဲ့ပျံဝဲတာတွေလည်း ပုံမှန် ပြုလုပ်လျက်ရှိတယ်လို့ မုံးကိုးသေခံတွေက ပြောပါတယ်။ “မုံးကိုးကိုတော့ စစ်ကောင်စီထံ လွယ်လွယ်မအပ်လောက်ဘူးထင်ပေမဲ့ မသိတော့ဘူး။ လက်ရှိ အခြေအနေအရဆိုရင်တော့ မုံးကိုးမြို့လည်း တစ်နှစ်လောက်မကြာဘူး။ ပိတ်ဆို့ခံရပြီး လက်လွတ်လိုက်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ မုံးကိုးမြို့ပေါ်မှာ ညညဆို စစ်တပ်က လေယာဉ်နဲ့ ပုံမှန် ပျံဝဲတယ်။ တစ်ခါတစ်လေက မနက်ပိုင်း တစ်ခါခါက နေ့လည်ပိုင်း လေယာဉ်တွေ ပျံဝဲတယ်။ ပုံမှန်ပါပဲ လေယာဉ်ပျံတာ။” ဟု မုံးကိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မုံးကိုးဒေသကို ကိုးကန့် MNDAA တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကာလ စတင်ခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး မြို့တွင်းအုပ်ချူပ်မှုစနစ်ကို တရုတ်ကွန်မြူနစ် စနစ်နဲ့ အုပ်ချုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။ တရုတ်ဖိအားကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဟာ  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အနည်းဆုံးသုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လဆန်းပိုင်းမှာ အပြီးသိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ကိုးကန့် MNDAA က စစ်ကောင်စီထံ ပြန်လည်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ လားရှိုးမြို့ကို စစ်ကောင်စီလက်ထံပေးအပ်လိုက်ပြီးနောက် သိန္နီမြို့ကိုလည်း စစ်တပ်ထံလွှဲအပ်ပေးဖို့ တရုတ်အစိုးရကဖိအားပေးခဲ့တာကြောင့် လတ်တလောထွက်နေတဲ့အနေအရ သိန္နီမြို့လည်း စစ်ကောင်စီလက်ထံ အပ်လိုက်တဲ့သဘောမှာရှိနေတယ်လို့…

    Read More »
  • May- 2025 -
    1 May
    သတင်း

    အခွင့်အရေးထက် အလုပ်အကိုင်ကို အလေးထားနေရတဲ့ မြန်မာ အလုပ်သမားများ

    ကမ္ဘာတစ်ဝှမ်းမှာ အလုပ်သမားအခွင့်အရေးအပြည့်အဝ ရရှိဖို့ တောင်းဆိုနေကြချိန် မြန်မာလူထုတွေဟာ အလုပ်အကိုင်ရရှိရေးအတွက် မြန်မာအလုပ်သမား တရားဝင် လက်ခံခြင်းမရှိတဲ့ တရုတ် အပါအဝင် အိမ်နီးချင်း နဲ့ ပြည်ပနိုင်ငံအတော်များများမှာ အခွင့်အရေးအပြည့်အဝ မရရှိဘဲ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်နေကြရပါတယ်။ ကမ္ဘာမှာတော့ ဒီကနေ့…

    Read More »
  • Apr- 2025 -
    2 April
    သတင်း

    KIO ခွင့်ပြုချက်နဲ့တရုတ်ကို မြေရှားတင်ပို့မယ့်စာရရှိတယ်လို့ မြေရှားလုပ်ငန်းရှင်နဲ့နီးစပ်သူတွေပြော

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ တရုတ်နိုင်ငံကို မြေရှားသတ္တုတွေတင်ပို့မယ့်စာရရှိတယ်လို့ မြေရှားလုပ်ငန်းရှင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ တရုတ်နိုင်ငံကိုမြေရှားသတ္တုတင်ပို့ခွင့်နဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မတ်လ ၂၇ ရက်နေ့ မှာ ခွင့်ပြုလိုက်တာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကရေးသားခဲ့ပါတယ်။ ဒါ့ကြောင့် မြေရှားလုပ်ငန်းရှင်နဲ့နီးစပ်သူတွေကို KNG ကဆက်သွယ်မေးမြန်းကြည့်ရာအခုလိုအကြောင်းပြန်ပါတယ်။…

    Read More »
  • Oct- 2024 -
    25 October
    အင်တာဗျူး

    တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ယူချင်တဲ့လူငယ်တွေကို ကူညီပေးမယ့် Hpaji Mahkrai 

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း လူငယ်တွေအများစုရဲ့ အနာဂတ်နဲ့ ပညာရေးအခွင့်အလမ်းတွေလည်း နည်းပါးသွားခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ မိမိရဲ့အနာဂတ်အတွက် ပညာရေးအခွင့်အလှမ်းတွေရှာဖွေဖို့ နိုင်ငံရပ်ခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာပြီးပညာသင်ကြားကြသူတွေ ပိုမိုများပြားလာခဲ့တာဘဲ ဖြစ်ပါတယ်။ ခုလိုနိုင်ငံရပ်ခြားမှာပညာသင်ကြားသူတွေ များပြားလာတာကြောင့် နိုင်ငံခြားကျောင်းတွေမှာတတ်ရောက်နေကြတဲ့ စီနီယာကျောင်းသားတွေကနေပြီးတော့ ကျောင်းသားအချင်းချင်းကူညီဖေးမဖို့အတွက် ကျောင်းသားအဖွဲ့အစည်းတချို့ကို ဖွဲ့စည်းလာကြပါတယ်။ အဲဒီထဲမှာ လက်ရှိတရုတ်နိုင်ငံမှာတက်ရောက်နေကြတဲ့ ကချင်ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ Hpaji Mahkrai ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Hpaj Mahkrai အဖွဲ့ကိုတော့ တရုတ်ပြည်မှာကျောင်းတက်နေတဲ့ ကချင်ကျောင်းသား ၉ ဦးကနေပြီးတော့ ၂၀၂၄ မေလ၂၆ရက်နေ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ၂၈ရက်နေ့မှာတော့ Hpaji Mahkrai အဖွဲ့အစည်း မိတ်ဆက်ပွဲနဲ့ ကျောင်းသားသစ်ကြိုဆိုပွဲကို ကျင်းပခဲ့တာဘဲဖြစ်ပါတယ်။ Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းအနေနဲ့ လက်ရှိဘာတွေလုပ်ဆောင်နေလဲ အနာဂတ်ပန်းတိုင်ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ ပက်သက်ပြီး Hpaji Mahkrai အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး ကိုဂျန်မော်ဂမ်ဖန်( Jangmaw Gam Hpang)ကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး–ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါအုံးဗျ။ ဖြေ–ကျွန်တော်နာမည်ကတော့ဂမ်ဖန်ဖြစ်ပါတယ်..ကျွန်တော်က Hpaji Mahkraiကျောင်းသား အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေပြီးတော့ လက်ရှိကူမင်း ယူနန်တက္ကသိုလ်မှာ International Relationship ဘာသာရပ်နဲ့ပက်သက်ပြီး အဓိကသင်ယူနေတာဘဲ ဖြစ်ပါတယ်”။ မေး-Hpaji Mahkrai ရဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပေးပါအုံး။ ဖြေ–ဒီအဖွဲ့အစည်းကိုမလုပ်ခင်ကတည်းကနေ ကျွန်တော်တို့စိတ်ထဲမှာကိုက တရုတ်ပြည်ကကျောင်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် ဆက်သွယ်ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကတော့လိုနေပြီလို့အကုန်လုံးကတွေးမိကြတဲ့အတွက် လက်ရှိHpaji…

    Read More »
  • Dec- 2023 -
    18 December
    သတင်း

    ဖက်ဆစ်စစ်တပ် နဲ့ မပူးပေါင်းဖို့ တရုတ်အစိုးရထံ အိတ်ဖွင့်စာ ပေးပို့

    တရုတ်အစိုးရအနေနဲ့ ဖက်ဆစ် စစ်တပ် နဲ့ မပူးပေါင်းဘဲ ဖိနှိပ်ခံ မြန်မာပြည်သူတွေနဲ့ အတူပူးပေါင်းဖို့အတွက် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body-GSCB) နဲ့ တော်လှန်ရေးအဖွဲ့အစည်း ၂၅၆ ဖွဲ့ တို့က…

    Read More »
  • 6 December
    သတင်း

    စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီး တရုတ်နိုင်ငံဘက်ခြမ်း ကျရောက်ပေါက်ကွဲ

    KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံး တရုတ်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဒီမနက် ၁၀ နာရီဝန်းကျင်လောက်မှာ လိုင်ဇာမြို့အနီး ဖွန်ပျန်ဘွမ်(…

    Read More »
  • Sep- 2023 -
    25 September
    သတင်း

    တရုတ်နိုင်ငံကို ဝင်ရောက်ဖို့ မူဆယ်နယ်စပ်ဂိတ်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ စောင့်ဆိုင်းနေဆဲ

    မြန်မာ–တရုတ်နယ်စပ် မူဆယ်မြို့၊ နယ်စပ်ဂိတ်ဖွင့်ပြီးနောက် မြန်မာနိုင်ငံသားထောင်ချီ နေ့စဉ် တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာတဲ့အတွက် နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံးကဒ် TBP စက်တင်ဘာလ ၂၉ ရက်နေ့အထိ တုံကင်ပြည့်သွားပြီလို့ သိရပါတယ်။ နယ်စပ်ဝင်ထွက်ခွင့် TBP ကတ်ပြုလုပ်ဖို့  စက်တင်ဘာလ ၁၇ ရက် ကနေ  ၂၉ ရက်နေ့အထိ တုံကင်လက်ခံရရှိထားတဲ့ လူဦးရေ ၆,၅၀၀ ပြည့်သွားပြီလို့ ဖြစ်တယ်လို့ မူဆယ် နယ်စပ်ဖြတ်ကျော်ရေး ကူညီပေးနေသူတစ်ဦးက KNG ကို…

    Read More »
  • Aug- 2020 -
    8 August
    ငြိမ်းချမ်းရေးဆွေးနွေးမှု

    ကချင်စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် တရုတ်နိုင်ငံက ယွမ် ၄ သန်းစတင်ပေးအပ်

    ကချင် စစ်ရှောင်များ ပြန်လည်နေရာချထားရေးအစီစဉ်အတွက် တရုတ်နိုင်ငံကလှူဒါန်းမည့် ယွမ်သန်း၂၀၀ အနက် ကနဦး ယွမ် ၄ သန်းကို မြန်မာအစိုးရ လူငယ်ပြန်ဝန်ကြီးထံ တရုတ်သံအမတ်ကြီး Mr. Chen Hai က သြဂုတ်လ၅ ရက်နေ့ နေပြည်တော်တွင်…

    Read More »
Back to top button