ထောက်ပို့

  • Feb- 2026 -
    10 February
    သတင်း

    ဖားကန့်မှာ ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားထိခိုက်မှုရှိခဲ့

    တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းပို့ဆောင်ပေးတဲ့ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုတွေရှိခဲ့ပြီး အရပ်သားပြည်သူတစ်ချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ကားမိုင်းလမ်းပိုင်းကနေတက်လာတဲ့ ထောက်ပို့ယာဉ်တွေဟာ ဖားကန့်မြို့အဝင်လုံးခင်းယမ်းချက်စက်ရုံကနေ တစ်ဆင့် ယာဉ်တန်းတစ်ချို့ကို တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဦးတည်ပြီး တက်လာတာကြောင့် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းအုပ်စု မှော်ဆီစာမိန်းလမ်းမကြီးမှာ နေ့ခင်း ၁ နာရီလောက် မိုင်းသုံးလုံးကွဲတယ်။ တစ်လုံးကတော့ လုံးခင်းကနေ မှော်ဆီစာအဝင်မှာကွဲတယ်။ အဲ့မှာ ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးနှစ်ဦးထိသွားတယ်။ ဒဏ်ပြင်းထန်တယ်လို့ပြောလို့ရတယ်။ နောက်ထပ် မှော်ဆီစာ Sky Hotel မျက်စောင်းထိုးမှာရှိတဲ့ လမ်းမကြီးပေါ်မှာလည်း အဲ့မှာက နှစ်လုံး ရှေ့ဆင့်နောက်ဆင့်ကွဲသွားတယ်။ အရပ်သားကားတစ်စီးထိသွားတယ်။ ကားထိတဲ့နေရာမှာပဲ ဆိုင်ကယ်တစ်စီးလည်းထိသွားတယ် လူကဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။ ဒီကနေ့ တစ်ရက်ထဲ လုံးခင်းအုပ်စု မှော်ဆီစာကျေးရွာတစ်လျှောက်မှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပထမဖြစ်စဉ်မှာ ဆန်းကြွယ်ကျေးရွာက သားအမိနှစ်ဦးထိခိုက်ခဲ့ရပြီး နောက်ထပ်တစ်ဦးက ဆိုင်ကယ်စီးနင်းတဲ့ ဆိုင်းတောင်ကျေးရွာက အမျိုးသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ စစ်ယာဉ်တန်းတွေဝင်ရောက်လာချိန် လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်အကြာမှာ စစ်တပ်က လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မရှီကထောင်ရပ်ကွက် အနောက်ဘက်ခြမ်း ထုံးဘို ဆုတောင်းကုန်းဘက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြီးဆိုပါတယ်။ “စစ်တပ်က လေကြောင်းတိုက်ခိုက်သွားပြီးနောက် တိုက်ပွဲပြန်ပြီးပြင်းထန်ပါတယ်။ မနက်ပိုင်းကမဖြစ်ဘူး လေယာဉ်လာပြီးနောက် ပြန်ပြင်းထန်လာတာ။ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ပြန်ပြီးလာပစ်တာ။ အခုချိန်အထိတော့ ပစ်လိုက်နားလိုက်နဲ့ ဖြစ်နေကြတာ”လို့ပြောပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ နှစ်ပတ်ခန့်ကြာမြင့်လာတဲ့ ဖားကန့်တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ကြောင်းမထိုးနိုင်ဘဲ လက်နက်ခဲယမ်းတင်တဲ့ စစ်ယာဉ်တန်းတွေ ဝင်ရောက်လာသလို လေကြောင်းအကူနဲ့ တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။ စစ်တပ်ဘက်က လေကြောင်းအပါ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် မရှီကထောင်ကျေးရွာနဲ့ ထိစပ်တဲ့ ကျေးရွာနေပြည်သူတွေ ရာနဲ့ချီစစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ တိုက်ပွဲဧရိယာနဲ့ ထိစပ်တဲ့ ပြည်သူတစ်ချို့က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကာလာကြာမြင့်လာနိုင်တဲ့အတွက် နမ္မတီး၊ မိုးကောင်း၊ မြစ်ကြီးနားစတဲ့မြို့ပေါ်ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း မရှီကထောင်စစ်ဘေးရှောင် အိမ်ထောင်စု ၆၀ ခန့်က မြစ်ကြီးနားမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီကနေ ဆက်သိရပါတယ်။ ဖားကန့်မှာ စစ်တပ်က ဖော်ဆောင်နေတဲ့ စစ်ရေးဗျူဟာအရ စစ်တပ်က လက်လွတ်ထားရပြီး ဆိုင်းတောင်း၊ ဂွေခါစတဲ့ ဖားကန့်မြို့အတွက် အရေးပါတဲ့ ကျေးရွာနေရာတွေသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဖော်ဆောင်နေတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းရှိ ဆုတောင်ကုန်းနေရာကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ ဇန်နဝါရီလကုန်းပိုင်းကနေ တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်တပ် အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှု၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကြောင့် အရပ်သား၊ ထိခိုက်သေဆုံးသူ စုစုပေါင်း ၂၀ ကျော်ခန့်ရှိလာပြီလို့ ဖားကန့်လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ By –…

    Read More »
  • Oct- 2023 -
    16 October
    သတင်း

    စစ်ကိုင်း- ကချင်အစပ်ဒေသကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော်တစ်ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ စစ်ကိုင်းတိုင်းရဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော် ကိုသိန်းဇော်ဦး(ခ) ကိုရော့ကတ် သတ်ဖြတ်ခံလိုက်ရကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ အင်းတော်မြို့အထွက် သံလမ်းကူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးဖမ်းဆီးခံလိုက်ရတဲ့ ထောက်ပို့ရဲဘော်ကိုသိန်းဇော်ဦးဟာ…

    Read More »
  • Aug- 2023 -
    31 August
    ဆောင်းပါး

    ထောက်ပို့မိခင် အကြော်သည်

    ယိုင်နှဲ့နှဲ့ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းအိမ်လေးထဲမှာ ဒေါ်နာမ်တစ်ယောက် ညစာစားဖို့ထမင်းခူးခပ်နေတုန်း စားပွဲပေါ်မှာ တင်ထားတဲ့ လက်ကိုင်ဖုန်းလေးမြည်လာပါတယ် “အမေရေ.. သားဒီလဖုန်းအသစ်လှဲရမယ် ပိုက်ဆံငါးသိန်းလောက် လိုတယ်။ အမေ သားကိုပိုက်ဆံ ငါးသိန်းလောက် အဆင်ပြေရင်ပို့ပေးပါနော်” ဆိုပြီး ဖုန်းချသွားသူကတော့ဖားကန့်ကာကွယ်ရေးတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖြစ်သူ အဖုန်(အမည်လွှဲ) ပါ။ အသက် ၄၈ နှစ်အရွယ်…

    Read More »
  • Jun- 2023 -
    9 June
    သတင်း

    ထောက်ပို့အမျိုးသားသုံးဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး ၂ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ထောက်ပို့အမျိုးသားသုံးဦး စစ်ကောင်စီတပ်၏ လိုက်လံ ပစ်ခတ်ဖမ်းဆီးမှုကိုခံရပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ အေးမြသာယာရပ်ကွက်မှ ကိုမောင်အေး၊ မော်တောင်းကျေးရွာမှ ကိုသိန်းနှင့် ရှရော်ခါးကျေးရွာမှ ဦးမြင့်လွင်တို့သည် ဇွန်လ ၈ ရက်နေ့ ည ၄ နာရီခွဲအချိန်တွင် မော်တောင်းကျေးရွာဘက်မှ…

    Read More »
Back to top button