သတင်း

စစ်ကိုင်း- ကချင်အစပ်ဒေသကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော်တစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ စစ်ကိုင်းတိုင်းရဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးကို ထောက်ပို့လုပ်ပေးနေတဲ့ ထောက်ပို့ရဲဘော် ကိုသိန်းဇော်ဦး() ကိုရော့ကတ် သတ်ဖြတ်ခံလိုက်ရကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ အင်းတော်မြို့အထွက် သံလမ်းကူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးဖမ်းဆီးခံလိုက်ရတဲ့ ထောက်ပို့ရဲဘော်ကိုသိန်းဇော်ဦးဟာ ဖမ်းဆီးခံ ရပြီးနောက် ၂  လကျော်အကြာမှာ သတ်ဖြတ်ခံလိုက်ရပြီး ရုပ်အလောင်းကိုတော့ ကမ်းနီကျေးရွာအနီး ကားလမ်းဘေးမှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ သတ်ဖြတ်ခံရတဲ့ ကိုသိန်းဇော်ဦးနဲ့လုပ်ဖော်ကိုင်ဖက် ရဲဘော်တစ်ဦးက KNG ကိုပြောပါတယ်။

ဓားနဲ့ရက်ရက်စက်စက်ထိုးသတ်ထားတာ အလောင်းကိုတော့ကမ်းနီရွာသားတစ်ယောက်က သူ့လယ်ခင်းထဲသွားတဲ့ချိန်ကားလမ်းဘေးမှာ တွေ့ခဲ့တာ ။ အလောင်းတွေ့ပြီး လုပ်စရာရှိတာ လုပ်မှ သတင်းထုတ်တာပါ။တွေ့တာက ၇ ရက်နေ့ကတည်းပါ။ အလောင်းကကမ်းနီရွာသားတွေနဲ့ပူး ပေါင်း ပြီးအဲ့မှာပဲ ဝဂြိုလ် လိုက်တယ်လို့သူကပြောပါတယ်။

ကိုသိန်းဇော်ကို သတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဟာ အောက်တိုဘာ ၆ ရက်နေ့လောက်တည်းက အင်းတော်ကနေ ကသာနယ်ဘက်ကို စစ်ကြောင်းထိုးသွားတဲ့ ခမရ (၁၀၁) စစ်ကြောင်းက သတ်ဖြတ်ခဲ့တာလို့သိရ ပြီး အဲ့ဒီစစ်ကြောင်း ဖြတ်သွားပြီးနောက် ရုပ်အလောင်းကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

သတ်ဖြတ်ခံရတဲ့ ကိုသိန်းဇော်ဦးဟာ ကောလင်းဒေသခံဖြစ်ပြီး အင်းတော်နယ်၊ ဗန်းမောက်နယ်၊ ကသာနယ်နှင့်အခြားမြောက်ပိုင်းတိုင်းဒေသက မြို့နယ်တွေကို ထောက်ပို့လုပ်ပေးနေတာဖြစ်ပြီး အင်းတော်မြို့ဘက်ကို အလုပ်ကိစ္စကြောင့် လာရောက်တဲ့ချိန်စစ်ဆေးဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ဟာ ဒီနှစ်ဖေဖော်ဝါရီလကတည်းက စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်ဖြစ်ပြီး စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေအကြား မကြာခနထိတွေ့တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ဘက်ကအရပ်သားတွေကိုလည်း ပုံမှန်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ လည်း အင်းတော်ဒေသခံတစ်ယောက်က ပြောပါတယ်။

ကျနော်တို့အင်းတော်မှာကလေ တစ်ခြားနေရာနဲ့မတူဘူး အင်းတော်က စစ်ကိုင်းကချင်အစပ်ဖြစ်တော့ ဘယ်ဘက်ကလာတဲ့စစ်ကြောင်းဖြစ်ပါစေ ဒီနယ်မြေမှာနားကြတယ်။အဲတော့ လမ်းသွားလမ်းလာရင်းဖမ်းခံရသူတွေကလည်း ပိုများလာနေတယ်လို့ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်အတွင်း ကာကွယ်ရေးတပ်တွေနဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးထားတဲ့အရပ်သားတစ်ချို့ထဲက ၄ ဦးကို သေဒဏ်ချမှတ်လိုက်တဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။

By – ဇော်ဇော်

Show More

Related Articles

Back to top button