ပညာရေး
-
May- 2024 -24 Mayသတင်း
KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကျောင်းဆရာ/ မ တာဝန်ထမ်းဆောင်ချင်သူ မည်သူကိုမဆိုခွဲခြားခြင်းမရှိဘဲ ခန့်အပ်သွားမယ်လို့ KIO ပညာရေးအဖွဲ့ဆို
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ မြို့၊ ရွာတွေမှာ ပညာရေးကျောင်းဖွင့်လှစ်သွားဖို့ပြင်ဆင်နေပြီး ကျောင်းဆရာ၊ဆရာမ တာဝန်ထမ်းဆောင်ချင်သူ မည်သူကိုမဆိုခွဲခြားခြင်းမရှိဘဲ ခန့်အပ်သွားဖို့ပြင်ဆင်ထားတယ်လို့ KIO ပညာရေးအဖွဲ့က ပြောပါတယ်။ လက်ရှိ KIO/KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ပညာရေးယန္တရားလည်ပတ်နိုင်ဖို့ ဝန်ထမ်းစားရင်းနဲ့ ကျောင်းသားစားရင်းကောက်ယူတာတွေကို မြို့နယ်အလိုက် ပညာရေးဦးစီးရုံးတစ်ခုချင်းစီကတာဝန်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ “ကျောင်းအတွက် ဝန်ထမ်းကို နဂိုကတည်းက အဲဒီမှာတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ၊ဆရာမတွေ၊ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ချင်တယ်၊တာဝန်ထမ်းဆောင်ရဲတဲ့သူတွေ၊ Non-CDM ဖြစ်ဖြစ် CDM ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဒီကျောင်းမှာပဲဆက်လက်တာဝန်ထမ်းဆောင်ချင်တယ်ဆိုတဲ့သူတွေကိုတော့ ကျနော်တို့က ကျနော်တို့ရဲ့ ဝန်ထမ်းအဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပြီး တာဝန်ထမ်းဆောင်ခိုင်းမယ်။ ပြီးတော့ ဆရာ မလောက်တဲ့ကျောင်းကိုတော့ အပြင်ကနေကျောင်းဆရာထပ်ဖြည့်ပေးတာတို့၊ ဒီက ကျနော်တို့ IED ကကျောင်းဆင်းတွေလည်းရှိတယ်။ အဲလိုလူတွေနဲ့ အားလုံးလက်တွဲပြီး ပြုလုပ်သွားဖို့ပြင်ဆင်နေတယ်။” လို့ KIOပညာရေးဦးစီးချူပ် လက်ထောက်တာဝန်ခံက Kachin News Group(KNG) ကချင်သတင်းဌာနကို ပြောပါတယ်။ KIA သိမ်းပိုက်ထားတဲ့ လွယ်ဂျယ်မြို့၊ မန်ဝိန်းကြီးနဲ့ မိုင်းခေါင် စတဲ့နေရာဒေသက ကျောင်းတွေကိုတော့ KIO ဗဟိုဌာနချူပ်ပညာရေးဌာနကဦးစီးကာ ကျောင်းဖွင့်လှစ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အလားတူ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ် ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့ စတဲ့ နေရာတစ်ချို့တွေမှာလည်း ကျောင်းဆရာ၊ဆရာမ ခန့်အပ်တာ၊ စားရင်းကောက်တာ၊ ကျောင်းသားစားရင်းယူတာတွေကို မြို့နယ်အလိုက် ပညာရေးဌာနရုံးတစ်ခုချင်းစီက တာဝန်ယူလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ လက်ရှိ ပညာရေးဝန်ထမ်းစာရင်း ကောက်ယူပြီးပါက လာမယ့်ဇွန်လ လဆန်းကစပြီး လိုအပ်တဲ့ ကျောင်းဆရာ၊ဆရာမတွေကို မွမ်းမံသင်တန်းပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ KIA ဘက်ကသိမ်းပိုက်ထားတဲ့နေရာဒေသတွေမှာ ကျောင်းစတင်ဖွင့်လှစ်သွားဖို့ ကျောင်းဆရာ၊ဆရာမခန့်အပ်ဖို့ ပြင်ဆင်ရာမှာ CDM ဆရာ၊ဆရာမတွေကို ဦးစားပေး ခေါ်ယူခန့်အပ်စေချင်တယ်လို့ CDM ဝင်နေတဲ့ ကျောင်းဆရာမတချို့က ပြောပါတယ်။ “CDM တွေကိုအရင်ဆုံး ဦးစားပေးစေချင်တယ်။ ဆွဲခေါ်စေချင်တယ်။ CDMကြောင့် အပြင်ရောက်နေတဲ့ ပညာရှင်တွေအများကြီးရှိတယ်။ တက္ကသိုလ်ပြီးစီးအောင်မတက်လိုက်နိုင်ပဲ CDM ဝင်သွားတဲ့ ကျောင်းသားတွေလည်း အများကြီးရှိတယ်။ ဒါတွေကို ပြန်ပြီးမွမ်းမံပျိုးထောင်ပေးပြီး ပြန်အကျိုးပြုနိုင်မယ်။ ဒီလိုဆိုရင်ပိုသင့်တော်မယ်လို့ ခံစားမိတယ်။” လို့ CDM ဆရာမတစ်ဦးက ပြောပါတယ်။ KIO/KIA ထိန်းချူပ်နယ်မြေတွင်းများရှိတဲ့ ပုံမှန်ဖွင့်နေတဲ့ ကျောင်းတွေကတော့ မေလ ၂၅ ရက်နေ့က စပြီး ကျောင်းသားနာမည်စားရင်းလက်ခံတော့မှာဖြစ်ပေမဲ့ KIA သိမ်းပိုက်ထားတဲ့ မြို့ရွာ၊တွေမှာတော့ KIO ပညာရေးယန္တရားလည်ပတ်ဖို့ ပြင်ဆင်စရာများ ရှိနေသေးတာကြောင့် ကျောင်းဖွင့်နောက်ကျမယ်လို့ ဆိုပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး စစ်ဆင်ရေးအရှိန်မြှင့်တင်လိုက်ရာ လက်ရှိထိဆိုရင် မြစ်ကြီးနား – ဗန်းမော် ကားလမ်းပိုင်းအာလုံး ထိန်းချူပ်လိုက်နိုင်ပြီဖြစ်ပြီး မြို့ပေါင်း ၆ မြို့ခန့် သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Oct- 2023 -23 Octoberဆောင်းပါး
ကျောင်းမတက်တော့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝတစ်ဆစ်ချိုး
စစ်အာဏာရှင်လက်အောက်မှာ ကျောင်းမတက်ပဲ သပိတ်မှောက်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေဟာ နဂိုရည်မှန်းချက်ကို စွန့်ပြီး အသက်မွေးဝမ်းကြောင်းတစ်ခုကို ပြန်လည်စတင်နေရပါတယ်။ မြန်မာပြည်မှာ ၂၀၂၀ မတ်လလောက်ကစလို့ ကိုဗစ်ရောဂါကြောင့် အခြေခံပညာကျောင်းအပါအဝင် တက္ကသိုလ်ကျောင်းတွေ ရပ်နားခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် အာဏာရှင်ကို မလိုလားတဲ့ပြည်သူတွေဟာ တစ်ပြည်လုံးအနှံ့ အာဏာရှင်ကို…
Read More » -
Jun- 2023 -29 Juneသတင်း
ကန့်ဘလူ NUG လက်အောက်ခံကျောင်းတွေ ကိုယ်ထူကိုယ်ထ ရပ်တည်နေရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံကျောင်းတွေ အခုနှစ်မှာတော့ ကိုယ်ထူကိုယ်ထ ရပ်တည်နေကြရတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ ပညာရေးအတွက်လိုအပ်တဲ့ အသုံးစရိတ်တွေကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်က မပေးတဲ့အတွက် ပြည်သူ့အုပ်ချုပ်ရေးနှင့် အမျိုးသားညီညွှတ်ရေးအစိုးရထံကနေ တစ်ဆင့်ပြန်တောင်းခံရတာ ဖြစ်တယ်လို့ ကန့်ဘလူပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ပညာရေးဘက်ကို မရသေးဘူး။ သက်ဆိုင်ရာတွေကို မေးကြည့်တော့ အချက်အလက်နဲ့အပြည့်အစုံ တင်တောင်းမှ ရမယ်လို့ သိရတယ်။ တောင်းတဲ့အခါမှာလည်း အချက်အလက်အပြည့်အစုံလိုတယ်။ ဘယ်အတွက် သုံးချင်တာပါ ဘယ်ထဲကနေ ရချင်ပါတယ်ဆိုပြီး တောင်းရတာပါ။ ကျနော်တို့ကိုယ်တိုင်လည်း တောင်းခဲ့တယ်။ အချက်အလက်မပြည့်စုံလို့ဆိုပြီး ပြန်တင်ခိုင်းတယ်။ အခုလည်းပြန်တင်ဖို့လုပ်နေပါတယ်” လို့ ပြောပါတယ်။ ယခင် စာသင်နှစ်မှာတော့…
Read More » -
Apr- 2022 -18 Aprilသတင်း
KIO ပညာရေး တက္ကသိုလ်ဝင်တန်းများ စာမေးပွဲကြီး ယခုအပတ် စတင်တော့မည်
ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ စာသင်ကျောင်းတွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ဒီတပါတ်ထဲမှာ စတင်ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ အခုလို တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်နိုင်ဖို့အတွက်…
Read More » -
Jun- 2020 -12 Juneသတင်း
အခြေခံပညာစာသင်ကျောင်းများ အောင်စာရင်း ဇွန်လ ၁၃ ရက်နေ့ထွက်မည်
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ၏ အောင်စာရင်းများကို ဇွန်လ ၁၃ရက်နေ့တွင် ထွက်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ “လူစုလူဝေးမဖြစ်အောင်လို့ တစ်နေရာနဲ့တစ်နေရာ အောင်စာရင်းတွေကို ခွဲပြီးကပ်ဖို့မှာထားပါတယ်။ သူ့ရဲ့အတန်းလိုက် အတန်းလိုက်အောင်စာရင်းကို သပ်သပ်စီကပ်ပေးထားဖို့တွက် မြို့နယ်ပညာရေးမှူး အဆင့်ဆင့် ညွှန်ကြားထားပြီးဖြစ်တယ်။ အောင်စာရင်းလာကြည့်တဲ့သူတွေက…
Read More »




