ဗိုလ်ချုပ်ကြီးအင်ဘန်လ

  • Oct- 2025 -
    25 October
    သတင်း

    စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို အထူးစိုးရိမ်ကြောင်း KIO/KIA ဥက္ကဋ္ဌပြော

    လာမယ့် ဒီဇင်ဘာလမှာ စစ်ကောင်စီကျင်းပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိပြည်တွင်းစစ်ကို အတွန့်ရှည်သွားစေနိုင်တဲ့အတွက် အထူးစိုးရိမ်ကြောင်း ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅) နှစ်ပြည့် KIO အထိမ်းအမှတ်နေ့မှာ KIO/KIA ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲကိုထောက်ခံသူနဲ့…

    Read More »
  • Jul- 2025 -
    9 July
    သတင်း

    KIO ဥက္ကဋ္ဌ ဖမ်းဆီးခံရမှုနဲ့ မြေရှားသတ္တုနဲ့ပတ်သက်ပြီး သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအကျယ်ချုပ်ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းနဲ့ ဗန်းမော်ထိုးစစ်မရပ်ရင် တရုတ်အစိုးရက မြေရှားမဝယ်တော့ဘူးဆိုတဲ့ သတင်းအကြောင်းအရာ နှစ်ရပ်စလုံးက အခြေအမြစ်မရှိတဲ့ သတင်းအမှားတွေသာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးအင်ဘန်လဟာ ကျန်းမာရေးကိစ္စနဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီးနောက်…

    Read More »
  • Feb- 2025 -
    5 February
    သတင်း

    ‘နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာမရှာဖို့’ KIO ဥက္ကဋ္ဌ က အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပြောဆို

    လေးနှစ်တာအထိ ပြည်သူအာဏာ လုယူထားဆဲဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါင်းအပါတွေအနေနဲ့ ‘နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာဖို့’ (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ KIO/KIA ဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။ “မြန်မာနိုင်ငံရဲ့ အာဏာကို သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ SAC တာဝန်ရှိသူတွေကိုလည်း ဒီကနေ ပြောလိုက်ချင်ပါတယ်။ နိုင်ငံရဲ့…

    Read More »
  • Dec- 2024 -
    11 December
    သတင်း

    KIO/KIA ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC)အဖွဲ့  တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC) အဖွဲ့ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ် တရုတ်အစိုးရနဲ့ KIO တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်အစိုးရဘက်က CPPCC ဗဟိုကော်မတီဝင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Wu Ken နဲ့ တွေ့ဆုံနေကြတာဖြစ်ပြီး အရင်ဆွေးနွေးမှုတွေကို ဦးဆောင်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်းရှီးကျွင်းထက် အဆင့်မြင်တဲ့ အရာရှိဖြစ်တယ်လို့ KIO နဲ့ နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ လက်ရှိ KIO အစိုးရနဲ့ တရုတ်အစိုးရဘက်က ဦးဆောင်ပါဝင် ဆွေးနွေးနေတဲ့ CPPCC (Chinese People’s Political Consultative Conference ) ဗဟိုကော်မတီဝင် ဝူ့ခန့် (Wu Hken) ဟာ ယခင်က ဂျာမနီနိုင်ငံရဲ့ တရုတ်နိုင်ငံဆိုင်ရာတရုတ်သံအမတ် လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ဒီနှစ် စက်တင်ဘာလအတွင်းမှာပဲ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ပြန်လည်ရောက်ရှိလာသူတစ်ဦးလည်းဖြစ်ပါတယ်။ KIO နဲ့ တရုတ်အစိုးရတွေ့ဆုံမှုမှာ KIO ဘက်က KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIO အထွေထွေအတွင်းရေးမှူး ဦးကွမ်ထပ်ထိန်နန်၊  KIC ဒု– ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်၊ KIO အုပ်ချုပ်ရေး DGA  တာဝန်ခံ ဗိုလ်လဖိုင်ဇော်ယော်၊ ဗိုလ်ချုပ် လဖိုင်ခွန်နောင်တို့ပါဝင်နေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ဧရာဝတီအရှေ့ဘက်ခြမ်း KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဗန်းမော်နဲ့ မံစီ မြို့နယ် ၂ ခုမှာ KIA ရဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ အချိန်အတွင်းမှာပဲ တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်မှုကြောင့် KIO အစိုးရဘက်က သွားရောက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။ ဒီကနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ KIO နဲ့ တရုတ်အစိုးရ နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးနေတာနဲ့ ပတ်သက်ပြီး အကြောင်းအရာအသေးစိတ်မသိရသေးတာလည်းဖြစ်ပါတယ်။  KIO နဲ့ နီးစပ်သူတွေက သုံးသပ်ပြောဆိုချက်အရ ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကချင်နဲ့ တရုတ်နှစ်နိုင်ငံထိစပ်နေတဲ့ နယ်စပ်ဂိတ်ရှိတဲ့ မြို့နယ်တစ်ချို့ကို သိမ်းပိုက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jan- 2022 -
    1 January
    သတင်း

    စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေ အရပ်သားပြည်သူကို ဂရုစိုက်ဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း

    စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်သူတွေအနေနဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲဖျက်ဆီးမှုမျိုးမဖြစ်အောင် သတိပြုကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ တိုက်ခိုက်ပြောဆိုထားပါတယ်။ “စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို တိုက်တွန်းချင်ပါတယ်။ လူထုနဲပတ်သက်တဲ့ နေရာတွေ၊ စာသင်ကျောင်း၊ ဆေးရုံ နဲ့…

    Read More »
Back to top button