မုံးပေါ်
-
Oct- 2024 -11 Octoberသတင်း
မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကိုးကန့်တပ်သိမ်းယူဖို့ကြိုးပမ်းနေ
ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိူင်းနယ်မြေကို ကိုးကန့် MNDAA က သိမ်းယူဖို့ ကြိုးစားလာတဲ့အပေါ် ဒေသခံတွေကန့်ကွက်နေပါတယ်။ မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သုသာန်မြေနေရာကိုကြံစိုက်ခင်းလုပ်မည်ဟုဆိုကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကိုးကန့် MNDAA တပ်ခန့်ထားတဲ့ မုံးပေါ်အုပ်ချူပ်ရေးမှူးဆိုသူဟာ အသင်းတော်တာဝန်ရှိသူတွေကို သုသာန်မြေသိမ်းမယ့်အကြောင်း အကြောင်းလာတယ်လို့ မုံးပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က အမှုတော်ဆောင်တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “MNDAA ဘက်က မုံးပေါ်တာဝန်ရှိသူပေါ့ သူကလာပြီးပြောတာ။ သူတို့ကဟိုမှာ အားလုံးအဆင်သင့်လုပ်ထားပြီးသား…
Read More » -
Sep- 2024 -16 Septemberသတင်း
ရှမ်းမြောက် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေ
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ဒေသခံပြည်သူတွေ နေထိုင်ရခက်နေတယ်လို့ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မူဆယ်ခရိုင် မုံးပေါ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် မုံးပေါ်ဒေသအားလုံး KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ အုပ်ချူပ်မှုအောက်ရောက်ရှိသွားပြီး ဒေသအတွင်းရံဖန်ရံခါတင်းမာမှုတွေရှိနေတာကြောင့် ပြည်သူတွေနေထိုင်သွားလာရေး အဖက်ဖက်ကနေ ခက်ခဲနေတယ်လို့ မုံးပေါ် မန်နောင်ရွာဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အစကတည်းက KIO/KIA ရှိနေပြီးသားနေရာဖြစ်ပေမဲ့ ကိုးကန့်တပ် MNDAA က စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တာဆိုတော့ သူတို့သိမ်းတဲ့နေရာ သူတို့ဟာဆိုပြီး သတ်မှတ်ထားပုံရတယ် အဲကြောင့် အခုက ဒီအဖွဲ့က ဟိုအဖွဲ့ နောက်မပါရဘူး ဟိုဘက်ကလည်း ဒီဘက်ကို မပါရဘူးဆိုပြီး ပြောထားတာတွေ ရှိတယ်။ ပြည်သူတွေက နှစ်ဖွဲ့စလုံးကို ကြည့်နေရတာဆိုတော့ ကြားထဲမှာ နေရခက်နေတယ်။ လို့ ပြောပါတယ်။ မုံးပေါ်ဒေသကို MNDAA သိမ်းပိုက်ထားပြီဖြစ်ပေမယ့် အရင်ကတည်းက ကချင်တိုင်းရင်းသားမျိုးနွယ်စုအများစုနေထိုင်တဲ့နေရာဒေသဖြစ်သလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ရဲ့လှုပ်ရှားနယ်မြေ၊ တပ်မဟာ ၆ အခြေချနယ်မြေအဖြစ် အုပ်ချုပ်မှုယန္တရားလည်ပတ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် KIO/KIA ရဲ့လွမ်းမိုးမှုရှိခဲ့တဲ့ မုံးပေါ်ဒေသမှာ ကိုးကန့် MNDAA ဝင်ရောက်လာချိန်မှာတော့ လက်ရှိ အဖွဲ့အစည်း ၂ ဖွဲ့၊ အစိုးရ ၂ ခုလိုဖြစ်နေပြီး အချင်းချင်းလုပ်ငန်းတွေတားမြစ်ပိတ်ဆို့ကာ ပြဿနာတွေဖြစ်နေကြတာလို့ ဒေသခံတွေဆိုပါတယ်။ “အခု ဒီမှာက ဘယ်အဖွဲ့က အုပ်ချုပ်နေတာလားတောင် မသိဘူး။ အဖွဲ့က ၂ ဖွဲ့ရှိတာဆိုတော့ ပြည်သူတွေက သွားလာရေးမှာ အဆင်မပြေတာတွေရှိတယ်။ ရွာမှာ အဖွဲ့နှစ်ဖွဲ့နဲ့ ရှုပ်ယှက်ခတ်နေလည်း ဒီလိုပဲနေနေတယ်။ သူတို့အချင်းချင်း တစ်ခါတလေတော့ ပြဿနာတွေဖြစ်၊ တစ်ခါတလေတော့ ပြန်အဆင်ပြေကြနဲ့ အဲလိုပဲရှိနေတယ်။ ပိုပြီး နေရခက်လာတာတော့ရှိတာပေါ့ သွားလာရေးကခက်၊ ငွေရေး ကြေးရေးရှာဖွေဖို့လည်း ပိုခက်သွားတာတွေရှိသွားတာပေါ့။” လို့ မုံးပေါ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ သို့သော် လက်ရှိချိန်ထိ အုပ်ချုပ်မှုယန္တရားကို KIO/KIA နဲ့ MNDAA နှစ်ဖက်စလုံးက အတည်တကျအုပ်ချုပ်နိုင်တာမျိုးမရှိသေးဘူးလို့လည်း ဒေသခံတွေ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ မုံးပေါ်ဒေသ မုံယာ(Mungya)၊ မုံးဟောမ်(Mungghawm)ကျေးရွာမှာ KIO အဖွဲ့လိုက်ကပ်ထားတဲ့ မူးယစ်တိုက်ဖျက်ရေးသတိပေး ဆိုင်းဘုတ်၊ ဗီနိုင်းတွေကို ကိုးကန့်တပ် MNDAA ကအင်အားနဲ့ အတင်းအဓမ္မ လိုက်လံဖျက်ဆီး၊ ဖြုတ်သိမ်းခဲ့သလို စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း လောက်ကိုင်ဘက်သွားလမ်း နမ့်ဂျရပ်(Nam Jarap) ကျေးရွာမှာ KIO ရဲ့ မူးယစ်တိုက်ဖျက်ရေးဆိုင်းဘုတ်တွေကို ကိုးကန့်ဘက်က လိုက်လံဖြုတ်သိမ်းခဲ့တာကြောင့် နှစ်ဖက်တပ်အကြား ပြဿနာဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ကိုးကန့်တပ် MNDAA တပ်ဟာ KIO အောက် ပညာရေးကျောင်းဖွင့်တာ၊ ကျေးရွာနာမည်စရင်းကောက်ခံတာ၊ စျေးတန်း အခွန်ကောက်ခံတာ၊ သစ်တောတားမြစ်ချက်များ၊ မူးယစ်တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းများ လိုက်လံပိတ်ဆို့ တားမြစ်နေတာတွေကြောင့် တပ်ဖွဲ့နှစ်ခုကြား မြေပြင်မှာ ပြဿနာတွေဆက်တိုက်ဖြစ်နေပါတယ်။ အခုလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်နေတာဟာ ကျေးရွာဒေသခံတွေအတွက် စိတ်မချမ်းမြေ့စရာနေထိုင် နေရပြီး ပြည်သူလူထု လိုလားတဲ့အစိုးရကိုတရားမျှတတဲ့လမ်းစဉ်နဲ့ ဦးဆောင်အုပ်ချုပ်စေချင်တယ်လို့ ပြောဆိုနေကြပါတယ်။ “အစက စစ်ကောင်စီအစိုးရရှိတဲ့အချိန်က KIA/KIO လည်းအတူရှိတယ်။ အဲဒီအချိန်တုန်းက ဥပမာ ကိုးကန့်တွေရွာထဲဝင်မယ်ဆိုရင် KIA ဆီခွင့်တောင်းရတယ်။ ဘယ်မှာဝင်လို့ရမယ်၊ ဘယ်မှာနားမယ်၊ဘာတွေလုပ်မယ်ဆိုပြီး အသိပေးမှ KIA က ရတယ်၊ ခွင့်ပြုတယ်ဆိုမှ ဝင်နား၊ ဝင်အိပ်လို့ရတာဖြစ်တယ်။ဒီနေ့ စစ်ကောင်စီတပ်ကို မောင်းထုတ်လိုက်နိုင်တဲ့အချိန်ကျတော့ ငါတို့ပစ်တာ ငါတို့သိမ်းတာ ငါတို့ပဲအုပ်ချုပ်မယ်ဆိုပြီး လုပ်လာတာပေါ့။ ဒီမှာ အရင်ဆုံးဖြစ်တဲ့ပြဿနာက စျေးတန်းမှာအခွန်ကောက်တဲ့ကိစ္စမှာ အချင်းချင်း ပစ်ခတ်ခါနီးအထိဖြစ်လာကြတာ၊ အဲလိုတွေဖြစ်ကြတာဟုတ်တယ်။”လို့ မုံးပေါ်ဒေသခံ မိုင်ဖန်ရွာကဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း မုံးကိုး၊ မုံးပေါ်ဒေသကို ကိုးကန့်တပ် MNDAA ဘက်ကသိမ်းလိုက်ပြီးနောက် မူးယစ်ဆေးဝါးချက်လုပ်တဲ့လုပ်ငန်းနေရာတွေလည်း ထပ်တိုးလုပ်ဆောင်လာတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA တပ်ဖွဲ့ကို KNG သတင်းဌာနမှသီးသန့်ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒေသခံပြည်သူတွေ စစ်အာဏာရှင်စနစ်ကို မလိုလားတာကြောင့် အားလုံးကန့်ကွက်တိုက်ထုတ်တွန်းလှန်ခဲ့ကြတာဖြစ်ပေမဲ့ လက်ရှိ ကိုးကန့်တပ် MNDAA က တရုတ်ကွန်မြူနစ်စနစ်နဲ့ ပိုပြီးအာဏာရှင်ဆန်တဲ့လုပ်ရပ်တွေနဲ့ အုပ်ချုပ်နေတာကြောင့် ဒေသခံတွေမလိုလားကြတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Oct- 2023 -19 Octoberသတင်း
ဝိန်းလားတောင် စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်
ရှမ်းမြောက် မုံးပေါ် နဲ့ မုံးကိုးတရုတ်နယ်စပ်ကြား အချက်အချာကျတဲ့ ဝိန်းလားတောင်က စစ်တပ်စခန်းကို KIA ဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တဲ့အပြင် စစ်သုံ့ပန်းအရှင်ဖမ်းဆီးရမိတာလည်း ရှိတယ်လို့ KIA ရှေ့တန်းရင်းမြစ်ကနေ သိရပါတယ်။ မူဆယ်မြို့နယ် မုံးပေါ် – ဝိန်းဆိုင်ကျေးရွာအထက် မုံးယားသွားလမ်းပေါ်က ဝိန်းလားတောင်ကုန်းမှာ အထိုင်ချနေတဲ့ စစ်တပ်စခန်း တပ်မ…
Read More » -
19 Octoberသတင်း
ရှမ်းမြောက် မုံးပေါ် ဝိန်းလားတောင်တပ်စခန်းကို KIA သွားရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက် မုံးပေါ် အနီး ဝိန်းလားတောင်(Wingla Bum)က စစ်ကောင်စီတပ်စခန်းကို KIA သွားရောက် ပစ်ခတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရပါတယ်။ အောက်တိုဘာ ၁၉ ယနေ့နံနက် ၆ နာရီကစပြီး ဝိန်းလားတောင်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ…
Read More » -
Oct- 2022 -25 Octoberတိုက်ပွဲ
မုံးပေါ် ယနေ့ညတိုက်ပွဲတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦးခန့် ထိခိုက်မှုရှိ
ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်ဒေသအနီး မိုင်ဖန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တို့ကြား ယနေ့ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မုံးပေါ်ဒေသခံ ပြည်သူ ၄…
Read More » -
May- 2022 -4 Mayသတင်း
မုံးပေါ်တွင် ယနေ့ည စစ်ကောင်စီနှင့် MNDAA တိုက်ပွဲ ပြင်းထန်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့နယ် မုံးပေါ် တွင် ယနေ့ည ၉ နာရီဝန်းကျင်မှ မိုင်ဖန် ရှိ စစ်ကောင်စီ တပ်မ ၉၉ နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်…
Read More » -
Mar- 2022 -2 Marchသတင်း
မုံးပေါ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ MNDAA တို့ တိုက်ပွဲ ပြင်းထန်
ရှမ်းပြည်မြောက်ပိုင်း မုံးပေါ်အနီး အာဏာသိမ်းစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကိုးကန့် MNDAA တို့ကြား ယနေ့ နံနက်ပိုင်းကစတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ ယနေ့ မနက် ၁၀ နာရီခန့်မှ KIA တပ်မဟာ…
Read More » -
Jan- 2022 -29 Januaryသတင်း
ရှမ်းမြောက် မုံးပေါ် စစ်ကောင်စီ ယာယီစခန်းတစ်ခုကို KIA မီးရှို့ ဖျက်ဆီး
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ဒေသ ဆမာကျေးရွာနှင့် မန်ကန်ကျေးရွာကြားတွင် ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီနှင့် KIA တပ်ရင်း ၃၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ယာယီတပ်စခန်းတစ်ခုကို KIA က သွားရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။…
Read More »