တိုက်ပွဲသတင်း

ရှမ်းမြောက် မုံးပေါ် စစ်ကောင်စီ ယာယီစခန်းတစ်ခုကို KIA မီးရှို့ ဖျက်ဆီး

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ဒေသ ဆမာကျေးရွာနှင့် မန်ကန်ကျေးရွာကြားတွင် ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီနှင့် KIA တပ်ရင်း ၃၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ယာယီတပ်စခန်းတစ်ခုကို KIA က သွားရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ နေ့လည်ပိုင်း ၁၁ ခွဲကနေ ၁၂ ခွဲထိ တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်ရဲ့ ရှေ့တန်းစခန်းချထားတဲ့နေရာကို KIA က သွားပြီး မီးရှု့ဖျက်ဆီးခဲ့တာဖြစ်တယ်။ ဒီမနက်ပိုင်း ဟူနားဘက်ကနေ ဝိန်းဆိုင်ဘက် တက်လာတဲ့ စစ်တပ်နဲ့ မန်ကန်နဲ့ ဆမာကြား တိုက်ပွဲဖြစ်ကြတာဟုတ်တယ်။ မန်ကန်က ဒေသခံတစ်ချို့ ဝိန်းဆိုင်ဘုရားကျောင်းကို ပြန်ထွက်ပြေးရတယ်။” ဟု ဆမာဒေသခံတစ်ဦး KNG ကို ပြောသည်။

ယနေ့ မနက်ပိုင်း ဝါယုံဟူးနားကျေးရွာ မှ ဝိန်းဆိုင်သို့ တက်လာသော အာဏာသိမ်းစစ်တပ်နှင့် KIA တပ်ဖွဲ့တို့ကြား တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားပြီးနောက် KIA မှ ၎င်းစစ်တပ်၏ ပန်လောင်ဘွမ်တောင်ခြေရှိ ရှေ့တန်းစခန်အား သွားရောက်မီးရှုံ့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက် ထိခိုက်ကျဆုံးမှု များနိုင်ချေရှိကြောင်း ၎င်းဒေသခံကပြောသည်။

မုံးပေါ်ဒေသတွင် လွန်ခဲ့သော ၂ လခန့်မှ စစ်ကောင်စီက ထိုးစစ်ဆင်လှုပ်ရှားများ ဆက်တိုက်ရှိနေတာကြောင့် ကိုးကန့်၊ KIA တို့ နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button