တိုက်ပွဲသတင်း

ဝိန်းလားတောင် စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ရှမ်းမြောက် မုံးပေါ် နဲ့ မုံးကိုးတရုတ်နယ်စပ်ကြား အချက်အချာကျတဲ့ ဝိန်းလားတောင်က စစ်တပ်စခန်းကို KIA ဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တဲ့အပြင် စစ်သုံ့ပန်းအရှင်ဖမ်းဆီးရမိတာလည်း ရှိတယ်လို့ KIA ရှေ့တန်းရင်းမြစ်ကနေ သိရပါတယ်။

မူဆယ်မြို့နယ် မုံးပေါ်ဝိန်းဆိုင်ကျေးရွာအထက် မုံးယားသွားလမ်းပေါ်က ဝိန်းလားတောင်ကုန်းမှာ အထိုင်ချနေတဲ့ စစ်တပ်စခန်း တပ်မ ၉၉ အောက် ခမရ ၅၆၇ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ စုပေါင်းတပ်တွေ ဒီကနေ့ မနက်သွားရောက်တိုက်ခိုက်တာကြောင့် တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ရာကနေ ညနေပိုင်း ၂ နာရီကျော်မှာတော့ အပြီးသိမ်းဆည်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA  ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG သတင်းဌာက ကိုပြောပါတယ်။ 

ဒီညနေ တပ်စခန်းထဲထိ အားလုံး ဝင်ရောက် ဝင်စီးနိုင်ပြီး အားလုံးနီးပါး သိမ်းဆည်းနိုင်တာဖြစ်တယ်။ ဒါပေမဲ့ အသေးစိတ် ဘယ်လောက်ထိ သိမ်းဆည်းနိုင်တယ်။ စစ်တပ်ဘက် ဘယ်နှယောက် ဘယ်လိုကျဆုံးတယ်ဆိုတာတော့ အဲ့ဒီရှေ့တန်းဘက် ဖုန်းလိုင်းအခက်အခဲကြောင့် သေချာမသိနိုင်ဘူး။ သိမ်းပိုက်နိုင်တယ်ဆိုတာလောက်ပဲ အတည်ပြုလို့ရတယ်။ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

အောက်တိုဘာ ၁၉ ဒီနေ့မနက် ၆ နာရီလောက်နေ အဲ့ဒီတောင်ကုန်းမှာ စစ်တပ်နဲ့ KIA တို့ကြား တိုက်ပွဲစတင်ပြင်းထန်နေတာဖြစ်ပြီး နံနက် ၁၀ နာရီလောက်မှာတော့ စစ်တပ်ဘက် Helocopter လေယာဉ်နဲ့ အရင်ဆုံးလာပစ်ကူပြီး ညနေပိုင်းမှာတော့ ဂျက်လေယာဉ်နဲ့ ထပ်မံ လာရောက်ပစ်ကူခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒါအအပြင် မုံးပေါ်စစ်တပ်ကုန်းကနေလည်း လက်နက်ကြီးနဲ့ ဆိုက်တိုက်ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။ 

ဝိန်းလားတောင်ကုန်းမှာ တိုက်ပွဲကြာချိန် ၁၀ နာရီဝန်းကျင်ခန့် ဖြစ်ပွားပြီးတဲ့နောက် မွန်းလွဲ ၂ နာရီကျော်မှာတော့ ဝိန်းလားစစ်တပ်စခန်းထဲထိ KIA ဘက်က ဝင်စီးနိုင်ခဲ့ကြောင်း သိရပါတယ်။ 

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ထွက်ပြေးသွားသူ တစ်ချို့လည်းရှိသလို လက်နက်ပစ္စည်းအမြောက်အများကို KIA ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

ဒီစခန်းသိမ်းတိုက်ပွဲမှာ KIA ဘက်ကလည်း ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။ 

“KIA ဘက်ကလည်း ၂ ယောက် ၃ ယောက်လောက်တော့ ထိတယ်ပြောတယ်။ ဒါပေမဲ့ သေချာမသိရဘူး ဖုန်းလိုင်းခက်တော့။ အဲ့ဒီ တပ်စခန်းက မုံးပေါ်ကနေ တက်လာရင် ဝိန်းဆိုင်ကျေးရွာရောက်မယ်။ ဝိန်းဆိုင်အထက်ပေါ့ မုံးယား၊ မုံးကိုး တို့ဘက် သွားတဲ့ လမ်းပေါ် အခိုင်အမာ အထိုင်ချနေတဲ့ တပ်စခန်းဟုတ်တယ်။ ဆိုတော့ သူတို့ထိုင်နေတာတော့ ကြာပြီး ဒီဘက် မုံးကိုးဘက် ထောက်ပို့တွေ ပို့ရင် အဓိက အရေးပါတဲ့ တပ်စခန်းဖြစ်တယ်။ဟု သူကဆက်ပြောပါတယ်။

မုံးပေါ်ကနေ ၈ မိုင်ခန့် အကွာ ဝိန်းဆိုင်ကျေးရွာအထက် ဝိန်းလားတောင်ကုန်းမြင့်က အဲ့ဒီ တပ်စခန်းမှာ စစ်တပ်အင်အား ၅၀ ထက်မနည်း ပုံမှန် တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button