သတင်း

မုံးပေါ်တွင် ယနေ့ည စစ်ကောင်စီနှင့် MNDAA တိုက်ပွဲ ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့နယ် မုံးပေါ် တွင် ယနေ့ည ၉ နာရီဝန်းကျင်မှ မိုင်ဖန် ရှိ စစ်ကောင်စီ တပ်မ ၉၉ နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်

“အခုလည်း အတကုန်ပစ်နေတုန်း မုံးပေါ်အောက်ဘက်နဲ့ မိုင်ဖန်ရွာထိပ် အဲ့ကြားမှာ ဖြစ်နေတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်နေတယ်။ ငြိမ်လိုက် ပစ်လိုက်နဲ့ ဖြစ်နေတယ်။” ဟု မုံးပေါ်ဒေသခံတစ်ဦးက ပြောသည်။

မုံးပေါ်အောက်ဘက် ကပ်ရပ်ရှိ မိုင်ဖန်ကျေးရွာတွင် စစ်ကောင်စီ တပ်မ ၉၉ ကင်းစောင့်အဖွဲ့ ၃၀ ဝန်းကျင် ရွာထိပ်နားရှိနေစဉ် MNDAA မှ သွားရောက်ပစ်ခတ်ရာမှ တိုက်ပွဲပြင်းထန်လာခြင်း ဖြစ်ကြောင်းသိရသည်။

စစ်တပ်ဘက်မှ လက်နက်ကြီးများနဲ့ ပစ်ခတ်မှုများရှိနေသောကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးရန် ခက်ခဲနေကြောင်း ပြောသည်။

မုံးပေါ် ဒေသ တစ်လျှောက်စစ်တပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ တို့ လတ်တလော စစ်ရေးလှုပ်ရှားများပုံမှန်ပြုလုပ်နေပြီး  တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button