မြို့သိမ်းတိုက်ပွဲ
-
Dec- 2024 -12 Decemberသတင်း
ဗန်းမော်မြို့ပေါ် ရပ်ကွက်အများစု KIA ထိန်းချုပ်ထားနိုင်ပြီလို့ဆို
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ရှိလာချိန် မြို့ပေါ်ရပ်ကွက်အများပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့အတွက် မြို့ရဲ့ပတ်ပတ်လည်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့ဦးတည်နေတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးဟာ တစ်ပတ် ကျော် ၉ ရက်မြောက်နေ့အထိရှိလာပြီဖြစ်ပြီး ဗန်းမော်မြို့တွင်း ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ အစိုးရရုံးရှိရာ ရပ်ကွက်အားလုံးနီးပါး KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီလို့ ဗန်းမော်KUG/KPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “မြို့ထဲကိုဝင်ထားတဲ့အဖွဲ့တွေကတော့ စခန်းတော်တော်များများကိုသူတို့သိမ်းထားပါတယ်။ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့ပေါ့။ တပ်စွဲထားတဲ့ နေရာ တော်တော်များများကိုလည်းသိမ်းထားနိုင်တယ်။ စခန်းအရေ အတွက်ကတော့ ၁၂ ခုလောက်သိမ်းထားနိုင်တယ်ပေါ့လေ။ အခုကတော့ ဗန်းမော်မြို့ စကခ ၂၁ နဲ့ ခလရ ၄၇ ကလွဲရင် မြို့ထဲနေရာတော်တော်များများကိုထိန်းထားပြီလို့ပြောလို့ရပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ပြင်မှာရှိတဲ့ ဗန်းမော်နည်းပညာတက္ကသိုလ်ကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီး ခလရ ၄၇ ကိုဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့တွင်းထဲက အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခလရ ၄၇ တို့လို စစ်ကောင်စီအထိုင်ချရာ တပ်တွေနဲ့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး အဲ့ဒီအနီးတစ်ဝှိုက်ကရပ်ကွက်တွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်တာတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်တက္ကသိုလ်၊ ၂မိုင်၊ ၃–၄မိုင်နဲ့ ၅–၆မိုင်၊ မံစီမြို့နယ်ထဲမှာကျန်နေတဲ့ ခမရ ၆၀၁၊၃၁၉ နဲ့ ၃၅၂ တို့မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အခုလို နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြို့တွင်းရပ်ကွက်နေရာတစ်ချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေပြီး ရဲစခန်း၊ထွေအုပ်ရုံးအပါအဝင်၊ စံကိုယ်ပိုင် အထက်တန်းကျောင်း၊ Friendship Hotel၊ ၂ မိုင်အနီးတစ်ဝှိုက်ကနေအိမ်တစ်ချို့နဲ့ ခွန်သာရပ်ကွက်ကနေအိမ်တွေမှာ မီးလောင် ပျက်ဆီးမှုတွေရှိနေတာလို့ သိရပါတယ်။ တစ်ဖက်မှာ ဒေသခံတွေဟာလည်းတိုက်ပွဲဖြစ်ပြီး ၂ ရက်လောက်အကြာ ဒီဇင်ဘာ ၆ ရက်နေ့လောက်ကစပြီး မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီး အများစုက မန္တလေးလိုမြို့ကြီးအပါအဝင် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းက ကျေးရွာတွေ၊ ကသာ၊ရွှေကူ၊ စင်းခမ်း နဲ့ ဘေးလွှတ်ရာ တောတောင်တွေထဲဦးတည်ထွက်ပြေးနေကြရပြီး အဘက်ဘက်ကအကူညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ “အဓိကလိုအပ်တာ စားနပ်ရိက္ခာတွေနဲ့အဝတ်အထည်၊ဆေးဝါးတွေလိုအပ်တယ်။ တစ်ချို့ရပ်ကွက်မှာက လက်နက်ကြီးကျလာတော့ ချက်ချင်းထပြေးရတာရှိတယ် အဲတော့ ဘာမှမပါလာဘူးလေ”လို့ ဗန်းမော်ကနေ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) အခြေစိုက်ရာ မြို့ဖြစ်သလို ခလရ(၂၃၆)၊ ခလရ(၄၇)နှင့် အမြောက်တပ်တွေဖြစ်တဲ့ အမတ(၃၃၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်းငါးရင်းလောက် အခြေစိုက်ထားသည့် တပ်မြို့ဖြစ် ပြီး စစ်ရေးအရအင်မတန်အရေးပါတဲ့မြို့လို့စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။ တစ်ဖက်မှာ တရုတ်နိုင်ငံနဲ့ မိုင် ၅၀ ခန့်အကွာမှာပဲရှိတဲ့ စစ်ရေးအရအင်မတန်အရေးပါတဲ့ ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ဖို့ဦးတည်နေချိန်မှာပဲ တရုတ်နိုင်ငံအစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ဒီဇင်ဘာလ ၉ ရက်နေ့ကဖြေကြားခဲ့ပါတယ်။ လက်ရှိတော့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့မှာ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့နဲ့ တွေ့ဆုံဖို့ရောက်ရှိနေပြီလို့သိရပြီး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အခြေနေအသေးအစိတ်ကို KNG က မသိရသေးပါဘူး။ ဒီအရေးပါတဲ့ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် အာရက္ခ တပ်တော် AA၊ ကျောင်းသားတပ်မတော် ABSDF၊ ကူကီးအမျိုးသားများတပ်မတော်၊ KIA ဂေါ်ရခါး တပ်ရင်း နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့က ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။ By – အမိုး
Read More » -
4 Decemberသတင်း
ဗန်းမော်- မံစီအကြားမှာရှိတဲ့ စစ်တပ်စခန်းအားလုံးနီးပါး KIA ပိတ်ဆို့တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့သိမ်းပိုက်နိုင်
ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် ဒီနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး စစ်မျက်နှာပြင်ဖွင့် တိုက်ပွဲဖော်ဆောင်လိုက်ပြီးတော့ တပ်စခန်းတစ်ချို့ သိမ်းပိုက်ရရှိထားပြီလို့ KIA ရှေ့တန်း သတင်းအရင်းမြစ်ကနေ သိရပါတယ်။ မံစီမြို့နယ်ထဲက ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ ၊ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ ကာကင်းစခန်း၊ ဖန်းခါးကုန်း၊ နမ်ဖား၊ ဗန်းမော် တက္ကသိုလ်ဝင်းနေရာတွေကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ စတင်ဖြစ်လာတာ။ မိုးမောက်၊ မံစီဘက်မှာတင်မဟုတ်တော့ဘူး။ တိုက်ပွဲက ဗန်းမော်မြို့နဲ့ အနီးမှာပဲဖြစ်နေပြီ။ မိုးမောက်ဘက်ကတော့ ၃ မိုင်လောက်မှာဖြစ်နေတယ်။ ဗန်းမော် တက္ကသိုလ်၊ နမ့်ဖား၊ မင်းလှသာစည်၊ ဖန်းခါးကုန်း၊ ညောင်ပင်သာအကုန်လုံးမှာဖြစ်နေတယ်။ အခုဖြစ်တဲ့တိုက်ပွဲက ဗန်းမော်၊ မိုးမောက်၊ မံစီ ပတ်ပတ်လည်အားလုံးကို KIA က ဝိုင်းဝန်းပိတ်ဆို့ထားတိုက်ခိုက်နေတာ။ တပ်စခန်းတစ်ချို့လည်း သိမ်းထားနိုင်ပြီ”လို့ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်– မံစီသွားလမ်း ညောင်ပင်သာ ကာကင်းစခန်း၊ ခလရ ၄၇ တပ်ရင်းဌာနချုပ်ရဲ့ ကာကင်းစခန်း ၂ ခု နဲ့ ဗန်းမော် တက္ကသိုလ်ဝင်းမှာတပ်ချထားတဲ့ စစ်တပ်နေရာတွေကို KIA သိမ်းပိုက်ရှင်းလင်းလိုက်ပြီလို့ သိရပါတယ်။ အလားတူပဲ ဗန်းမော်မြို့အနီးနဲ့ မိုးမောက်သွားလမ်း ၃ မိုင်နေရာမှာလည်း တိုက်ပွဲဆက်ပြင်းထန်နေတာကြောင့် KIA ပူးပေါင်းတပ်ဟာ ဗန်းမော်၊ မံစီသာမက မိုးမောက်လမ်းဘက်ကိုလည်း ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး စစ်မျက်နှာ ၃ ခု မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပေမယ့် တိုက်ပွဲအခြေအနေကို အသေးစိတ်သိရှဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဗန်းမော် – မံစီတစ်ကြော တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုအခုလိုပြောပါတယ်။ “ဒီမနက် မိုးလင်းလာကည်းကနေ ဗန်းမော် နဲ့ မံစီ တစ်ကြော ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ အခုချိန်အထိ တပ်စခန်း သိမ်းပိုက်ရရှိတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်မသိရသေးဘူး။ နေရာအားလုံးမှာတိုက်ပွဲဲဖြစ်နေတာ အဲ့လောက်ပဲသိရပါသေးတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘလ နှစ်လအတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ(၁) ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုင်တည် နယ်စပ်မြို့အားလုံးကို သိမ်းပိုက်လိုက်ပြီး ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲက ၂ ပတ်ခန့် ငြိမ်သက်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ ဗန်းမော်နဲ့ မံစီ တစ်ကြောက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို တပြိုင်နက် တိုက်ပွဲထပ်မံဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိ KIA ထပ်မံဖော်ဆောင်လိုက်တဲ့ တိုက်ပွဲဟာ ဗန်းမော်နဲ့ မံစီမြို့ နှစ်ခုစလုံးကို သိမ်းပိုက်ဖို့ စတင်လိုက်တဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း စစ်ရေးသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။ ဗန်းမော်ခရိုင်တွင်းမှာပါဝင်တဲ့ မိုးမောက်မြို့ကို ဩဂုတ်လမှာ KIA သိမ်းပိုက်ထားနိုင်ပြီး နောက်ထပ်ကျန်နေသေးတဲ့ ဗန်းမော်မြို့အနီးဆုံးရှိ မံစီမြို့နယ်ဘက်ကို ဆက်ပြီးထိုးစစ်ဆင်နေသလို ရွှေကူဘက်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ဟာ မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်ဆိုပြီး ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်၊ လူဦးရေ တစ်သန်းကျော်နေထိုင်ပါတယ်။ အဲဒီထဲကမှ ဗန်းမော်ခရိုင်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး စစ်ရေးအရ ရေလမ်းကြောင်းအချက်အချာကျတဲ့ ခရိုင်ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Oct- 2024 -28 Octoberအင်တာဗျူး
နယ်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ KIA ကို တရုတ်ဖိအားပေးနေတာ ဘာကြောင့်လဲ
မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်အထူးဒေသ(၁)၊ ကချင်ဒီမိုကရေသစ်တပ်မတော် (NDA-K )ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အုပ်ချုပ်နယ်မြေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်းမှာပဲ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ တပ်ရင်း ဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ KIA ရဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဟာ…
Read More » -
20 Octoberသတင်းဆောင်းပါး
စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ
နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More » -
8 Octoberသတင်း
ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် ဒုတိယအကြိမ်ထပ်သိမ်းပိုက်
တစ်လကျော်ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နဲ့ ၄၁ မိုင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း နှစ်တိုင်းမြို့သိမ်း တိုက်ပွဲဖော်ဆောင်နေတာ ၆ ကြိမ်တိုင်တိုင်ရှိခဲ့ပြီး ဒီတစ်ကြိမ်ဟာ မြို့အလုံးစုံသိမ်းပိုက်တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပင်လည်ဘူးမြို့ကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ပထမကြိမ်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာဘဲ စစ်တပ်ဘက်က လေကြောင်း၊မြေပြင်စစ်ကြောင်းနဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် KIA ပူးပေါင်းတပ် နောက်ဆုတ်ပေးလိုက်ရပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ လက်လွှတ်လိုက်ရတဲ့ ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် တဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမေယ့် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲဟာ တစ်လကျော် တစ်ဖြတ်ရပ်နားသွားပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ KIA ပူးပေါင်းတပ်ဟာ မြို့သိမ်းတိုက်ပွဲထပ်မံဖော် ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း မြို့သိမ်းနိုင်တာမရှိခဲ့ပါဘူး။ အဲဒီနောက် ၇ လအကြာ ဩဂုတ်လ ၁၄ ရက်နေ့ မှာ KIA ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲထပ်မံဖော်ဆောင်လာရာကနေ တစ်လကျော်အကြာ အောက်တိုဘာ ၈ ရက် မနက် ၅နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းလိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ “ဟုတ်တယ် ပြီးခဲ့နှစ်က တစ်ခါရပြီ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်လက် လွှတ်လိုက်ရတယ်။ ဒီတစ်ခေါက်ကျတော့ သူတို့ဘက်ကလည်း ထိခိုက်သေဆုံးမှုအရမ်းများ သွားပြီ လက်လွှတ်စရာအကြောင်းလည်းမရှိဘူး။” လို့ ပြောပါတယ်။ ဩဂုတ်လ ၈ တစ်ဖန်စတင်ခဲ့ ဒီတစ်ကြိမ်တိုက်ပွဲမှာ တစ်လအတွင်း စစ်တပ်က လေကြောင်းနဲ့ ၃ ကြိမ်တိတိ စစ်အင်အားဖြည့်တာ၊ရိက္ခာပို့ခဲ့ပါတယ်။ ဒါပေမယ့် ပထမအကြိမ် ဩဂုတ်လ ၃၀ ရက်နေ့ လေကြောင်းနဲ့လာရောက်ပို့ဆောင်သွားတဲ့ စစ်ကြောင်းအပါအဝင် စစ်ကြောင်းအားလုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်ချေမှုန်းပြီး စစ်သုံ့ပန်း ၈၀ ကျော်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။…
Read More » -
2 Octoberသတင်း
ချီဖွေမြို့ အစိုးရရုံးအားလုံးချိတ်ပိတ်ပြီး KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်ဖို့ ပြင်ဆင်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ ဌာနဆိုင်ရာအစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီးတော့ KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ချီဖွေမြို့အပါ ရဲစခန်းနဲ့ စစ်တပ်ကုန်း အားလုံးကို ထိန်းချုပ်လိုက်ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေဟာ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးရုံး၊ လဝကရုံး၊ တရားရုံး စတဲ့နေရာတွေကို ‘KIO/KIA’ စားသားလိုက်လံရေးသားပြီး ချိတ်ပိတ်ထားတယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ချီဖွေမြို့မှာ သေနတ်သံတွေက မကြားရတော့ဘူး တိတ်သွားပြီ။ အခု KIA တွေက အုပ်ချုပ်ရေးယန္တရားစတင်ဖို့ အစိုးရရုံးနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာ ရုံးအားလုံးကို မှုတ်ဆေးအနီနဲ့ KIO/KIA နားမည်တွေလိုက်ရေးပြီး ချိတ်ပိတ်ထားတယ်။ ကချင်အလံထောင်တာတော့မတွေ့ရသေးဘူး”လို့ပြောပါတယ်။ KIO အစိုးရအောက်မှာ အုပ်ချုပ်ရေးစနစ်တွေပြုပြင်ပြောင်းလဲပြီး ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို အမြန်ဆုံးအကောင်အထည်သွားဖို့ ရှိနေတယ်လို့လည်းသိရပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှာ KIO အုပ်ချုပ်တာဝန်ခံအဖွဲ့တွေက ချီဖွေမြို့ပေါ်က ဘာသာရေးပေါင်းစုံက ဒေသခံပြည်သူတွေကို ခေါ်ယူပြီး ကျေးရွာအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်ပြီး အလွတ်တန်းဆွေးနွေးပြောဆိုခဲ့တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ KIO အနေနဲ့ ဒေသခံပြည်သူတွေနဲ့ အလွတ်တန်း တွေ့ဆုံဆွေးနွေးမှုမှာ ဒေသအတွင်း အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲသွားဖို့နဲ့ ပြည်သူတွေအနေနဲ့ သွားချင်တဲ့ အုပ်ချုပ်ရေးစနစ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ချီဖွေဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။ “မနေ့ကတော့ အကုန်လုံးကို ခေါ်ပြီးတော့ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောကြတယ်။ အဓိက KIO သွားမယ့် အုပ်ချုပ်ရေးစနစ်နဲ့ ပြည်သူတွေသွားစေချင်တဲ့ ပုံစံတွေကို ပြောကြတာပေါ့လေ။ အတည်တကျလေးတော့မဟုတ်ဘူး။ အလွတ်သဘောဆွေးနွေးကြတဲ့သဘောပါ။ မြို့ရဲ့ အုပ်ချုပ်မယ့်စနစ်၊ ပညာရေး၊ ကျန်းမာရေးအကုန်ပါတယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉ ရက်နေ့ကနေ ချီဖွေမြို့နေရာအားလုံးကို နေရာယူထိန်းချုပ်ထားပြီဖြစ်ပြီးတော့ အုပ်ချုပ်ရေးယန္တရားစတင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်း KIO အုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူတွေ တွေ့မှုအပြီး ၄ နာရီလောက်မှာ စစ်ကောင်စီတပ်ဟာ ဂျက်လေယာဉ်တစ်စီးနဲ့ ချီဖွေမြို့ပေါ်ကို ဗုံး လေးကြိမ်ထက်မနည်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ KIA က အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ လုပ်ဆောင်နေပြီဖြစ်ပေမယ့် တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရတဲ့နောက် နေ့တိုင်းလိုလို လေယာဉ်နဲ့ လာရောက်ပျံဝဲပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်သေးတာလည်းဖြစ်ပါတယ်။ အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်ရှိနေတဲ့အတွက် ချီဖွေဒေသခံ အများပိုင်းဟာ လေကြောင်းရန် စိုးရိမ်ပြီး မြို့ထဲကို ပြန်မဝင်ရဲသေးဘဲ တောတွင်းနေရာတွေမှာ စစ်ရှောင်နေကြဆဲဖြစ်တယ်လို့ ဆက်သိရပါတယ်။ ဒါ့အပြင် ဒေသခံတစ်ချို့က စစ်ကောင်စီဘက်ကနေ တန်ပြန်တိုက်ခိုက်လာပြီး မြို့ပေါ်မှာ တိုက်ပွဲပြန်လည် ပြင်းထန်လာမှာကိုလည်း စိုးရိမ်နေကြတာဖြစ်တယ်လို့သိရပါတယ်။ ချီဖွေမြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနား – ချီဖွေကားလမ်းပိုင်းနဲ့ ချီဖွေကနေ ပန်ဝါကို သွားတဲ့ ကားလမ်းပိုင်းတွေကို KIA က ယာယီပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ ၈၈ မိုင်၊ပန်ဝါကနေ မိုင် ၄၀ အကွာမှာရှိပြီး ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေတွင်းမှာရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Nov- 2023 -16 Novemberသတင်း
မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲ စတင်တော့မှာလား
ကချင်ပြည်နယ် တစ်ပြည်နယ်လုံး နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖုန်းအင်တာနက် လိုင်းဖြတ်တောက်ခံလိုက်ရတဲ့နောက် ပြည်သူတွေ အသိချင်ဆုံးအရာက မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်သိမ်းတော့မှာလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်မှုကို ပိုပြီးပြင်းထန်စေတာက ဖုန်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုနဲ့အတူ တိုက်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးနှင့်လုံခြုံရေးဌာန ( United Nations Department of Safety and Security-UNDSS ) အမည်ခံပြီး သတင်းအမှားထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တစ်စောင်ပျံ့နှံ့ခဲ့ကြောင့်လည်း ပါဝင်ပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ် UNDSS ကို အမည်ခံပြီး…
Read More »