အင်းတော်ကြီး

  • Oct- 2024 -
    12 October
    သတင်း

    အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်ထွက်မှာ SNA တပ်ဖွဲ့ စစ်ဆေးရေးတင်းကြပ်ပြီးတပ်သားစုဆောင်းနေ

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်အထွက်မှာ SNA တပ်က စစ်ဆေးရေးတင်းကြပ်ထားပြီး တပ်သားစုဆောင်းနေတယ်လို့ နန့်မွန်းဒေသခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ နန့်မွန်းမြို့အဝင်ဂိတ်မှာ လူငယ် ၄ ဦးကိုဖမ်းဆီးသွားတဲ့အပြင် အောက်တိုဘာလအတွင်းမှာလည်း ၈ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ ဒေသခံတစ်ဦး  KNG ကိုခုလိုပြောပါတယ်။ “ဟိုနေ့က လူငယ် ၄ ယောက်ဖမ်းခံရတယ်။ ပြန်လွတ်သလား မလွတ်လားတော့ မသိဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့စ  SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ ဂိတ်အထိုင်ချပြီး စစ်ဆေးရေးတင်းကြပ်ကာ တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။  လက်ရှိ နန့်မွန်းမြို့ထဲ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာ၊ နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာ စုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ ဖမ်းဆီးစုဆောင်းထားတဲ့သူတွေထဲက တစ်ချို့ကို ပိုက်ဆံနဲ့ပြန်ရွေးယူခွင့်ပြုပေမယ့် အများပိုင်းက ပြန်လွှတ်ပေးတာမျိုးမရှိဘဲ ဖမ်းဆီးစုဆောင်းရသူတွေကို ဟုမ္မလင်းဘက်ပို့ပြီး စစ်သင်တန်းပေးနေတာတွေလုပ်နေတယ်လို့ နန့်မွန်းဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အခုမှပထမအသုတ်ဟုတ်တယ် အခုသင်တန်းတက်နေကြပြီ ပြီးတောင်ပြီးတော့မှာ အများကြီးပဲ အယောက် ၂၀၀ လောက်ရှိမယ် ကားဆယ်စီးနဲ့ရောက်လာခဲ့တာရွာပေါင်းစုံကနေ တချို့အသက် ၅၀ ကျော်တွေတောင်ပါတယ်”လို့ ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာလည်း လမ်းသွားလမ်းလာ လူငယ် ၅၀ ဦးခန့်ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ ခုလို လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာသူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့်  နန့်မွန်းမြိို့တွင်း လမ်းသွားလမ်းလာ နည်းပါးနေတယ်လို့သိရပါတယ်။  နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံက ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ် KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာ စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ တတိယပတ်ကတည်းကနေ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာဖြစ်ပါတယ်။ By – Zami

    Read More »
  • 4 October
    သတင်း

    တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်းစစ်ရှောင် ၃ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ

    အင်းတော်ကြီးဒေသ တိုက်ပွဲကြောင့် ၃ လအကြာ တိမ်းရှောင်နေကြတဲ့ နန့်မွန်မြို့ဒေသခံပြည်သူသုံးထောင်ဝန်းကျင်အတွက် အစားအ သောက်နဲ့ ဆေးဝါးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ အင်းတော်ကြီးဒေသထဲက ညောင်ပင်၊ ဝှေလုံနဲ့ ချောင်းဝကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်…

    Read More »
  • Jul- 2024 -
    18 July
    သတင်း

    နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြိို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစ  SNA နဲ့ စစ်ကောင်စီစစ်သားတွေဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ စစ်ဆေးရေးဂိတ်အထိုင်ချပြီး တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။  “နန့်မွန်းမြို့ထဲမှာကို ဂိတ်က နေရာ ၄ နေရာရှိတယ် အစစ်အဆေးများတယ်ဂိတ်အသစ်ထိုင်တဲ့ဟာတွေပဲ လူငယ်တွေကိုဆိုရင်သိပ်မသွားခိုင်းတော့ဘူး ဖမ်းတယ်။ လူငယ်ပိုင်းတွေကိုဖမ်းတာ ပြည်သူ့စစ်အတွက်ဖမ်းနေတာ ကချင်ကလေးတွေကိုမဖမ်းဘူးရှမ်းတွေကိုပဲဖမ်းတာ စုဆောင်းရေးပါ့ ဘာအကြောင်းပြချက်မှမရှိပဲဒီတိုင်းဖမ်းသွားတာ”လို့ ပြောပါတယ်။  လက်ရှိ နန့်မွန်းမြို့ထဲ SNA နဲ့စစ်ကောင်စီတပ်တွေရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဟာ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာနဲ့နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာစုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာကြောင့် လူငယ် ၅၀ ဦးထက််မနည်းဖမ်းဆီးခံထားရပြီလို့ဒေသခံတွေကဆိုပါတယ်။  “အသက် ၂၀ ကျော်လူငယ်တွေဆိုဖမ်းတယ် အများကြီးဖမ်းသွားပြီကောမနည်းတော့ဘူး စျေးသွားစျေးလာကစစစ်ဆေးတာတွေလုပ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။  ဒေသခံတွေပြောပြချက်အရ မနေ့ကအထိဖမ်းဆီးခံရတဲ့လူငယ် ၅၀ ဦးခန့်ရှိပြီလို့သိရပြီး အဲ့ဒီလူငယ်တွေကို ငွေနဲ့ပြန်ရွေးထုတ်ခွင့်မပေးသလို လတ်တလောမိဘတွေနဲ့လည်းတွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။  အထက်ဖော်ပြပါစစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကိုဖမ်းဆီးတာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာတဲ့သူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့် ဒီရက်ပိုင်းနန့်မွန်းမြိို့ထဲမှာ အသွားအလာလည်းပါးနေတယ်လို့သိရပါတယ်။  နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံလောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်က KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက ကြိုတင်တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။  SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီးဒေသထဲက ဝှေလုံ ၊ချောင်းဝ၊ညောင်ပင် တပ်စခန်းတွေသိမ်းပိုက်ခံရပြီးနောက် ဇွန်လ တတိယပတ်ကတည်းကနေ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jun- 2024 -
    26 June
    သတင်း

    နန့်မွန်းမြို့မှာ စစ်တပ်က ကချင်ဘုရားကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားပြီး ဖမ်းဆီးတာတွေလုပ်နေ

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူအများပိုင်း ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အင်တော်ကြီးဒေသ ချေင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် စစ်တပ်စခန်းတွေကို KIA ပူပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ပြီး စစ်တပ်ဘက်ကနေလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလုပ်ဆောင်နေတဲ့အတွက် နန့်မွန်းဒေသခံပြည်သူတွေက ဇွန်လ ၂၅ ရက်နေ့ မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်ထားကြတယ်လို့ ဒေသခံတွေပြောပါတယ်။ နန့်မွန်းဒေသခံတွေ တိမ်းရှောင်သွားပြီးနောက် စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်တောင်ကနေ ဆင်းလာပြီးတော့ ဘုရားကျောင်းဝင်ထဲမှာ ဝင်ရောက်နေထိုင်ပြီး ဘုရားကျောင်းမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို ဝင်ရောက်မွှေနှောက်တာ၊မြို့တွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ နန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဘုရားကျောင်းတွေမှာက ခတ်ထားတဲ့ သော့တွေရိုက်ထုတ်လိုက်ပြီး မနေ့ညကနေ ရှိနေကြတယ်။ ဘုရားကျောင်းထဲမှာ အသုံးပြုတဲ့ စက်တွေကို ဖွင့်ပြီး သီချင်းတွေအော်ဆိုနေကြတယ်။ ပြီးရင်လူမရှိတဲ့ အိမ်တွေမှာဝင်ပြီး နေကြတယ်။ ဒီလိုလုပ်တာက ကာဗာယူတယ်လို့ပဲမြင်ပါတယ်။ တိမ်းရှောင်တဲ့ သူတွေလည်း အကုန်တော့မဟုတ်ဘူး။ တစ်ချို့အိမ်ထောင်စုတွေလည်းရှိနေသေးတယ်။ အဲဒီသူတွေလည်း မနေ့က ဖမ်းဆီးတာတွေလုပ်တယ်။ ဖမ်းဆီးခံရတဲ့ သူတွေကိုတော့ မနေ့ည ပြန်လွတ်ပေးလိုက်တယ်လို့တော့ကြားတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်းမြို့တွင်းရပ်ကွက်တွေထဲက ကချင်ပြည်သူတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်မှာ အခုလို ဝင်ရောက်တပ်စွဲထားပြီး နေအိမ်တွေကို မွှေနှောက်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေထဲမှာ နန့်မွန်းဒေသခံပြည်သူတွေအပါ လုံးတုံဒေသခံပြည်သူတွေလည်း ယာယီတိမ်းရှောင်နေကြပြီလို့သိရပါတယ်။ အခုလို အင်းတော်ကြီးတဝိုက်မှာ ရှိကြတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချောင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်စခန်းတွေကို လက်လွတ်လိုက်ရတာကြောင့် တိုက်ပွဲက နန့်မွန်းနဲ့ လုံးတုံ၊ မမုံကိုင်၊ နေရာဘက်ကို ပြန်လည်ဦးလာနေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဒါကြောင့် နန့်မွန်၊ လုံးတုံ စတဲ့ ဒေသခံပြည်သူတွေက မြို့နဲ့ နီးတဲ့ တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ နန့်မွန်းဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုဆက်ပြောပါတယ်။ “၂၄ ရက်နေ့ညကနေ လက်နက်ကြီးတွေ ပစ်တော့ ကျမတို့နဲ့ အရမ်းနီးကပ်လာတယ်။ အဲဒါကြောင့် ပြင်ဆင်စရာပြင်ပြီးတော့ လုံခြုံတယ်လို့ ထင်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်လာကြတာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ တိုက်ပွဲရှောင် နန့်မွန်၊ လုံးတုံ၊ မမုံကိုင် စတဲ့ ဒေသခံပြည်သူတွေ မိုးညှင်း၊ ဟိုပင်မြို့ပေါ်ဘက်ကိုလည်း ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်တွေ ပြီးခဲ့အပတ် ဇွန်လ ၂၁ ရက်နေ့မှစပြီး ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ By –…

    Read More »
  • Jan- 2024 -
    15 January
    သတင်း

    နန့်မွန်းမှာ NLD ပါတီးဟောင်းတစ်ဦး ပစ်သတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အမှတ် (၂)ရပ်ကွက်နေအိမ်မှာ ပစ်သတ်ခံလိုက်ရတဲ့  NLD ပါတီဝင်ဟောင်းရဲ့ရုပ်အလောင်းကို ဒီနေ့မြှုပ်နှံသဂြိုလ်လိုက်ကြောင်းသိရပါတယ်။ ပစ်သတ်ခံရတဲ့  NLD ပါတီဝင်ဟောင်းဟာ အသက် ၄၀ နှစ်ရှိသူ ဦးဆန်းလင်းဦးဆိုသူဖြစ်ပြီး  ဇန်နဝါရီ ၁၃ ရက်နေ့…

    Read More »
  • Jan- 2023 -
    16 January
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    အင်းတော်ကြီးတွင် ရွှေတူးနေသည့် စက်ယန္တရားအချို့နှင့် ရွှေလုပ်သား ၂၀ နီးပါးကိုစစ်ကောင်စီဖမ်းဆီး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားကြီးများနှင့် ရွှေလုပ်သား (ကျင်းသား) ၂၀ ဦး နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မမုံကိုင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေလုပ်ကွက်များကို စစ်ကောင်စီတပ်မှ စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ ”မိုင်းနောင် တောမှာရွှေလုပ်နေတဲ့ဟာတွေ ဖမ်းခံရတာ စစ်ကြောင်းက အင်အား…

    Read More »
  • 16 January
    သတင်း

    နေအိမ်တွင် PDF တစ်ဦး တည်းခိုခဲ့မှုကြောင့် ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း နှင့် မိသားစုဝင်နှစ်ဦး ဖမ်းဆီးခံထားရ

    ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း၏ နေအိမ်တွင် PDF တစ်ဦး လာရောက်တည်းခိုခဲ့မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းအပါ မိသားစုဝင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။ မိုင်းနောင်ကျေးရွာ ဘိုသဲကုန်းရပ်ကွက်ရှိ ယခင် ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်၊…

    Read More »
  • 11 January
    သတင်း

    စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးလာမည်ကို ဒေသခံများစိုးရိမ်

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံကျေးရွာကို ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းခချောင်းဖျားတွင် စက်ယန္တရားကြီးများဖြင့် ရွှေဖြူ နှင့် ရွှေဝါ တူးဖော်နေမှုကြောင့် အင်းတော်ကြီးကန် ပျက်စီးထိခိုက်လာမှုကို ဒေသခံများစိုးရိမ်နေကြသည်။ နန့်ရင်းခချောင်းသည် အင်းတော်ကြီးကန်ထဲသို့ စီးဝင်နေသည့် ချောင်းဖြစ်ပြီး လက်ရှိ အင်းတော်ကြီးကန် နှင့် မိုင်…

    Read More »
  • Dec- 2022 -
    19 December
    တိုက်ပွဲ

    အင်းတော် သုံးရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၀ ကျော် ထိခိုက်သေဆုံး၊ ပြည်သူ ၅၀၀၀ ကျော်လည်း ထွက်ပြေးနေရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ဘက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့် သုံးရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်က ၄၀ ဦး ကျော်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။ အင်အား ၇၀ ပါ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းသည် ညောင်ကုန်း၊ မအူကုန်း၊ ဂျုံးဂျုံးဂျရွာ၊ ပိန်းအင်းစသည့် ကျေးရွာများဘက်သို့ ဝင်ရောက်လာခဲ့ချိန် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၂ ကြိမ်၊…

    Read More »
  • Apr- 2022 -
    28 April
    သတင်း

    အင်းတော်ကြီး ချောင်းဝပြည်သူ့ စစ်စခန်းကို KIA နှင့် PDF မီးရှို့ဖျက်ဆီး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝပြည်သူ့စစ်စခန်းတစ်ခု ယနေ့ ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသရင်းမြစ်များထံမှ သိရသည်။ ယနေ့ နံနက် ၄…

    Read More »
Back to top button