ဧရာဝတီမြစ်
-
Sep- 2023 -18 Septemberသတင်း
စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၆ စီး ဝင်ရောက်လာလို့ ပြည်သူတွေရဲ့ရွှေမော်တော်ယာဉ်တွေ အများအပြားမီးရှို့ခံရ
ရွှေကူမြို့နယ် ရေပျံသင်္ဘောဆိပ်မှာ ဆိုက်ထားတဲ့ စစ်တပ်ရဲ့သင်္ဘော ၆ စီး ဒီကနေ့ မနက် ဧရာဝတီမြစ်အထက်ဘက်ကို ဆက်ပြီးဆန်တက်နေချိန်တစ်ဆက်တည်းမှာဘဲ ရွှေကူ အမှတ် ၂ ရွာသစ်မြစ်ကမ်းနံဘေးမှာ ကပ်ထားတဲ့ပြည်သူတွေရဲ့ ရွှေမော်တော်ယာဉ်ခေါ် (စက်လှေ) တွေကို မီးရှို့ပြီး ဆန်တက်နေတယ်လို့ ရွှေကူဒေသခံတွေကပြောပါတယ်။ အဲဒီသင်္ဘော ၆ စီးဟာ စက်တင်ဘာလ ၁၇ ရက်နေ့ မနေ့က ကသာကနေ ဆန်တက်လာတာဖြစ်ပြီး မနေ့ညမှာ ရွှေကူနယ်အဝင် ရေပျံရပ်ကွက်မြစ်ဘေးနားမှာ ဆိုက်ကပ်ထားရာကနေ ဒီနေ့မနက် ၁၀ လောက်မှာ ဆက်ပြီးဆန်တက်နေတာ လည်းဖြစ်ပါတယ်။ “မနက်တုန်းက သင်္ဘောတစ်စီးအရင်ဆန်လာခဲ့တယ် ဆန်လာပြီးလို့ မကြာဘူး စေတီကျောင်းနားမှာကပ်ထားတဲ့ စက်လှေတွေကို ပစ်တဲအသံအရင်ကြားလိုက်တယ်။ ထွက်ကြည့်တော့ ရွှေမော်တော်တွေကို အများကြီးရှို့သွားတာ အဲမော်တော်စက်လှေအသေးရောအကြီးရော ရှို့သွားတာ ။ ကြိုးချည်ထားတာလေ အဲဒါ ကြိုးတွေပျက်သွားတော့ တစ်စီးနဲ့တစ်စီးမီးတွေကူးကုန်တာ အဲဒါကို သူတို့ အဲမော်တော်တွေကို လာဖြန်ရင် ပစ်မယ်ဆိုပြီးပြောတော့ သွားမဖြန်ရဲကြဘူး”လို့ရွှေကူဒေသခံတစ်ယောက်က ပြောပါတယ်။ လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့လက်နက်ရိက္ခာတင် သင်္ဘော ၆ စီးဟာ ရွှေကူရေလယ်ခေါင်မှာဘဲ ရှိနေဆဲဖြစ်ပြီးတော့ ရွာတွေကို လက်နက်တွေနဲ့ပစ်ခတ်နေသေးတာကြောင့် မီးလောင်နေတဲ့ ရွှေမော်တော်ယာဉ်စက်လှေတွေကို မီးမငြိမ်းနိုင်ကြဘူးလို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၆ စီး မနေ့ည ဆိုက်ကပ်ပြီး ညအိပ်နားခဲ့တဲ့ ရေပျံရပ်ကွက်မှာလည်း အမျိုးသားတစ်ချို့ကို စစ်တပ်က ဖမ်းဆီးသွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပေမယ့် အသေးစိတ်သိရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ “ဖမ်းခံရတာအမျိုးသားတွေချည်းဘဲလို့ ပြောတယ် ဒါပေမယ့်အသေးစိတ်ဘယ်သူတွေပါသွားသလဲဆိုတာတော့ မသိရဘူး။ ခုလည်းပစ်နေတုန်းဆိုတော့ မြစ်ကမ်းဘက် သိပ်မကပ်ရဲကြဘူး”လို့ နောက်ထပ် ရွှေကူဒေသခံတစ်ယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ခုလိုအရပ်သားပြည်သူတွေရဲ့ ရွှေမော်တော်လို့ ခေါ်တဲ့ စက်လှေတွေကို မီးရှို့သွားတာဟာ သင်္ဘောတက်မယ့်မြစ်ကြောင်းတစ်လျှောက် ပစ်ခံရမှာစိုးရိမ်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ ကမောက်ကမဖြစ်အောင် လုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆန်တက်နေတဲ့ စစ်တပ်ရဲ့လက်နက်ရိက္ခာတင် သင်္ဘော ၆ စီးဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၇ နာရီလောက်က မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ဆန်တက်လာတာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကသာဆိပ်ကမ်းမှာရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၁၆ ရက်နေ့ ကသာကနေပြန်ပြီး ဆန်တက်ခဲ့ပြီး ၁၇ ရက်နေ့ ညမှာတော့ ရွှေကူမြို့နယ်အဝင် ရေပျံရပ်ကွက်မြစ်ကမ်းမှာ တစ်ညအိပ်ဆိုက်ကပ်ထားရာကနေ ဒီမနက်မှာပြန်ပြီး ဆန်တက်နေပြီဖြစ်ပါတယ်။ လက်ရှိချိန်ထိ အဲဒီသင်္ဘော ၆ စီးဟာ ရွှေကူနယ်အဝင် မြစ်လယ်ခေါင်မှာဘဲရှိနေသေးတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဩဂုတ်လမှာလည်း မန္တလေးကနေ လက်နက်ရိက္ခာတင်တဲ့ သင်္ဘော ၉ စီး ဗန်းမော်ဘက်ကို ဆန်တက်ခဲ့တဲ့အတွက် သင်္ဘောတက်ရာမြစ်ကမ်းတစ်လျှောက်မှာနေထိုင်တဲ့အရပ်သားပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာတွေရှိသလို ဒီတစ်ခေါက်ဆန်တက်ချိန်မှာလည်း ကသာနယ်ထဲက အရပ်သား ၆ ယောက်ကို သတ်ဖြတ်သွားတာရှိတယ်လို့ ဒေသခံတွေကပြောဆိုနေတဲ့အပေါ် အသေးစိတ်သိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
Read More » -
Aug- 2023 -3 Augustသတင်း
မန္တလေးကနေ ကချင်ပြည်ဘက်ဆန်တက်နေတဲ့ စစ်သင်္ဘောကနေ စစ်ကောင်စီတပ်တွေက မြစ်ကမ်းတစ်လျှောက် ရွာတွေကို ဆက်တိုက်ပစ်ခတ်လာ
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေတဲ့ စစ်သင်္ဘော ၉စီးက စစ်ကောင်စီတပ်သားများဟာ မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေကိုဆက်တိုက်ပစ်ခတ်လာနေတယ်လို့ ထီးချိုင့်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ အဲ့ဒီ စစ်သင်္ဘောတွေဟာ ဩဂုတ်လ ၁ ရက်နေ့ သပိတ်ကျင်းမြို့ကနေ ဆန်တက်တာဖြစ်ပြီး မနေ့ကညနေ ၅နာရီလောက်မှာ ထီးချိုင့်မြို့နယ်ကို ရောက်ရှိခဲ့တယ်လို့ ထီးချိုင့်ကာကွယ်ရေးတပ်တွေကပြောပါတယ်။ အဲဒီနောက် ဒီကနေ့မနက် ၆နာရီ လောက်မှာတော့ ထီးချိုင့်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဆက်ပြီး ဆန်တက်လာနေတာဖြစ်တယ်လို့ စစ်ကောင်စီတပ်တွေဟာ သင်္ဘောဆန်တက်လာရာ မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လာတာတွေကြောင့် ထီးချိုင့်မြို့နယ် ကနေအိမ်၂လုံး ပျက်ဆီးခဲ့ရတဲ့အပြင်အရပ်သားတွေသေဆုံးတာ တွေရှိနိုင်တယ်လို့လည်း ထီးချိုင့်မြို့နယ်က…
Read More » -
Nov- 2022 -24 Novemberသတင်း
ရေငုပ်ကျင်း နှင့် ကုန်းကျင်း ရွှေတူးဖော်မှု
မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားကနေ မြစ်ဆုံအထိ မြစ်ရိုးတစ်လျှောက်မှာ သဲကျောက်တူးမယ်ဆိုတဲ့ ခွင့်ပြုမိန့်နှင့် ရွှေတူးဖော် ကြတဲ့ မြင်ကွင်းတွေဟာ ဒေသခံတွေအတွက် မဆန်းတော့ပါဘူး။ ရေငုပ်ကျင်း လို့ခေါ်တဲ့ အသေးစား ရွှေဖောင်လုပ်ငန်း နဲ့ ကုန်းကျင်းလို့ခေါ်တဲ့ စက်ယန္တရားကြီးနှင့် ရွှေတူးဖော်မှုတွေကို…
Read More » -
Mar- 2022 -27 Marchသတင်း
စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်သူများကိုမဖမ်းဘဲ လက်လုပ်လက်စားများကိုသာ ဖမ်းဆီးဟု ထောက်ပြ
ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုအများအပြားရှိနေသော်လည်း လက်လုပ်လက်စားအများစု လုပ်ကိုင်စားသောက်နေသော အာလမ်(ALAM) ကျေးရွာတစ်ခုကိုသာ စစ်ကောင်စီတပ်က ဖမ်းဆီးမှု ပြုလုပ်နေသည်ဟု ဧရာ၀တီမြစ်ကာကွယ်စောင့်ရှောက်သူတစ်ဦးက ထောက်ပြ ပြောဆိုသည်။ မြစ်ကြီးနားမြို့ရှိ အာလမ်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ လက်လုပ်လက်စားရွှေတူးဖော်မှုများနှင့် စက်ယန္တရားအချို့ကို စစ်ကောင်စီတပ်မှ…
Read More » -
Jun- 2020 -2 Juneသတင်း
မေခမြစ်ပေါ်က ရေကာတာ ၆ခု၏ အချက်အလက်မသိရသဖြင့် ဧရာဝတီမြစ်ရေအတက်အကျခန့်မှန်းရန် ခက်ခဲနေဟုဆို
မေခ မြစ်ပေါ်ရှိ ရေကာတာ ၆ခု၏ ရေစီးဆင်းမှုနှင့်ပတ်သက်သည့် အချက်လက်မရရှိသေးသရွှေ့ ဧရာဝတီမြစ်ရေအတက်အကျအခြေအနေကို ကြိုတင်ခန့်မှန်းရန်ခက်ခဲနေသည်ဟု သိရသည်။ မေခနှင့် မလိခ ပေါင်းဆုံပြီး ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ မြန်မာပြည်အောက်ပိုင်းအထိ စီးဆင်းသွားသည်။ မလိခအထက်ပိုင်း ရေကာတာ ၂…
Read More »