သတင်း

မြန်မာစစ်တပ် တပ်မ ၂၂ နှင့် ကိုးကန့်တပ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား

မြန်မာစစ်တပ် တပ်မ ၂၂ နှင့် ကိုးကန့် MNDAA တပ်ဖွဲ့တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း သြဂုတ် ၂၉၊ စနေနေ့ နံနက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော် ရဟတ်ယာဉ် တစ်စင်း ပါဝင်တိုက်ခိုက်ကြောင်း ဒေသခံများမှ သိရသည်။

နှစ်ဖက်တိုက်ပွဲသည် တန့်ယန်းမြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ Loi Dau တိုက်နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၀)၊ တပ်ရင်း (၁၇) နယ်မြေအတွင်း Man Mak နှင့် Hpa Hpik ကြား အချိန် ၂နာရီခန့် ဖြစ်ပွားခြင်းဖြစ်သည်။

“Man Mak နဲ့ Hpa Hpik ကြားမှာ ဒီကြားမှာပဲ ကရင်ပြည်နယ်ဘက်က ချီတက်လာတဲ့ တပ်မ ၂၂ နဲ့ ကိုးကန့် တပ်မဟာ (၂၁၁)မှ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၀၃)၊ တပ်ရင်း (၂၀၄) တို့နဲ့ အချိန် ၂နာရီခန့် တပ်ပွဲဖြစ်ပွားတယ်။ တပ်မတော် ရယာဉ် ၁စင်း နဲ့ အပြင်းအထန် လာပစ်ခတ်တဲ့ နောက်ပိုင်း ပြန်ရပ်သွားတယ်” ဟု လုံခြုံရေးအရေ အမည်မဖော်လိုသူ ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

KIO ပါဝင်သော မြောက်ပိုင်းမဟာမိတ် (Northern Alliance) လေးဖွဲ့မှ ကိုးကန့် MNDAA တပ်စခန်းများကို မြန်မာစစ်တပ်မှ ထိုးစစ်ဆင်လာသောကြောင့် ယခုလို တိုက်ပွဲဖြစ်ရကြောင်း ကချင်သတင်းဌာန KNG မှ မေးမြန်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ် နှင့် မုံးကိုကြားမှာ တပ်မတော် တပ်မ (၈၈) နှင့် (၉၉) တို့ တပ်ချထားကြောင်း ဒေသခံများဆိုပါသည်။

မြန်မာစစ်တပ်မှ ဆက်လက် ထိုးစစ်ဆင်လာနိုင်သောအခြေအနေကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သိရသည်။

…………………

ျမန္မာစစ္တပ္ တပ္မ ၂၂ ႏွင့္ ကိုးကန္႔ MNDAA တပ္ဖြဲ႔တို႔ၾကား ရွမ္းျပည္နယ္ေျမာက္ပိုင္း ၾသဂုတ္ ၂၉၊ စေနေန႔ နံနက္ပိုင္း ျပင္းျပင္းထန္ထန္ တိုက္ပြဲျဖစ္ပြားၿပီး တပ္မေတာ္ ရဟတ္ယာဥ္ တစ္စင္း ပါ၀င္တိုက္ခိုက္ေၾကာင္း ေဒသခံမ်ားမွ သိရသည္။

ႏွစ္ဖက္တိုက္ပြဲသည္ တန္႔ယန္းျမိဳ႕နယ္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ၏ Loi Dau တိုက္နယ္၊ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ (၁၀)၊ တပ္ရင္း (၁၇) နယ္ေျမအတြင္း Man Mak ႏွင့္ Hpa Hpik ၾကား အခ်ိန္ ၂နာရီခန႔္ ျဖစ္ပြားျခင္းျဖစ္သည္။

“Man Mak နဲ႔ Hpa Hpik ၾကားမွာ ဒီၾကားမွာပဲ ကရင္ျပည္နယ္ဘက္က ခ်ီတက္လာတဲ့ တပ္မ ၂၂ နဲ႔ ကိုးကန္႔ တပ္မဟာ (၂၁၁)မွ တပ္ရင္း (၂၀၂)၊ တပ္ရင္း (၂၀၃)၊ တပ္ရင္း (၂၀၄) တို႔နဲ႔ အခ်ိန္ ၂နာရီခန္႔ တပ္ပြဲျဖစ္ပြားတယ္။ တပ္မေတာ္ ရယာဥ္ ၁စင္း နဲ႔ အျပင္းအထန္ လာပစ္ခတ္တဲ့ ေနာက္ပိုင္း ျပန္ရပ္သြားတယ္ဟု လုံျခံဳေရးအေရ အမည္မေဖာ္လိုသူ ေဒသခံ တစ္ဦး ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

KIO ပါ၀င္ေသာ ေျမာက္ပိုင္းမဟာမိတ္ (Northern Alliance) ေလးဖြဲ႔မွ ကိုးကန္႔ MNDAA တပ္စခန္းမ်ားကို ျမန္မာစစ္တပ္မွ ထိုးစစ္ဆင္လာေသာေၾကာင့္ ယခုလို တိုက္ပြဲျဖစ္ရေၾကာင္း ကခ်င္သတင္းဌာန KNG မွ ေမးျမန္းသိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း တ႐ုတ္ျမန္မာနယ္စပ္ မူဆယ္ ႏွင့္ မုံးကိုၾကားမွာ တပ္မေတာ္ တပ္မ (၈၈) ႏွင့္ (၉၉) တို႔ တပ္ခ်ထားေၾကာင္း ေဒသခံမ်ားဆိုပါသည္။

ျမန္မာစစ္တပ္မွ ဆက္လက္ ထိုးစစ္ဆင္လာႏိုင္ေသာအေျခအေနေၾကာင့္ ႏွစ္ဖက္တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။

Show More

Related Articles

Back to top button