တိုက်ပွဲသတင်း

စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံဇီးရွာတွင် တပ်စွဲထားသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များကို  Farmer Revolution Force CHU နှင့် အခြားသောဒေသခံကာကွယ်ရေးတပ်များစုပေါင်းကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကံဇီးကျေးရွာသည် ပျူစောထီးကျေးရွာဖြစ်သောကြောင့် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးတပ်များ စုပေါင်းကာ အီနာဂါဗုန်းသီးနှစ်လုံးဖြင့် ဝေဟင်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကျနော်တို့ဗုံးကြဲတိုက်ခိုက်တာကြောင့် သူတို့ဘက်က ၂ယောက်သေဆုံးတယ် ဒဏ်ရာရတာက ၄ယောက်လို့သိရတယ် ဗုံးကြဲပြီးတော့ သူတို့ဘက်ကဘာမှ တုန့်ပြန်တာမျိုးတော့ မရှိဘူးဗျ” ဟု FRF CHU မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အကျအဆုံးနှင့်ဒဏ်ရာရရှိမူအခြေနေကို ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရှိခဲ့ရသည်ဟု သူက ဆက်ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့များတပ်စွဲနေထိုင်သည့် ကံဇီးကျေးရွာသည် ပျူစောထီးကျေးရွာဖြစ်တာကြောင့် အနီးပတ်ဝန်းကျင်ရှိ ရွာပေါင်း  ရွာထက်မနည်းလည်း တိမ်းရှောင်နေရသည်ဟု သိရသည်။

ကံဇီးကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ချောင်ဦးမြို့၏ အနောက်ဘက်တွင် တည်ရှိသည်ဟု သိရှိရသည်။

Show More

Related Articles

Back to top button