သတင်း

မြစ်ကြီးနားမြို့တွင် ၅/ နှင့် ၈/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား စစ်ဆေးအရေးယူသွားရန် စစ်ကောင်စီပြင်ဆင်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကိုင်းတိုင်း မှတ်ပုံတင်ဖြစ်သော နှင့် မကွေးတိုင်း မှတ်ပုံတင် ၈/ ကိုင်ဆောင်ထားသူများကို စစ်ဆေးကာ မသင်္ကာသူများကို ဖမ်းဆီးအရေးယူသွားမည်ဟု တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ဆေးမှုကိုလာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် စတင်လုပ်ဆောင်နိုင်ရန် စီစဉ်နေသည်ဟု တပ်နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

အဓိက စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်တဲ့သူနှင့် မကွေးတိုင်းမှတ်ပုံတင်ကိုင်တဲ့သူတွေ စစ်ဆေးဖို့ဆိုပြီး လုပ်နေကြတာ တော့ကြာပြီ။ နောက်လကစပြီး စစ်ဆေးတော့မှာတဲ့”ဟုတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လုပ်ငန်းစဉ်အနေဖြင့် ရပ်ကွက်အလိုက် တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်ဖြင့် လိုက်လံ စစ်ဆေးမည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မြစ်ကြီးမြို့ပေါ် ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးအား KNG သတင်းဌာနမှ မေးမြန်းရာ ယနေ့ချိန်ထိ ညွှန်ကြားလာခြင်းမရှိသေးကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ခုလိုပြောသည်။

ခုထိတော့ပြောလာတာ ညွှန်ကြားလာတာတော့မရှိသေးဘူး။ ဒါပေမယ့်ဖြစ်နိုင်တာကတော့ ညွှန်ကြားတာမရှိလည်း စစ်မယ့်ရက် တစ်ခါတည်း ဝင်စစ်တာမျိုးလည်းဖြစ်နိုင်တယ်”ဟုမြစ်ကြီးနားမြို့ပေါ်ရပ်ကွက်မှ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူများထဲတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ အများဆုံးပါဝင်နေသောကြောင့် ၎င်းတို့ကို စစ်ကောင်စီက အဓိကထား ရှာဖွေခြင်း ဖြစ်နိုင်သည်ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးက KNG ကို သုံးသပ်ပြောဆိုသည်။

တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ စစ်ကိုင်းနဲ့ မကွေးအဖွဲ့တွေက စစ်တပ်ကို တော်လှန်တာများတယ်လေ။ ဒါကြောင့် သူတို့ကို ဦးစားပေးပြီး မသင်္ကာတာလေ။ ဒီဘက် KIA တော်လှန်ရေးစစ်သားတွေကိုတောင် အဓိကမဟုတ်ဘူး။ စစ်တပ်က PDF တွေကို အဓိကထား စစ်ဆေးနေတာဟုတ်တယ်။” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် မြစ်ကြီးနားမြို့အတွင်းအပြင် ဆိုင်ကယ်၊ ကားများအား စစ်‌ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့်အပြင် ၂၀၂၃ ခုနှစ် စစ်ကောင်စီတပ်မှ ကျင်းပမည့် ရွေးကောက်ပွဲအတွက်လည်း လူဦးရေသန်းခေါင်စာရင်းများကို စတင်ကောက်ခံနေပြီ ဖြစ်သည်။

Show More

Related Articles

Back to top button