သတင်း

ပဒူကျေးရွာကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းမြို့နယ် ပဒူကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပဒူကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မေလ ၁၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာခြင်း ဖြစ်သည်ဟု မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

သူတို့လေကြောင်းကနေ လာပစ်တာကတော့ ဒီနေ့တိုက်ပွဲမှာ သူတို့ဘက်က အထိနာလို့ပေါ့။ ရွာပေါ်  ပတ်ဝဲပြီး ၄ကြိမ် ပစ်သွားတယ်။ သူတို့က လွန်ခဲ့တဲ့ ၁၉ ရက်နေ့တည်းက စစ်ကြောင်းထိုးလာတာ။ တိုက်ပွဲကဖြစ်လိုက် နားလိုက်နှင့်  ရက်ကြာပါပြီ။ ဒီနေ့တော့သူတို့က ပဒူရွာမှာတပ်စွဲထားတော့ တော်လှန်ရေးအင်အားစုတွေပေါင်းပြီး တိုက်ခိုက်ခဲ့တာပါဟု မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကိုင်းမြို့နယ်ရှိ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းဖြစ်ပြီး စစ်အင်အား ၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

၄ ရက်တာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျဆုံးများပြားသလို ကာကွယ်ရေးတပ်ဘက်မှလည်း တစ်ဦးကျဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိထား‌ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။ 

ထို့အပြင် ပဒူကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ  သောင်းကျော်သည်လည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ 

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပဒူကျေးရွာအတွင်း ထိခိုက်မူအခြေနေကိုတော့ လက်ရှိချိန်ထိအတည်မပြုနိုင်ခြင်း မရှိသေးပေ။

ပဒူကျေးရွာသည် အိမ်ခြေ ၁၇၀၀ ကျော်ရှိသည့်ကျေးရွာကြီးဖြစ်ပြီး စစ်ရေးအရ နှစ်ဖက်စလုံးအတွက် အရေးပါသည့် နေရာဖြစ်သည်။

Show More

Related Articles

Back to top button