သတင်း

ဗန်းမောက် ၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးများပြား

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ကြား ၄ ရက်တာ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

မေလ ၁၈ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများလာသည့်အတွက် မေလ ၂၀ ရက်နေ့မှ စတင်ကာ ယနေ့အထိ သုံးရက်ဆက်တိုက် နေ့စဥ် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု Banmauk Revolution BR တာဝန်ရှိသူတစ်ဦးက KNG ကို ယခုလိုပြောသည်။

ကြောင်လည်ဒေသတစ်ဝိုက်မှာ တိုက်ပွဲကဖြစ်နေတာ ၁၈ ရက်နေ့တည်းကပဲ ဖြစ်လိုက်နားလိုက်ပဲ နယ်မြေလုတဲ့ တိုက်ပွဲလို့ ပြောလို့ရပါတယ်။ ဝေဟင်သုံးတာက ၂၀ ရက်နေ့ကစကြဲတာ ဒီနေ့အထိကြဲတယ်။ ထိခိုက်မူတော့အခုထိ မသိရသေးဘူး ဒီ  ရက်အတွင်း သူတို့ဘက်က မျက်မြင်အရတော့ ၆ ဦးကျတယ် ဝေဟင်သုံးတာဆိုတော့ အဲ့ထက်ကိုပိုများနိုင်ပါတယ်။ ကျနော်တို့ဘက်ကတော့ တစ်ယောက်ပေးလိုက်ရတယ်ဟု ဆိုသည်။

တိုက်ပွဲသည် ကြောင်လည်ဒေသတစ်ဝှိုက်ရှိ မံလူဒေသစိပ် ပါထွန်ရွာ၊ ပင်းခါးလမ်းဆုံရွာ အနီးတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည် ဟု သူက ဆက်ဆိုသည်။

မြေပြင်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဘက်က လေယာဉ်ပစ်ကူခေါ်ခြင်း၊ လူသားဒိုင်းများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်လာနိုင်သဖြင့် ဒေသခံများအနေဖြင့် ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြရန် Banmauk Revolution-BR အဖွဲ့ကသတိပေးထုတ်ပြန်ထားသည်။

တပ်စွဲနေထိုင်တဲ့ အနီးတစ်ဝိုက်ကို အပြတ်တိုက်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေကို တိမ်းရှောင်ပေးဖို့ သတိပေးထားပြီးသား မဟုတ်ရင် သူတို့က ကာဗာယူနိုင်လာတယ်ဟုပြောသည်။

ဗန်းမောက်မြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် KIA PDF ပူးပေါင်းတပ်များအကြား မကြာခဏတိုက်ပွဲပြင်းထန်လေ့ရှိခြင်းကြောင့် ကြောင်လည်၊ နားပင်၊ မံလူ၊ ပါထွန်နှင့်ကံကြီးကုန်း စသည့်ကျေးရွာများမှ ဒေသခံများ ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

Show More

Related Articles

Back to top button