ဖမ်းဆီးခံရမှုလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖမ်းဆီးခံသွားရတဲ့ ဖားကန့်မော်ဝှမ်းရပ်ကွက်က မီးသတ်အရာရရှိပြန်မလွတ်လာသေး

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်က မီးသတ်အရာရှိတစ်ယောက်ကို အမည် မသိလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကဖမ်းဆီးသွားပြီး ဒီနေ့အထိပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်မှာနေတဲ့ ကိုတင်ထွန်းနိုင် အသက် ၃၀ ကျော်ကို အမည်မသိလက်နက်ကိုင်ထားတဲ့လူ ၄ဦး အိမ်စီးကားအဖြူတစ်စီးနဲ့ရောက်လာပြီး ဇူလိုင်လ ၁ ရက်နေ့က ညနေ ၄နာရီဝန်းကျင်မှာ နေအိမ်ကနေလာဖမ်းသွာတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ပါသွားတာဟုတ်တယ် အိမ်ထဲကနေကိုဝင်ခေါ်သွားတယ်တဲ့ ဘယ်အဖွဲ့က ဖမ်းခေါ်သွားတာလည်း တော့သိကျမသိရသေးဘူး သူက မီးသတ်အရာရှိ တစ်ပွင့်ဗိုလ်တဲ့”လို့ ပြောပါတယ်။

ဖမ်းဆီးခံသွားရတဲ့ မီးသတ်အရာရရှိဟာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နဲ့ပူးပေါင်း ဆောင်ရွက်နေတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

“ဖမ်းခံလိုက်ရတာဟုတ်တယ် သူက ဒလံစာရင်းပေါက်ထားတဲ့သူဗျ စောင့်ကြည့်နေတာကြာပြီဗျသူ့ကို သပိတ်အဖွဲ့တွေဖမ်းခံတာ ဒါတွေကသူ့ကြောင့်လည်းပါတယ်ဗျ”လို့ ပြောပါတယ်။

ဒေသခံ တွေပြောဆိုချက်အရ ကိုတင်ထွန်းနိုင်ဟာ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ဒလံသတင်းပေးလို့ဆိုပေမယ့် KNG ကသီးခြားအတည်ပြုထားခြင်းမရှိသေးတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တရားဝင်ဖြေဆိုထားတာ မရှိသေးပါဘူး။

ဖားကန့် မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းတဲ့ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရဲနှင့် ပျူစောထီးလို့ သတင်းထွက်နေတဲ့ အရပ်သားတွေဖမ်းဆီးခံရမှုမကြာခနရှိနေသလို KIA၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်ကအရပ်သားတွေကိုလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ဖားကန့်မြို့နယ်မှာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း မြို့နယ်မီးသတ်ဦးစီးအရာရှိဦးပြည့်ငြိမ်းဆိုသူကို အမည်မသိလက် နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်သွားပြီး ယခုဖမ်းဆီးခံရမှုဖြစ်စဥ်ဟာ ဖားကန့်မြို့နယ်မှာမီးသတ်အရာရှိဖမ်းဆီးခံရမှု ဒုတိယအကြိမ် ဖြစ်ပါတယ်။

Show More

Related Articles

Back to top button