ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

တလိုင်းကျေးရွာစီးနင်းခံရပြီး PDF ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာမှာ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်း  ဝင်ရောက်စီးနင်းလာပြီး ရွာထိပ်မှာ ကင်းစောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖွဲ့ဝင် ( ပကဖ) ၅ ဦးကို သတ်ဖြတ်သွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ပကဖဝင် ၅ ဦး
သတ်ဖြတ်ခံလိုက်ရတဲ့ ပကဖဝင် ၅ ဦး

“မနေ့ကပေါ့နော် မနက်ပိုင်း ၄နာရီခွဲလောက်မှာ ရွာကိုဝင်စီးတယ် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရွာတောင်ဘက်ကနေပစ်ဝင်တယ် အဲ့လိုဝင်တဲ့အချိန် ကင်းစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်၅ဦး ကျဆုံးတယ် ရွာသူရွာသားတွေလည်း အကုန်ထွက်ပြေးကြတာပေါ့ နေ့လည်၁၁လောက်မှာရွာကို မီးတင်ခဲ့တယ်”ဟုပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်က တလိုင်းကျေးရွာထဲက နေအိမ်အလုံး ၁၅၀ ကိုလည်း မီးရှို့ဖျက်ဆီးခံတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆက်ပြောပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ပကဖဝင် ၅ ဦး
သတ်ဖြတ်ခံလိုက်ရတဲ့ ပကဖဝင် ၅ ဦး

စစ်ကြောင်းဟာ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်း  ၂နာရီလောက်မှာပဲ တလိုင်းရွာနဲ့ ၁၀မိုင်အကွာမှာရှိတဲ့ ပဒူရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တာကြောင့် ဒီကနေ့မနက်ပိုင်းမှာပဲ ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့တယ်လို့ သူက အခုလိုဆက်ပြောပါတယ်။

“ဒီနေ့ရုပ်အလောင်းတွေကိုရခဲ့ပါတယ် ဒီနေ့ပဲရွာကိုရှင်းလင်းရေးဝင်ခဲ့တာပါ ရုပ်အလောင်းတွေကိုလည်း ပြန်ရတော့ ဒီနေ့ပဲသဂြိုလ်ပေးလိုက်တယ်”ဟု ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ရက်နေ့ကလည်း တလိုင်းရွာ အနီးတိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဘက်က ၁၄ ဦးအထိကျဆုံးခဲ့ရပါသေးတယ်။

Show More

Related Articles

Back to top button