သတင်း

PDF စခန်းတွေ မကြာခဏ စီးနင်းခံနေရတာ ဘာကြောင့်လဲ

အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း အထက်အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်ခံရမှုအများဆုံးဖြစ်သလို နေ့စဉ်ဆိုသလိုနေရာအနှံ့မှာ တိုက်ပွဲဖြစ်ပွားနေရာကနေ ပြီးခဲ့တဲ့လမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်စခန်း စီးနင်းခံရမှုတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

KNG သတင်းဌာကနေ စုစည်းထားတဲ့အချက်လက်တွေအရ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကင်းတော်ရွာက ကာကွယ်ရေးတပ်စခန်းတစ်ခုစီးနင်းခံခဲ့ရပြီး တပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးခဲ့ရသလို  ၂၈ ရက်နေ့မှတော့ စစ်ကိုင်းနဲ့ဝက်လက်အစပ်မှာရှိတဲ့ တလိုင်းကျေးရွာနားက ကာကွယ်ရေးတပ်စခန်းတစ်နေရာ ခြုံခိုတိုက်ခိုက်ခံရတဲ့ တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၅ရက်နေ့နဲ့ ၂၈ ရက့်နေ့ ကျဆုံးခဲ့တဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

ဒီလိုစခန်းတွေစီးနင်းခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအစုလိုက် အပြုံလိုက် ခပ်စိပ်စိပ်တိုက်ခိုက်ခံလာရတာ ဘာကြောင့်ပါလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် စစ်ကိုင်းခရိုင်တပ်ရင်း ၃ တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

တလိုင်းကျေးရွာဖြစ်စဉ်က အသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ပေမယ့် စစ်ကိုင်းတိုင်းမြို့နယ်ဧရာဝတီမြစ်ရိုးတစ်လျှောက်က ကာကွယ်ရးတပ်စခန်းတွေ စီးနင်းခံရမှုဟာ စစ်ကောင်စီတပ်ဘက်က သတင်းအချက်လက်တွေကို သေချာပေါက်ရနေတာဖြစ်နိုင်တယ်”

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့မေလ လကုန်ပိုင်းကနေစပြီး  ကာကွယ်ရေးတပ်စခန်းတွေ ရဲ့တည်နေရာတိတိကျက ရရှိပြီးမှသာ လုပ်ဆောင်လာတာဖြစ်သလို စစ်အင်အားကိုလည်း အရင်ကလိုများများ စားစားမသုံးဘဲ ပြောက်ကျားစနစ်နဲ့ဝင်ရောက်တိုက်ခိုက် တာတွေရှိလာတဲ့အပြင် ကာကွယ်ရေးတပ်ဘက်မှာ သစ္စာဖောက်တဲ့တွေရှိလို့ ခုလိုဝင်စီးခံရတာလို့ ဖြစ်နိုင်တယ်လို့ စစ်ကိုင်းတိုင်းမှာအခြေစိုက်ထားတဲ့ ပြင်ဦးလွင်ခရိုင် နဂါးနီပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

”မန္တလေးမြို့နဲ့အရမ်းနီးကပ်တာကြောင့်ရော ကာကွယ်ရေးတပ်တွေ အင်အားကောင်းတာရောပေါ့ ပြီးတော့ စမွန်းရွာ စီးနင်းခံရမှုမှာဆို လျှော့တိုက်ဒုံး ကျည်လက်နက်ကြီးတွေရှိတာကို သူတို့သတင်းရတာတွေလည်းဖြစ်နိုင်ပါတယ်။ ပြီးတော့ကာကွယ်ရေးတပ်ဘက်က ကင်းပေါ့ဆမှုပေါ့ ဒီစစ်ကြောင်းတွေက အတွင်းလူတွေနဲ့စနစ်တကျနဲ့ကိုလာတာလို့ သုံးသပ်မိတယ်။ ကင်းတွေရှိတဲ့နေရာကို သူတို့ကအပျောက်ကင်းကုန်းဝပ်ပြီးလာနိုင်တယ်။ မိုင်းကွင်းတွေရောပေါ့ တော်လှန်ရေးဘက်ကနေ သစ္စာဖောက်ရှိတာလို့လည်း သုံးသပ်မိတယ်”

ဒါ့အပြင် စစ်ကောင်စီတပ်က သတင်းရရှိတာတွေအပြင် ဗျူဟာပြောင်းလဲပြီး စစ်ရေးလှုပ်ရှားလာတယ်လို့လည်း ကာကွယ်ရေးတပ်တွေကဆိုပါတယ်။ သတင်းရရှိတာတွေအပြင် ဗျူဟာပြောင်းလဲလာတယ်လို့လည်း ကာကွယ်ရေးတပ်တွေကဆိုပါတယ်။

ဒါကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးကိုအဓိက ဦးစားပေးသင့်ကြောင်း  zero ပြောက်ကျားအဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း ခုလိုပြောပါတယ်။

“ကျနော်တို့မြေပြင်မှာအဓိကအားနည်းတာ ကင်းပေါ့ဆမှုပေါ့နော် ကင်းတွေပေါ့ကြတယ်။ ကျနော်တို့လက်နက်ကိုင်ထားတဲ့အဖွဲ့တွေဟာ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့အားနည်းချက်ကြောင့်ဖြစ်တာပါ ပြီးတော့ သတင်းနောက်ကျတာပေါ”ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးကို အားပြုစေချင်တယ်လို့ Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်သက်ကြီးကလည်း ခုလိုပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဇူလိုင်လ ၃ ရက်နေ့ထိ ဒီမိုကရေစီလှုပ်ရှားသူနဲ့နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကျဆုံးခဲ့သူ ၃၇၄၄ ဦးထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)ဖော်ပြထားပါတယ်။

Show More

Related Articles

Back to top button