သတင်း

မိုင်းခေါင်စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှာရှိတဲ့ KBC စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ ကပြောပါတယ်။

မံစီမြို့နဲ့အလှမ်းဝေးတဲ့ မိုင်းခေါင်ရွာဟာ စစ်ရေးအခြေအနေတွေကြောင့် သွားလာရေးအခက်အခဲတဲ့အပြင် စစ်ရှောင်တွေဟာအပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ရန် ခက်ခဲလာတာကြောင့် စားဝတ်နေရေးအတွက်ရုန်းကန်နေရတယ်လို့ မိုင်းခေါင်စစ်ရှောင်စခန်း တာဝန်ခံက KNG ကိုပြောပါတယ်။

အရင်ကထက်လည်း ကုန်ဈေးနှုန်းတွေ တက်လာတယ်၊ အခုဆိုပိုက်ဆံရှာရတာလဲခက်၊ ရှာဖွေစားသောက်ဖို့ ကလည်းခက်၊ အဲ့တာကြောင့် အစားအသောက်ဆိုရင်လည်းဖြစ်သလို ဖြေရှင်းနေကြတာပေါ့ လို့ပြောပါတယ်။

မိုင်းခေါင်ဘက်က စစ်ရှောင်တွေဟာအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ မြေယာတွေငှားပြီး လယ်ယာစိုက်ခင်းလုပ်ရင်းရင်း တစ်ဖက်မှာလည်း နေ့စားအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် နေ့စားအလုပ်တွေကို ရှာလုပ်လို့ရခဲ့ပေမဲ့ လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အပြင်ထွက် အလုပ်လုပ်လို့မရတော့ဘူးလို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။

နေ့စားအလုပ်တွေဆိုရင် ရှာလို့လွယ်တယ်၊ ပိုက်ဆံထွက်ရှာလို့ အဆင်ပြေခဲ့တယ်၊ အခုကျတော့ သွားရေးလာရေး အခက်အခဲတွေကြောင့် လုပ်ကိုင်စားသောက်ဖို့နဲ့တစ်ခြားနေရာမှာ ပိုက်ဆံရှာထွက်မယ်ဆိုရင်ကလည်း အဆင်မပြေဘူး” လို့ပြောပါတယ်။

ဗန်းမော်မံစီ ကားလမ်းမှာစစ်တပ်ဂိတ်တစ်ခုရှိပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သွားလာဖို့ စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မိုင်းခေါင် စစ်ရှောင်နေရာဟာ မြို့နဲ့ဝေးတဲ့အတွက် အကူအညီထောက်ပံ့မှုတွေလည်း သိပ်မရောက်ဘူးလို့ ဆိုပါတယ်။

စစ်ရှောင်တွေအတွက် ထောက်ပံ့မှုတွေအနေနဲ့ ဆောင်းရာသီဝင်နေပြီ ဖြစ်တဲ့တာကြောင့် အနွေးထည်တွေ၊ အစားအသောက်တွေ၊ ငွေကြေး အထောက်အပံ့တွေ လိုအပ်နေတယ်လို့ တာဝန်ခံကပြောပါတယ်။

လက်ရှိ မိုင်းခေါင် KBC စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၃၃၆ စုနဲ့ လူဉီးရေ ၁၇၀၀ ဝန်းကျင် ရှိပြီးတော့ အဲ့ဒီ စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် စစ်ကောင်စီနဲ့

ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့်နယ်စပ်ဒေသအနှံမှ ထွက်ပြေးလာကြတဲ့ ပြည်သူများတွေဖြစ်ကြပါတယ်။

By – BU BU

Show More

Related Articles

Back to top button