သတင်း

KIA-PDF ပူးပေါင်းဂိတ်မှာ စစ်ကောင်စီတပ်သား ၅ ဦးကို ဖမ်းဆီးရမိ

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA-KPDF ၊ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်တွေ ပူးပေါင်းထိုင်ထားတဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီစစ်သား ၅ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ရွှေကူနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

အဲဒီဂိတ်တွေဟာ ရွှေကူ-ဗန်းမော်ကားလမ်းပိုင်း ရွှေကူမြို့အနီးက အထက်လေးလမ်းဆုံအနီးမှာ ၂ ဂိတ်၊ ရွှေကူ-ရှမ်းပြည်နယ် မိုးမိတ်ဘက်သွားတဲ့ ရွှေကူ-မိုးမိတ်ပတ်လမ်းဘက်မှာ ၂ ဂိတ် စုစုပေါင်းလေးဂိတ်မှာ စစ်ဆေးချိန် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် ပကဖအဖွဲ့ကနေ သိရပါတယ်။

လက်ရှိ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရေးဆောင်ရွက်တဲ့အခြေအနေနဲ့ဖမ်းဆီးရမိခဲ့တဲ့ စစ်သားတွေနဲ့ပတ်သက်ပြီး ရွှေကူနယ် ပကဖ တာဝန်ရှိသူတစ်ဦးကအခုလို ပြောပြပါတယ်။

”အဓိကတာ့ လုံခြုံရေးပဲလုပ်တယ်။ ငွေကောက်တာတို့ ဘာတို့မလုပ်ဘူး။ စစ်ဆေးရေးဂိတ်ပဲ။ တချို့လည်းပြန်လွတ်တဲ့ဟာလည်းလွတ်လိုက်တယ်စစ်ဆေးမေးမြန်းပြီးမှ တချို့လည်း အပေါ်ကိုပို့လိုက်တယ် မနှစ်ကလည်း သုံး၊လေးယောက်လောက်ဖမ်းမိတယ် အခုတောင်ရှိတယ် တချို့လည်း ပြည်သူ့ရင်ခွင်ထဲကိုပြန်ဝင်လာတယ်။ ၅၆ တပ်ထဲကကြီးကို ၃ ယောက်ရှိတယ်”

စစ်ဆေးဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွှေကူအထက်လေးလမ်းဂိတ်မှာဖမ်းမီခဲ့တဲ့ ရွှေကူအခြေစိုက် ခလရ ၅၆ တပ်ထဲက ၃ ယောက်နဲ့ ရှမ်းပြည်နယ်မိုးမိတ်တပ်ထဲက ၂ ယောက်တို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ၂ လအတွင်းမှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အဲဒီစစ်ဆေးရေးဂိတ်တွေကတော့ ရွှေကူပကဖ တပ်ခွဲ ၃ နယ်မြေမှာ နှစ်ဂိတ်၊ တပ်ခွဲ ၂နယ်မြေမှာ တစ်ဂိတ်နဲ့ တပ်ခွဲ ၁ နယ်မြေထဲမှာ တစ်ဂိတ်အထိထိုင်ထားတာဖြစ်ပြီး ခရီးသည်၊ ကုန်ကားစတာတွေကို မှတ်ပုံတင်စစ်ဆေးတာ၊ မေးမြန်းတာတွေနဲ့ ကုန်ပစ္စည်းစစ်ဆေးရှာဖွေစစ်ဆေးတာတွေလည်းဆောင်ရွက် လျက်ရှိတယ်လို့ ဆိုပါတယ်။

”အမြဲတမ်းဂိတ်ပါ့ အမြဲတမ်းဂိတ်လိုလိုဖြစ်တာပါ့အေး စစ်ဆေးရေးဂိတ်ပါ ဟိုလိုမျိုးငွေကောက်ဘာတို့ညာတို့တော့မလုပ်ဘူး စစ်ဆေးတယ် မှတ်ပုံတင်စစ်တယ်အဲ့လိုမျိုးပေါ့ မသင်္ကာတာရှိရင်တော့ နည်းနည်းဆွဲထားလိုက်တယ်။”

ရွှေကူမြို့အနီး အထက်လေးလမ်းဆုံမှာထိုင်ထားတဲ့ ခမရ ၆၀၂ နဲ့ ခလရ ၃၆ တပ်တို့ရဲ့ ပူးပေါင်း အထိုင်တပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို KIA-KPDF၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေက  ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အဲ့ဒီသိမ်းပိုက်ထားတဲ့ နေရာအနီးမှာ KIA-KPDF ဘက်ကစစ်ဆေးရေးဂိတ် စထိုင်လာပြီးနောက် အခုလိုစစ်ဆေးရေးဂိတ်တွေတိုးချဲ့လာတာလို့ သိရပါတယ်။

By Zaw Zaw

Show More

Related Articles

Back to top button