သတင်း

တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်လုပ်ဖို့ကား၊ သုံးဘီးတွေနဲ့လှည့်လည်စည်းရုံးလှုံ့ဆော်နေ

ပူတာအိုမြို့နယ်ထဲမှာ တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တာဝန် ထမ်းဆောင်ဖို့ရန်အတွက် ကား၊ သုံးဘီးတွေမှာ လော်စပီကာတပ်ပြီးတော့ လိုက်လံစည်းရုံးတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့  ဒေသခံတွေ ဆီကနေ သိရပါတယ်။

ဇန်ဝါရီလကုန်ပိုင်းလောက်ကနေ ပူတာအိုမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်နေရာတွေမှာကိုယ့်ဒေသကိုကာကွယ်ဖို့နဲ့ လက်နက်ကိုင်တော်လှန်နေတဲ့ ရန်သူတွေကို ဆန့်ကျင်နိုင်ဖို့အတွက် ပြည်သူ့စစ်တပ်ထဲကို အမြန်ဝင်လာကြဖို့ စည်းရုံးရေးတွေ လုပ်ဆောင်နေတယ်လို့ ပူတာအိုဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

မကြာသေးဘူး ရက်ပိုင်းအတွင်းပဲရှိသေးတယ်။ ကား၊ ဆိုင်ကယ်တွေမှာ လော်တပ်ပြီးတော့ ပြည်သူ့စစ်ထဲကို ဝင်လာကြဖို့ စည်းရုံးနေကြတယ်။ အဲ့ကြောင့် ဒီက ပြည်သူတွေတောင် တစ်ခုခုဖြစ်လာမလားဆိုပြီး စိုးရိမ်ပြီးမှပဲ နေနေရတယ်။ တစ်ချို့ကတော့ ဝင်သွားတဲ့သူတွေလည်းရှိတယ်လို့ကြားတယ်။ တစ်ချို့က ကန့်ကွက်ကြတယ်လို့ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေက တစ်ပတ်မှာ ၄ ရက်ဆက်တိုက်နဲ့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကောင်းမှုလှုံ၊ လုံးစွတ်၊ လေယာဉ်ကွင်းရပ်ကွက်၊ ရှန်ဂေါင်သွားလမ်း၊ မချမ်ဘောသွားလမ်း စတဲ့နေရာတွေမှာ လိုက်လံစည်းနေတယ်လို့ ဆက်ပြောပါတယ်။

ပြည်သူ့စစ်ထဲဝင်ဖို့ လိုက်လံစည်းရုံးနေတဲ့ ထဲမှာ ရဝမ်လူမျိုးတွေကို ဦးစားပေးခေါ်ယူနေတာဖြစ်ပြီး ပြည်သူ့စစ်လုပ်ဖို့ လိုက်ပြီးခေါ် ဆောင်တဲ့ခါပူးပေါင်းပါဝင်ဖို့ ဒါ့အပြင် ပြည်သူ့စစ်ထဲမိမိဆနွအလျောက်ဝင်ရောက်ချင်သူအနေနဲ့ဆက်သွယ်ပြီး ဝင်ရောက်နိုင်တဲ့အကြောင်း လှည့်လည်စည်းရုံးနေတယ်လို့ သိရပါတယ်။

လက်ရှိ ပူတာအိုဒေသထဲမှာ ပြည်သူ့စစ်လုပ်ဖို့ လိုက်လံစည်းရုံးကို လမ်းပေါ်ထွက်ပြီး လော်စပီကာနဲ့ လိုက်လံစည်းရုံး တာတင်မကပဲ လူငယ်တွေဖွဲ့စည်းပြီး ဘုရားကျောင်းတွေအထိ စည်းရုံးနေတယ်လို့ ပူတာအိုဒေသခံ ဆက်ပြောပြပါတယ်။

ဘုရားကျောင်းတွေမှာကော လိုက်ပြောတယ်။ ရိုးရာအစည်းအဝေးတွေမှာလည်း ပြောကြတယ်။ ပြီးရင် လူငယ်တွေကို ဖွဲ့စည်း လူငယ်တွေအချင်းအချင်းကြားမှာလည်း အစည်းအဝေးတွေလုပ်ပြီးစည်း စည်းရုံးရေးတွေ အသည်းအသန် လုပ်နေကြတယ်လို့ပြောပါတယ်။

ပြည်သူ့စစ်စည်းရုံးရေးဟာ ပူတာအိုမြို့နယ် တစ်ခုထဲတင်မဟုတ်ဘဲ မချမ်းဘော၊ နောင်မွန် ဒေသတွေမှာလည်း တပြိုင်နက် စည်းရုံးရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အခုလို တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ စည်းရုံးရေးတွေ လုပ်ဆောင်နေတဲ့ တစ်ချိန်ထဲမှာပဲ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တာလည်ဖြစ်ပါတယ်။

လက်ရှိမှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ ပြည်သူ့စစ်လုပ်ဖို့ စည်းရုံးမှုတွေရှိနေတာတင်မကပဲ တစ်ဖက်မှာ စစ်ကောင်စီဘက်ကည်း ပြည်သူ့စစ်မှုထမ်းရမယ်လို့ ဥပဒေထုတ်ပြန်လိုက်တာကြောင့် ပူတာဒေသခံပြည်သူတွေဟာ စိုးရိမ်ပူပန်သောက ရောက်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button