သတင်း

ကားမိုင်းမြို့အဝင်အထွက်အားလုံး စစ်တပ်ကပိတ်ဆို့ထား

ဖားကန့်သွားလမ်း ကားမိုင်းမြို့မှာ ဒေသခံပြည်သူတွေက တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင်ကြဖို့ စီစဉ်နေချိန် စစ်တက်က မြို့အဝင်အထွက်အားလုံးကို ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ကားမိုင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကားစစ်တပ်ဗျူဟာကုန်းကို ရှင်းလင်းဆောင်ရွက်မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေက မတ်လ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းမှာ ထွက်ဖို့ကြိုးစားနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် ကားမိုင်းစစ်တပ်ကနေ ဒီကနေ့ မနက် ၁၀ ဝန်းကျင်လောက်ကနေ မြို့ထဲကထွက်ဖို့ကြိုးစားနေတဲ့ ဒေသခံတွေကို ထွက်ခွင့်မပေးတဲ့အပြင် ကားမိုင်းဗျူဟာကုန်းကနေ လက်နက်ကြီးတွေ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ် ခြောက်လန့်နေတယ်လို့ ကားမိုင်းဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

အခုဒေသခံတွေ ဆူပူနေတာတွေဖြစ်နေတဲ့ ဖြစ်စဉ်က KIA တပ်တွေ ကားမိုင်းကို ဗျူဟာကို ဝင်ရှင်းမယ်လို့ သတင်းတွေကြောင့် တိုက်ပွဲဖြစ်လာမှာကို ကြောက်ပြီး မြို့ကနေ ထွက်ဖို့လုပ်လာကြတယ်။ ဒီမနက်မိုးလင်းတာနဲ့ ဂိတ်လည်းဖွင့်တော့ ကားမိုင်းပြည်သူတစ်ချို့က နီးစပ်ရာ လုံခြုံမယ်လို့ ထင်တဲ့နေရာတွေရှောင်ဖို့ ထင်တယ်ထွက်လာကြတာကို တားပြီးတော့ လက်နက်ကြီးတွေ ရမ်းပစ်နေတာလို့ပြောပါတယ်။

လက်ရှိ ကားမိုင်းမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဒေသခံပြည်သူတွေ ထွက်လို့မရအောင် ဂိတ်အဝင်ပေါက်တွေကို ပိတ်ဆို့ထားပြီးတော့ KIA တပ်တွေရှိနိုင်တဲ့ နေရာဘက်တွေကို ခြောက်လန့်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် KIA ဘက်ကနေ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ လာရောက်ပစ်ခတ်တာတွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသခံမှာ KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကနေ ဖားကန့်ဒေသအတွင်း စစ်တပ်ရဲ့ ဗျူဟာမြောက်တဲ့ တပ်စခန်းနေရာတွေကို တစ်ခုပြီး တစ်ခု တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ တပ်စခန်းပေါင်း ၅ ခုနည်းသိမ်းပိုက်ထားပြီဖြစ်ပါတယ်။

KIA က သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ကားမိုင်းမြို့နဲ့ ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ နမ်တိန့်တပ်စခန်းကိုလည်း KIA က ဖေဖော်ဝါရီလဆန်းပိုင်းမှာ အပြီးသတ်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button