သတင်းဆောင်းပါး

တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ ပူတာအိုပြည်သူများ

ကုန်ကားတွေက ပူတာအိုရောက်လာပေမယ့် ဝိုင်းအုံလုဝယ်ကြဆိုတော့ ကုန်စျေးနှုန်းကလည်း မကျနိုင်ဘူး။ ပြီးတော့ ကုန်ပစ္စည်းတွေကလည်း ဘယ်နေရာမှာကုန်သွားလဲတောင် မသိလိုက်ဘူးလို့မြစ်ကြီးနားကို ခေတ္တရောက်နေတဲ့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

သုံးလနီးပါး မြစ်ကြီးနား– ပူတာအိုကားလမ်းပိတ်ခံထားရလို့ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေပြိီဖြစ်တဲ့ ပူတာအိုမြို့နယ်ထဲ ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့ ငြိမ်းချမ်းရေးအကျိုးဆောင်ရဲအကူညီနဲ့ ကုန်ကား ၁၄ စီး ပထမဆုံးအကြိမ် ပူတာအိုတက်ခွင့်ရရှိခဲ့ပါတယ်။

အဲဒီကုန်ကား ၁၄ စီးဟာ ဇွန်လ ၁၀ ရက်နေ့ ပူတာအိုမြို့ထဲရောက်သွားကြပြီး ရောက်လာတဲ့အခြေခံစားသောက်ကုန်တွေလည်း အလုအယက်ဝယ်ယူလိုက်ကြပြီဖြစ်တယ်လို့ သိရပါတယ်။

ကုန်ကားတွေဝင်ရောက်လာချိန် ပူတာအိုမြို့နေပြည်သူတွေဟာ ဝမ်းပမ်းတသာနဲ့ လက်ခုတ်တီးပြီး ကြိုဆိုနေကြတဲ့ ရုပ်သံတွေကလည်း လူမူကွန်ယက်စာမျက်နှာမှာ ပြန့်နှံ့လို့လာခဲ့ပါတယ်။

ဇွန်လ  ရက်နေ့ နောက်ပိုင်း အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တင်တဲ့ကားတွေဟာ ကချင်ပြည်နယ်စစ်ကောင်စီခန့် ဝန်ကြီးရဲ့လက်မှတ်နဲ့  ကားဂိတ်တစ်ဂိတ်ကို ကုန်ကား  စီးနှုန်းနဲ့ထွက်ခွာခွင့်ပြုနေပြီး တစ်ကြိမ်ကို ကုန်ကား ၁၅ စီးအများဆုံးနှုန်းနဲ့ ပူတာအိုမြို့ထဲ အလေ့ကျစနစ်ဝင်ရောက်ခွင့်ရနေပြီဖြစ်ပါတယ်။

ကုန်ကားဆက်တိုက်ဝင်နေပေမယ့် ဇွန်လ ၁၇ ရက်နေ့အထိ ပူတာအိုမြို့ထဲ ကုန်စျေးနှုန်းတွေက ဆန်  ခွက် ကျပ် ၁သောင်း၊ စားသုံးဆီတစ်ပိသာ ကျပ် ၃၀၀၀၀၊ ကြက်သွန်နီတစ်ပိသာ ကျပ် ၃၀၀၀၀ ၊အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ် ကျပ် ၁၆၀၀ ပေးဝယ်နေရသေးတယ်လို့ သိရပါတယ်။

ခုလို ကုန်စျေးနှုန်းတွေ ပုံမှန်စျေးမရောက်နိုင်တာဟာ  ပူတာအိုထဲဝင်ရောက်နေတဲ့ ကုန်ကားတွေဟာ ကားအသေးတွေဖြစ်တဲ့အပြင် ကားလမ်းပိုင်းအကောက်အခွန်တန်ဆာခ၊ မိုးတွင်းကာလ လမ်းခရီးကျန့်ကြာတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကုန်ကားတွေဝင်ရောက်လာပြီးနောက်ပိုင်းမှာတော့ အခြေခံစားသောက်ကုန်တွေအရင်ကထက် အနည်းငယ်လျော့သွားတယ်လို့ ဆိုကြပါတယ်။

ကုန်ကားစရောက်တဲ့ ဇွန်လ ၁၀ ရက်နေ့ကစပြီး ပူတာအိုမြို့နယ်တစ်ခုလုံး အင်တာနက်လိုင်းပြတ်တောက်သွားတာကြောင့် ပြည်သူတွေဟာ တစ်ပူပေါ်နှစ်ပူဆင့် သတင်းအချက်လက်သိရှိခွင့်ပါ ဆုံးရှုံးနေကြရပြီဖြစ်ပါတယ်။

ပူတာအိုခရိုင်တစ်ခုလုံးနီးပါး အင်တာနက်လိုင်းပြတ်တောက်နေတာ တစ်လဝန်းကျင်ရှိလာပြီဖြစ်သလို ဖုန်းအော်ပရေတာအားလုံးပြတ်တောက်သွားတာကတော့ တစ်ပတ်ရှိပြီဖြစ်ပါတယ်။ 

လက်ရှိ ပူတာအိုမြို့မှာနေထိုင်တဲ့ပြည်သူတွေရဲ့အခြေနေနဲ့ပတ်သက်ပြီး ပူတာအိုဒေသခံလူငယ်တစ်ယောက် ဖုန်းအင်တာနက်လိုင်းရောက်တဲ့နေရာရောက်နေခိုက်ဆိုပြီး ပူတာအိုအခြေနေဟာ တစ်ချို့နေရာတွေမှာ ဆန်တင်မကဘဲ ဆားပါပြတ်လတ်နေပြီဆိုတဲ့အကြောင်း ခုလိုဘဲရေးထားပါတယ်။

လမ်းပိတ်တုန်းက အခြေအနေကလေးတွေ အာဟာရပြတ်ကြတယ်။ အထူးသဖြင့်  မိခင်နို့မထွက်တဲ့ ကလေးတွေပိုပြီပေါ့။ကုန်စျေး    ဆမှ   ဆယ်ဆထိ   တက်တော့မဝယ်စားနိုင်သူများကြတယ်။အချိန်ကြာလာတော့တစ်ယောက်နှင့်တစ်ယောက် စကားပြောအားတောင်မရှိတဲ့ အခြေအနေထဲထိရောက်သွားတယ်။ဝင်ငွေ မရှိဘဲ ထွက်ငွေ များတော့နောက်ပိုင်းကားသေး အနည်းငယ် ဝင်ပေမယ့်ဝယ်စရာ ငွေ မရှိတဲ့ မိးသားစု များတယ်။ အချို့ရွာမှာ ဆန်တင်မကဘူးဆားပါ ပြတ်လတ်ကြတယ်။အောက်ပိုင်းကအလုပ်သမားတွေ အချို့အိမ်ပြန်မရလို့  ထမင်းငတ်တာ တော်တော်လေတွေ့ရတယ်မြစ်ကြီး မန်လေး ရန်ကုန် ဆင်းပြီး ဆေးကုမည့်လူနာအချို့  မသွားခဲ့ရဘဲ  လက်လွတ်ခဲ့ရကြတယ်။ခုလည်းအဆင်မပြေသေးပါ။ဝိုင်းဆုတောင်းကူပေးကြပါ ခင်ဗျာဆိုပြီး သူ့ရဲ့လူမူကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိ ဖုန်းအင်တာနက်အားလုံးပြတ်တောက်နေတာကြောင့် ပူတာအိုဒေသတစ်ခုလုံးရဲ့အခြေနေတွေကို အချိန်မှီသိရှိနိုင်ဖို့လည်း ခက်ခဲနေသလို ပြည်သူတွေဟာလည်း သတင်းနဲ့အလှမ်းဝေးနေကြပြီဖြစ်တယ်လို့ ပူတာအိုဒေသခံတစ်ဦးကပြောပါတယ်။

ခုလို ပူတာအိုမြို့နယ်တစ်ခုလုံး ဖုန်းလိုင်းပြတ်တောက်ခံထားရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး စက်သုံးဆီအခက်ခဲကြောင့် တာဝါတိုင်တွေမလည်ပတ်နိုင်တော့ဘဲ ဖုန်းလိုင်းတွေပြတ်တောက်သွာားတာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ချို့သုံးသပ်နေကြသလို စစ်တပ်က တမင်ဖြတ်တောက်ထားတာဖြစ်နိုင်တယ်လို့လည်း အမျိုးမျိုးပြောဆိုတာတွေရှိနေပါတယ်။

တကယ်ဘဲ တာဝါတိုင်တွေမလည်ပတ်နိုင်လောက်အောင် စက်သုံးဆီတွေပြတ်တောက်နေပြီလားဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ပူတာအိုကနေ မြစ်ကြီးနားကို ဇွန်လ ၁၇ ရက်နေ့ရောက်ရှိလာတဲ့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

တာဝါတိုင်မလည်ပတ်နိုင်လောက်အောင်မဖြစ်နိုင်ဘူး စက်သုံးဆီတွေရောင်းနေတာလည်း သူတို့ဘဲ ပြီးတော့ တစ်ချို့တာဝါတိုင်တွေဆို ဆိုလာနဲ့လည်းရှိပါတယ် ဒါကိုဘာကြောင့် ဘာလိုင်းမှာမရတော့တာလဲဆိုတာတော့ စဉ်းစားစရာပေါ့။ ကျနော်တစ်ဦးတစ်ယောက်အမြင်ပြောမယ်ဆိုရင် ဖုန်းလိုင်းတမင်ဖြတ်ထားတာလို့ပြောပါတယ်။

ဒေသခံတွေပြောတာကတော့ ဖုန်းအင်တာနက်လိုင်းအားလုံး စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ဖြတ်တောက်ပေးထားတာဖြစ်ပြီး ပူတာအိုခရိုင်တစ်ခုလုံး စစ်ရေးထပ်မံပြင်ဆင်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

ဒါ့အပြင် ပူတာအိုမြို့နယ်ထဲမှာ လိုအပ်တဲ့စက်သုံးဆီတွေကို လုပ်ငန်းရှင်တွေက ပြီးခဲ့တဲ့ မေလကတည်းက  တရုတ်နယ်စပ် ရှိန်းခေါင်ဘက်ကနေ ပူတာအိုဘက် စက်သုံးဆီတင်သွင်းနေတာဖြစ်ပါတယ်။

ဒါပေမယ့် ရီဒမ်းကျေးရွာမှာရှိတဲ့ စစ်တပ်ဂိတ်အပြင် လမ်းတစ်လျှောက် ပြည်သူ့စစ်ဂိတ်တွေအခွန်အခ များလွန်းတာကြောင့် စက်သုံးဆီစျေးဟာလည်း တစ်ပုလင်း  သောင်းဝန်းကျင်မြင့်တက်နေဆဲဖြစ်ပါတယ်။ 

လက်ရှိ ပူတာအိုမြို့နယ်ထဲမှာ MPT/ Ooredoo/ Telenor/ Mytel စတဲ့ လိုင်းတွေအားလုံးပြတ်တောက်နေပြီး MEC ကဒ်တစ်ခုသာ ဖုန်းပြောလို့ရတယ်လို့ သိရပါတယ်။ ဖုန်းပြောလို့ရနေသေးတဲ့ MEC ကဒ်ဟာ ပြီးခဲ့တဲ့မေလ ၂၀ ရက်နေ့အထိ ဖုန်းအင်တာနက်လိုင်း  3G အထိသုံးလို့ရနေပေမယ့် ဇွန်လ ၁၀ ရက်နောက်ပိုင်း အင်တာနက်လိုင်းသုံးလို့မရတော့အပြင် ကဒ်လည်း ဝယ်လို့မရတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ကုန်ပစ္စည်းစျေးမြင့်တက်မှုဒဏ်၊ အခြေခံစားသောက်ကုန်ပြတ်လပ်မှုဒဏ် အငတ်ဘေးဒဏ်ကြုံတွေ့နေကြရတဲ့ ပူတာအိုပြည်သူတွေဟာ ခုတစ်ခါမှာတော့ ဖုန်းလိုင်းအားလုံးပြတ်တောက်သွားပြီး သတင်းရယူသိရှိခွင့်ကို ပိတ်ပင်ခံလိုက်ရကာ သတင်းအမှောင်ချခံထားရပြီဖြစ်ပါတယ်။ 

ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဖုန်းအော်ပရောတာကို ဆက်သွယ်နေပေမယ့် တိတိကျကျ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့  ဆွမ်ပရာဘွမ်တိုက်ပွဲဖြစ်တဲ့ချိန်ကစပြီး ပူတာအို– မြစ်ကြီးနားလမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်တပ် လက်နက်ကိုင်နှစ်ဖွဲ့စလုံးက လမ်းပိုင်းသွားလာခွင့်ကို ပိတ်လိုက်တာပါ။ 

ပူတာအိုမြို့ရဲ့တစ်ခုတည်းသော ကုန်စည်စီးဆင်းတဲ့ကားလမ်းကို ပိတ်လိုက်တကြောင့် ပူတာအိုမှာတော့ အခြေခံစားသောက်ကုန်တွေ စျေးအဆမတန်မြင့်တက်ခဲ့ပြီး ငငြုပ်သီးတစ်ဗူး ၃၀၀၀ ကျပ် ဆန်တစ်အိတ်ပို  သိန်းကျော်အထိစျေးမြင့်တက်ကာ ဓါတ်ဆီတစ်ပုလင်း  သောင်းကျပ်အထိ ကုန်စျေးနှုန်းဟာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

ဒေသခံတွေဟာ အခြေခံစားသောက်ကုန်စျေးနှုန်းအဆမတန်မြင့်တက်ဒဏ်ရင်ဆိုင်နေကြတာကြောင့် KIA ပူးပေါင်းတပ်တွေဘက်က ဧပြီလ ၂၉ ရက်မှာတော့ ပူတာအို– မြစ်ကြီးနားကားလမ်း ပြန်ဖွင့်ပေးဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်ကနေတစ်ဆင့် စစ်ကောင်စီကို ညှိနှိုင်းခဲ့ပေမယ့် စစ်တပ်က လက်မခံဘဲ အခြေခံစားသောက်ကုန်တွေကို လေကြောင်းကနေသာပို့ဆောင်စေခဲ့ပါတယ်။

လေကြောင်း နဲ့ ပို့ဆောင်ခဲ့တဲ့အခြေခံစားသောက်ကုန်တွေကို စစ်တပ်က လက်လီစျေးမရောင်းဘဲ၊ လက်ကားစျေးသာရောင်းချပေးခဲ့တဲ့အတွက် ငွေကြေးတတ်နိုင်သူတွေ ဝယ်ယူလိုက်ပြီး အခြေခံလူတန်းစားတွေအတွက်တော့ ဒုံးရင်း ဒုံးရင်းသာ ကုန်စည်ပြတ်လပ်တဲ့ဒဏ်ခံနေရတဲ့အပြင် မေလ ၂၀ ရက်နေ့စလို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံးပြတ်တောက်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ ပူတာအိုခရိုင်ထဲမှာ မြန်မာနိုင်ငံနေရာအနှံ့က ဆောက်လုပ်ရေး၊ ပန်းရံအလုပ်တွေလာရောက်လုပ်ကိုင်နေတဲ့ ပြည်သူတစ်ချို့လည်း ပူတာအိုမှာသောင်တင်နေပြီး စားစရာမရှိ၊ ဝင်ငွေမရှိဘဲ အိမ်ပြန်ဖို့ခက်ခဲနေကြတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပူတာအိုမြို့ဟာ  ကချင်ပြည်နယ်ရဲ့မြောက်ဘက်မှာရှိပြီး ခရိုင်စိုက်ရာမြို့ဖြစ်သလို မြို့နယ်  မြို့နယ်ဖွဲ့စည်းထားကာ ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး  ၂၀၁၈ ခုနှစ်စာရင်းအရ  အိမ်ခြေ ၁၁၀၀၀ လူဦးရေ  သောင်းကျော်ရှိတဲ့ မြန်မာပြည်မြောက်ဖျားပိုင်းက ဝေးလှံခေါင်ဖျား ဒေသက မြို့တစ်မြို့လည်းဖြစ်ပါတယ်။

ခေတ်မီ တိုးတက်လာသည့်နှင့်အမျှ လူတွေဟာ နေ့စဉ်သတင်းအချက်အလက်များ သိရှိနိုင်ဖို့နဲ့ပညာရေး၊ ကျန်းမာရေး၊နိုင်ငံရေး၊ဗဟုသုတရှာဖွေရန်အတွက် အင်တာနက်ကို ပိုမိုအသုံးပြုလာကြပြီး DataReportal ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ၂၃ ဒသမ ၆၅ သန်းဟာ အင်တာနက်သုံးစွဲသူတွေ ဖြစ်ပါတယ်။

အလားတူ သတင်းအချက်အလက်ရယူခွင့် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့တဲ့ ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ သတင်းအချက်လက်များကို အင်တာနက်ပေါ်တွင် သတင်းရယူခြင်း သို့မဟုတ် ဖြန့်ဝေခြင်းအား ရည်ရွယ်ချက်ရှိရှိ တားဆီးရန် (သို့မဟုတ်အနှောင့်အယှက်ပေးတဲ့အစီအမံများဟာ နိုင်ငံတစ်ကာ လူ့အခွင့်အရေးချိုးဖောက်စေတာကြောင့် ခြွင်းချက်မရှိ ပြစ်တင်ရူတ်ချသည်သာမက နိုင်ငံအားလုံးကို ယင်းကဲ့သို့သော အစီအမံများကို ရှောင်ကြဉ်ကြရန်နဲ့ ရပ်တန့်ကြရန် တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းတာနဲ့ မေလ ၃၀ ရက်နေ့ကစပြီး စစ်တပ်က VPN အသုံးမပြုဖို့ secure Web Gateway ကို ပိတ်ပင်လိုက်တဲ့အပြင် ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN (Virtual Private Network) လို့ခေါ်တဲ့စနစ်ကို ခွင့်ပြုချက်မပါဘဲ သုံးရင် ထောင်ဒဏ်  နှစ်အထိချလို့ရတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီဖြစ်ပါတယ်။

By – CJ

Show More

Related Articles

Back to top button