မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ပန်ဝါမြို့ မြေရှားသတ္တုတွင်းလုပ်ကွက် မြေပြိုမှုမှာ အလောင်း ၁၇ လောင်းတွေ့ရှိ

ပန်ဝါမြို့ ကချင်အထူးဒေသ (ဥက္ကဌ ဦးဇခုန်တိန့်ယိန်း သားအဖတို့ရဲ့ မြေရှားသတ္တုတွင်းမြေပြိုမှုမှာ ပါသွားတဲ့ ကုမ္မဏီလုပ်သား ၁၇ ဦးရဲ့ လောင်းတွေ့ရှိထားပြီလို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၉ ရက်  ၁၂ နာရီဝန်းကျင်မြေပြိုကျခဲ့တဲ့ မြေရှားသတ္တုတွင်းမှာ ရှာဖွေရေးဆက်တိုက်လုပ်နေပြီး ဒီကနေ့ နေ့လည် ၁၂ နာရီအထိ အမျိုးသမီးတစ်ဦးအပါအဝင် လုပ်သား ၁၇ ဦးရဲ့ အလောင်းရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

အမျိုးသမီးတစ်ယောက်ပါတယ် နာမည်က ဝါဝါအောင်ဆိုလား နေရပ်ကတော့အတိအကျမသိဘူး။ ကျန်တာကတော့ ယောင်္ကျားတွေဘဲ အညာဘက်က အလုပ်လာလုပ်တဲ့ ဗမာတိုင်းရင်သားတွေနဲ့ ကချင်ပြည်နယ်နမ္မတီးဘက်ကသူတွေ ပါတယ်လို့ ပြောတယ် ခုရှာတွေ့ထားတဲ့ထဲမှာလို့ ပြောပါတယ်။

လက်ရှိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ့ရှိထားတဲ့ထဲမှာ ဝါဝါအောင်ဆိုသူ အမျိုးသမီးရဲ့ ရုပ်အလောင်းလည်းပါရှိပြီး အမျိုးသားဖြစ်သူက  ဇွန်လ ၂၀ ရက်နေ့မှာ အရှင်လွတ်မြောက်လာခဲ့ပြီးတော့ လက်ရှိ ပန်ဝါပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သူက ဆက်ဆိုပါတယ်။

ရုပ်အလောင်းပျောက်ဆုံးနေသေးတဲ့သူတွေထဲမှာ  ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး နောက်ထပ် ကုမ္ပဏီလုပ်သား ၃၀ ဝန်ကျင် ပျောက်ဆုံးနေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြေပြိုတဲ့နေရာဟာ ပန်ဝါမြို့ကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်ခန့်သွားရတဲ့ ပါထိုင်ဟော်ရွာ ပြည်သူ့စစ်သင်တန်းကျောင်းဘေးမှာဖြစ်ပြီး ရှာဖွေတွေ့ထားတဲ့အလောင်းတွေကိုတော့ လုပ်ကွက်ရဲ့ဘေးမှာ မိုးကာတဲဲထိုးပြီး ထားထားတယ်လို့ သိရပါတယ်။

မြေပြိုမှုဖြစ်ပွားခဲ့တဲ့ လုပ်ကွက်နေရာထဲမှာ လုံခြုံရေးတင်းကြပ်ထားပြီး လက်ကိုင်ဖုန်းတွေ ယူဆောင်ခွင့်၊မှတ်တမ်းယူပိုင်ခွင့်လည်း မရှိဘူးလို့ ဒေသခံ အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

ဖုန်းတွေဘာမှယူလို့မရဘူး အားလုံးသိမ်းပေးလိုက်တာ ခုရှာဖွေရေးဆက်လုပ်နေသေးတယ် ခုမတွေ့သေးတဲ့ထဲမှာ ကိုယ်ဝန်ဆောင်လည်းပါတယ်လို့ ပြောတယ်လို့ ပြောပါတယ်။

ဒေသခံတွေပြောချက်အရ အဲဒီမြေရှားသတ္တုတွင်းဟာ ကချင်အထူးဒေသ (ပြည်သူ့စစ်ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနဲ့သားဖြစ်သူ ဇခုန်ယိန်းဆောင်တို့သားအဖရဲ့ လုပ်ကွက်အသစ်ဖြစ်တယ်လို့သိရပြီး ညနက်သန်းခေါင်မြေပြိုတာကြောင့် ကုမ္မဏီလုပ်ကွက်ထဲရှိနေတဲ့ ထမင်းချက်သူတွေအပါအဝင် စုစုပေါင်း ၅၀ ဝန်းကျင်ပျောက်ဆုံးနေတာဖြစ်ပါတယ်။

အလားတူဘဲ ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့မှာလည်း ပန်ဝါကနေ  မိုင်ခန့်အကွာမှာရှိတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်အမှတ် (က  မြန်မာမျိုးကိုကိုကုမ္မဏီရဲ့လုပ်ကွက် မြေပြိုကျပြီး လုပ်သား ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိသလို ဒီတစ်ကြိမ်သေဆုံးမှုက အများဆုံးဖြစ်ပါတယ်။

ကမ္ဘာ့သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်ကောင်စီအောက် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက်  ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

ဒီထဲမှာ သတ္တုတူးဖော်တဲ့ လုပ်ကွက် ဆိုက်ပေါင်း သုံးရာကျော်ရှိနေပြီး၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

By – CJ

Show More

Related Articles

Back to top button