သတင်း

နောင်တာလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး  အမျိိုးသား ၄ ဦးသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့ နောင်တောလောကျေးရွာမှာ  အစာအဆိပ်သင့်ပြီး  အမျိုးသား  ဦးသေဆုံးခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဇူလိုင်လ  ရက်နေ့က နောင်တာလောကျေးရွာ ရပ်ကွက်  မှာရှိတဲ့ ရိုးရာအရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်ခဲ့ကြတဲ့ အမျိုးသား ၁၅ ဦး အစာအဆိပ်သင့်ခဲ့တာဖြစ်ပြီး အဲဒီညမှာဘဲ အခြေအနေအရမ်းဆိုးတဲ့သူတစ်ချို့ကတော့ မြစ်ကြီးနားဆေးရုံပို့ဆောင်ပေမယ့် ဆေးရုံကြီးအရောက်မှာ  ဦးသေဆုံးတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။

သူတို့ပြောတာကတော့ ဝမ်းလျှောတယ် အန်တယ်တယ်တဲ့ပြီးတော့ အသက်ရှုကြပ်တာတွေဖြစ်တယ် သေသွားတဲ့ လူနာတွေကတော့ လည်ပင်းမှာမည်းလာတယ်လို့ ပြောတယ် ညိုညို မည်းမည်းကြီးပေါ့ အဲဒီလက္ခဏာတွေပြတယ်တဲ့လို့ မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေး အသင်း အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဇူလိုင်လ  ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာတော့ ကျန်နေသေးတဲ့ အစာအဆိပ်သင့်လူနာတွေကို ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံးကြီးကို ပို့ဆောင်ဖို့ မြင့်မြတ်စေတနာနဲ့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်သွယ်လာတာကြောင့် ၁၅ ဦးထပ်ပြိီး ပို့ပေးခဲ့ရာ အဲဒီထဲက အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး ကျန်တဲ့လူနာတွေကတော့ ကာကွယ်ဆေးထိုးပြီး ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

အရက်ဆိုင်ဖွင့်တဲ့နေရာအနီးမှာ အဆောင်အိမ်တန်းလျားပုံစံအိမ်ငှားနေထိုင်တဲ့နေနေရာမျိုးဖြစ်တဲ့အတွက် အနီးတစ်ဝိုက်မှာနေတဲ့ အမျိုးသားတစ်ချို့အရက်သွားသောက်ရာကနေ အဆိပ်သင့်ခဲ့တာဖြစ်ပြီး အရက်နဲ့အတူ ဒညှင်းသီး၊ အမဲသားနဲ့ ငါးခြောက်တွေလည်း တွဲစားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အဲဒီအရက်ရောင်းတဲ့ဆိုင်ကအရက်ချက်တဲ့အခါသုံးတဲ့ပါဝင်ပစ္စည်းတွေကို  ဓာတ်ခွဲခန်းမှာစစ်ဆေးဖို့ ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တွေယူသွားပြီး အရက်ဆိုင်ပိုင်ရှင်ကိုတော့ တာဝန်ရှိသူတွေခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာဆိုရင်လည်း အခုလို အစာအဆိပ်သင့်သူတွေဟာ ရေကြီးတဲ့အချိန်မျှောပါလာတဲ့တိရစ္ဆာန်တွေကို ချက်ပြုတ်စားသောက်ရာကနေဖြစ်ရတာဖြစ်တယ်လို့ သတင်းတွေထွက်နေပေမယ့်  KNG ဘက်က သေချာအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့်လည်း အစာအဆိပ်သင့်နိုင်တဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့ ကိုမေးမြန်းကြည့်ရာမှာကတော့ ငါးနဲ့တခြား  အသားအစိမ်းတွေမှာတွေ့ရတတ်တဲ့ နိုရိုဗိုင်းရပ်(Norovirus) လို အရာမျိုးတွေကြောင့်လည်း အစာအဆိပ်သင့်နိုင်ချေရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့် အစာအဆိပ်သင့်ပါက ကျောက်ကပ်ကို ထိပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ ပျို့အန်တာတွေကို ဖြစ်စေနိုင်သလို့ ရေဓာတ်ခန်းချောက်တာတွေကိုပါ ဖြစ်စေတယ်လို့ ဆိုပါတယ်။

တချို့ အစာအဆိပ်သင့်တဲ့အချိန်အရမ်းအန်လိုက်တာမျိုး ဝမ်းအရမ်းလျှောတာမျိုး ဖြစ်သွားတော့ ရေဓာတ်ခမ်းချောက်ပြီး ရေဓာတ်မြန်မြန်ပြန် မဖြည့်ပေးနိုင်တဲ့အတွက် ကျောက်ကပ်တွေ အလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးတာတွေ ဖြစ်နိုင်တယ် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရေဓာတ်နဲ့ ခုခံအားတော့ မတူဘူးပေါ့လို့  Kachin Backpack အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။

ဒါကြောင့်မို့လို့  ခုလို အဆိပ်သင့်တဲ့ အချိန်တွေဆိုရင် ဆေးရုံတွေမှာ ဆိုရင်တောင် ဖြေဆေးကို ချက်ချင်းရှာရခက်တဲ့အတွက် ထန်းညက်နဲ့ ကန်စွန်းရွက်ကိုထောင်းပြီး အဆိပ်ဖြေနိုင်သလို  ရေဓာတ်မခမ်းချောက်အောင် ဓာတ်ဆားထုပ်ကိုလည်း အမြဲဆောင်ထားသင့်ပြီး ဓာတ်ဆားထုပ်မရှိပါက ဆား၊ သကြားနဲ့ ရေသန့်တွေကို သေချာ ပေါင်းစပ်ပြီး အသုံးပြုနိုင်တယ်လို့ သူက အကြံပြုပါတယ်။

လက်ရှိဝိုင်းမော်မြို့နယ်က စစ်ရှောင် စခန်းတွေမှာ ဆိုရင်လည်း သောက်ရေ သုံးရေ မလုံလောက်မှုနဲ့ ညစ်ပတ်မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအပြင် တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button