စစ်ရေးသတင်း

ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား  ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် တစ်ပတ်ဝန်းကျင် လက်နက်ကြီးသံတွေငြိမ်သက်သွားပေမယ့် ဇူလိုင် ၁၀ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိလာတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဒီရက်ပိုင်းမှာ နောင်းချိန်းနဲ့ စန်ကားရွာတွေမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ်တွေက အပေါ်ကနေ ပစ်ခတ်တာတွေရှိပါတယ်။ ပစ်ခတ်ခံရတဲ့ စစ်တပ်ဘက်ကနေ ထိခိုက်တာတွေရှိတယ်လို့ကြားရတယ်။ အဲဒါကြောင့် အခု ဝိုင်းမော်မှာ လက်နက်သံတွေ ပြန်ကြားလာရတာက စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်နေတဲ့သဘောပါလို့ပြောပါတယ်။

နောင်းဟီးနဲ့ စန်ကားကျေးရွာတွေမှာ တပ်စွဲရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ KIA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်ခံရတာတွေရှိနေတာကြောင့် စစ်တပ်ဘက်ကနေ KIA တပ်တွေရှိနိုင်တဲ့ အောင်မြေ() အောင်မြေ() ခါးရှီ၊ နောင်စီပေါ၊ စတဲ့ကျေးရွာတွေကို ဇူလိုင် ၁၀၊ ၁၁ ရက်နေ့တွေမှာ ည၊ မနက်၊ နေ့လည် တစ်ရက်ကို သုံးကြိမ်ထက်မနည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အောင်မြေ() ခါးရှီ  ကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး အဲဒီကျေးရွာတွေမှာရှိတဲ့ ကျေးရွာနေပြည်သူတွေက ရွာလုံးကျွတ် စစ်ဘေးရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာမရှိတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်နေ ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားမြို့ဘက်က မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ)ကနေ လက်နက်ကြီးပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်နေ  မြစ်ကြီးနားမြို့ထဲက မြေမြင့်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်နေရာတွေမှာ လက်နက်ကြီးတွေထားပြီး ဝိုင်းမော်ဘက်ကို ပစ်ခတ်နေတယ်လို့လည်း မြေမြင့်ရပ်ကွက်နဲ့ နီးစပ်တဲ့ ပြည်သူတွေကပြောပါတယ်။

အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရက်ပိုင်းအတွင်း ရေဘေးကြုံတွေ့နေရတဲ့ ဝိုင်းမော်ဒေသခံပြည်သူတွေက တိုက်ပွဲပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လနဲ့ မေလ တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အောင်မြေ() အောင်မြေ() လမြန်၊ မုတ်ကျိတ်၊ နန်ဝါ၊ လဘန်၊ ဝူယန်  စန်ကား  နောင်ဟီး၊ ခါးရှီ၊ အင်းလေး စတဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေက ကျေးရွာထဲကနေ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

ဇူလိုင်  ရက်နေ့ ကစပြီး တစ်ပတ်ဝန်းကျင်လောက် အဆက်မပြတ်မိုးရွာသွန်းခဲ့တာကြောင့် ဝိုင်းမော်မြို့နယ်ထဲမှာ ရေကြီးရေလျှံဖြစ်ပြီး ဝိုင်းမော်ပြည်သူတွေ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင်စခန်းနေရာတွေမှာ ရေဝင်ရောက်ခဲ့တာကြောင့် စစ်ဘေးအပြင် ရေဘေးအန္တရာယ်ပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button