သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲကြောင့်ပိတ်နေတာ ၄ ရက်ကြာရှိလာ

စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေးမြစ်ကြီးနား လမ်းပိုင်းပိတ်နေတာ  ရက်ကြာရှိလာပြီး လမ်းတစ်လျှောက်ယာဥ်ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေအပါအဝင် ကားကြီး၊ကားလေးအမျိုးအစားအစုံပိတ်မိနေတာလို့ ကားသမားတစ်ဦးက ပြောပါတယ်။

ပိတ်မယ်လို့ ကြေညာထားတာကကြာပြီဗျ တကယ်ပိတ်တာကတော့  ရက်လောက်ပဲရှိသေးတာ။ အခုက တော့ တကယ်ပိတ်တာ ပိတ်တာကလည်း၆နေရာလောက်ရှိတယ်။ စစ်ဆေးရေးဂိတ်ရှိတဲ့နေရာတွေပေါ့။ နှစ်ဖွဲ့လုံးဘက်ကပိတ်တာ။ ကားကြီးကားလေးပေါင်းစုံပဲပိတ်မိနေတာ တော်တော်များများပဲ ကချင်ပြည် နယ်မှာစွဲတဲ့လိုင်းပေါင်းစုံပဲ လို့ပြောပါတယ်။

မန္တလေးမြစ်ကြီးနား လမ်းပိုင်းသွားလာခွင့်ပိတ်ဆို့မယ်လို့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ကားသမားတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ  ရက်နေ့ကတည်းကအသိပေးခဲ့တာဖြစ်ပြီး တိုက်ပွဲမဖြစ်ခင်ကားတစ်ချို့သွားလာ ကြရာကနေ အခုလိုကားတွေရာနဲ့ချီပိတ်မိကုန်တာလို့ ကားသမားတွေကပြောပါတယ်။

ဒါ့အပြင် ဗန်းမော်ရွှေကူ ပြေးဆွဲတဲ့ကားတွေဟာလည်းပိတ်မိနေပြီး တိုက်ပွဲက ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့အထိပြင်းထန်နေသေးတဲ့အတွက် လမ်းပိုင်းဘယ်တော့ပြန်ဖွင့်မလဲဆိုတာမသိရသေးဘူးလို့ ကားသမားတွေကပြောပါတယ်။

အင်းတော်မြို့နယ်သတင်းတွေကို တင်ပြပေးနေတဲ့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Indaw Revolution ဘက်ကတော့ အင်းတော်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးတိုက်ခိုက်မှု တွေလုပ်နေပြီး ထိခိုက်ပျက်ဆီးမှုတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

“ 
အင်းတော်ကလည်းမြို့သိမ်းတိုက်ပွဲလုပ်နေတယ်။ ဗျူဟာလမ်းကလည်း အင်းတော်မြို့ထဲကိုဖြတ်တာ ဆိုတော့ အဲ့တာကြောင့်ခဏပိတ်ထားတာနေမှာပါ။ အခုရဲစခန်းနဲ့ ဂျပန်ဆေးရုံပဲကျန်တယ်လို့သတင်းရပါ တယ်။

လို့စစ်ကိုင်းနဲ့ကချင်အစပ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအင်းတော်စစ်ရေးအခြေနေကိုပြောပြ ပါတယ်။

ကချင်နဲ့စစ်ကိုင်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး လက်ရှိ ကောလင်း ခရိုင်ထဲက ပင်လည်ဘူး၊ ကသာခရိုင်ထဲက အင်းတော်မြို့နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

အင်းတော်မြို့နယ်နဲ့ ပင်လည်ဘူးမြိုနယ်တို့မှာ စစ်ကောင်စီလက်အောက်ခံစစ်သားတွေအပါအဝင် ရှမ်းနီ အမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး တပ်စွဲအထိုင်ချထား တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။

မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် လမ်းပိုင်းမကြာခဏပိတ်လေ့ရှိပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ ဧပြီလတို့မှာလည်း ကန့်ဘလူ၊ ကောလင်း ဒေသတစ်ဝှိုက်တိုက်ပွဲတွေကြောင့် လမ်းပိုက်သွားလာခွင့်ပိတ်ဆို့တာတွေရှိခဲ့ပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button