စစ်ရေးသတင်း

ဗန်းမော်- မန္တလေးကားလမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်

ဗန်းမော်– မန္တလေးလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ စစ်ရေးစတင်တင်းမာလာတဲ့အတွက် စစ်ကိုင်း– ကချင်အစပ် လမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်တွေဘက်က ပိတ်လိုက်တာဖြစ်တယ်လို့  ဗန်းမော်ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။

အင်းတော်မှာ စစ်ရေးတင်းမာလာတဲ့နေ့ကစလို့ ပိတ်လိုက်တာလို့ သိရပါတယ်။ ဒီနေ့ထိလည်း ပိတ်ထားတယ် ဘယ်နေ့ဖွင့်မလဲ အတိအကျမသိရသေးဘူး အင်းတော်မှာက တိုက်ပွဲပြင်းထန်နေဆဲဆိုတော့ လောလောဆယ်တော့ ဘယ်ကားမှမထွက်ဘူး။ လမ်းကတော့ တိုက်ပွဲပေါ်မူတည်နေပါတယ်လို့ပြောပါတယ်။

ဗန်းမော်– မန္တလေးလမ်းပိုင်းကို ၂၀၂၄ ခုနှစ် မတ်လ  ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာခဲ့တဲ့နေ့ကစပြီး ကားလမ်းသွားလာခွင့်ကို လက်နက်ကိုင်နှစ်ဖက်တပ်တွေ အကန့်အသတ်နဲ့သာသွားလာခွင့်ပြုတော့တာဖြစ်ပါတယ်။

ဒါကြောင့် ဗန်းမော်မြို့အတွင်းက ပြည်သူတွေဟာ ခုနောက်ပိုင်း ဗန်းမော်ကနေ စင်းခန်းအထိ စက်လှေသွားပြီး စင်းခန်းကနေတစ်ဆင့် ကသာ၊ အင်းတော်လမ်း– မဲဇာတောင်ကိုဖြတ် ဝန်းသို၊ကောလင်း၊ ကန့်ဘလူ၊ ခင်ဦ၊ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်ကိုဖြတ်ပြီး မန္တလေးသွားရတာဖြစ်ပါတယ်။

ဒါပေမယ့် ဩဂုတ်လ ၁၂ ရက်နေ့ကစလို့ ကသာခရိုင်ထဲမှာ အင်းတော်မြို့နယ် မဲဇာတောင်ခြေနဲ့ အင်းတော်မြို့တွင်းထဲမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးပြင်းထန်နေတာကြောင့် ကားလမ်းပိုင်းပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။

ခုအဲဘက်မှာ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတော့ ဘယ်ချိန်ပြန်ဖွင့်မလဲဆိုတာတော့ မသိရသေးပါဘူး။လောလောဆယ် ရေကြောင်းလမ်းတစ်ခုဘဲရတယ်ဗျ။ ကုန်စျေးနှုန်းတွေက ပြောမနေနဲ့တော့ မတက်တာဘာမရှိဘူး လောလောဆယ်က လိုင်ဇာဘက်ကနေ နည်းနည်းပါးပါးဝင်တာလောက်ဘဲရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိ ဗန်းမော်မြို့နယ်ထဲကို မန္တလေးဘက်က ကုန်ကားအဝင်တွေမရှိတော့ဘဲ လိုင်ဇာဘက်ကနေ စင့်ကင်ဘက်ကနေ ဝင်ရောက်တဲ့ကုန်အနည်းအကျဉ်းသာရှိတော့တဲ့အတွက် အခြေခံစားသောက်ကုန်တွေစျေးအဆမတန်မြင့်တက်နေတယ်လို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။

လတ်တလော ဗန်းမော်မှာ ကြက်ဥတစ်လုံး ၇၀၀ ဝန်းကျင်ထိရှိလာပြီး ဆန်၊ဆီ၊ဆားတွေကလည်း စျေးနှုန်း  ဆခန့်မြင့်တက်လာတဲ့အပြင် တစ်ချို့အခြေခံစားသောက်ကုန်တွေပြတ်လပ်တဲ့အထိရှိလာနေတယ်လို့  သိရပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကုန်းကြောင်း၊လေကြောင်း၊ရေကြောင်းနဲ့အချက်ချာ ကျလှတဲ့မြို့ဖြစ်ပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့်အကွာ  KIO အခြေစိုက်ရာ လိုင်ဇာမြို့ကလည်း  ဗန်းမော်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၀ ဝန်းကျင်မှာရှိပြီး ဗန်းမော်ခရိုင်ကို မြို့နယ်  မြို့နယ်နဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

အဲဒီထဲက ဗန်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့ လက်နက်ကြီးတွေ မြို့တွင်း၊မြို့ပြင် လက်နက်ကြီးကျပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးတာလည်း ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်တာ၊ အခြေခံစားသောက်ကုန် အဓိကဝင်ရောက်တဲ့လမ်းတွေလည်း ပိတ်ထားတဲ့အတွက် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button