သတင်း

ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အော်ရီဒူးဖုန်းလိုင်းပြန်ရ

ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ဒီနေ့ကစပြီး  အော်ရီဒူး ( Oredoo) ဖုန်းလိုင်းတွေ ပြန်ရနေပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၉ ရက်နေ့စပြီး မြစ်ကြီးနားမြို့တွင်း MPT ဖုန်းလိုင်း အကန့်အသတ်နဲ့ရနေပြီး ဩဂုတ်လ ၂၀ ရက်နေ့ အော်ရီဒူးဖုန်းလိုင်းပြန်ရပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

အော်ရီဒူးဖုန်းလိုင်းက ခုနေ့လည်လောက်ကတည်းက ရနေတယ် ဖုန်းလိုင်းလည်းတော်တော်ကောင်းတယ်။ အင်တာနက်လိုင်းတော့မရသေးဘူးဗျလို့ ပြောပါတယ်။

အလားတူ မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်တွေမှာလည်း  ဩဂုတ်လ  ရက်နေ့ကစ MPTဖုန်းလိုင်းရခဲ့ပြီး ဩဂုတ်လ ၂၀ ရက် ဒီနေ့ကစ အော်ရီဒူး ( Oredoo) ဖုန်းလိုင်းရနေပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်အနက်  မြစ်ကြီးနားမြို့မှာ MPTနဲ့ Ooredoo ဖုန်းလိုင်းရနေပြီး၊ မိုးကောင်းမြိို့နယ်မှာ MPT လိုင်းအကန့်အသတ်နဲ့ Oredoo ဖုန်းလိုင်းနေရာတစ်ချို့  မိုးညှင်းမြို့နယ်မှာ Oredoo ဖုန်းလိုင်း၊ချီဖွေမြို့နယ်မှာ တယ်လိီနော ( Telenor)   ဆင်ဘိုမြို့မှာ တယ်လီနော၊ MPT  နောင်မွန်းမြို့နယ်မှာ MPT MEC ဖုန်းလိုင်းတွေရနေပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ ဖုန်းလိုင်းတွေ မရရှိသေးပါဘူး။

ဖုန်းလိုင်းမရသေးတဲ့ ဖားကန့်မြို့ထဲမှာ တစ်နာရီ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပေးပြီး အင်တာနက်လိုင်းသုံးနေရသလို တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ဗန်းမော်မြို့နယ်မှာ စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးကနေ ပြည်သူတစ်ဦး  မိနစ်နဲ့ဖုန်းပြောခွင့်ရနေတာလို့ သိရပါတယ်။

ဖားကန့်မှာ မရသေးဘူး ကျနော့်ဖုန်းထဲမှာ အော်ရီဒူးကဒ်ထည့်ထားတယ် ဖုန်းလိုင်းမရသေးပါဘူး။ ဒီမှာက အင်တာနက်ကို ဆိုင်မှာသုံးနေရတုန်းပါလို့ ပြောပါတယ်။

အထက်ဖော်ပြပါ အချက်လက်တွေဟာ KNG ကစုစည်းထားတဲ့ အချက်လက်သာဖြစ်ပြီး မြို့နယ်တစ်ချို့ရဲ့ ဖုန်း၊အင်တာနက်လိုင်းအခြေနေအသေးစိတ်တော့ မသိရသေးပါဘူး။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ဇူလိုင်လ ၂၁ ရက်နေ့စလို့ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်သွားတာဖြစ်ပြီး တစ်လအကြာမှာ အော်ရီဒူးလိုင်းပြန်ရရှိလာတာလည်းဖြစ်ပါတယ်။

ခေတ်မီတိုးတက်လာတာနဲ့အမျှ လူတွေဟာ ပညာရေး၊ကျန်းမာရေ၊ စစ်ရေးသတင်းအချက်လက်သိရှိဖို့ ဆိုရှယ်မီဒီယာကို သုံးစွဲလာကြသလို သတင်းအချက်အလက် ရယူပိုင်ခွင့်ကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။

သို့သော် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖုန်းနဲ့အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ်တာ၊ ဖြတ်တောက်တာပိုမိုလုပ်ဆောာင်လာနေတာဘဲဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ  ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်မှု အဆိုးဆုံးခံနေရတဲ့ တရုတ်ပြီးရင် ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

By – zami

Show More

Related Articles

Back to top button