လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်
စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁ နာရီခွဲမှာ လားရှိုးမြို့ ရပ်ကွက် ၂ ရထိုက်ဟိုတယ်နဲ့ ဖူလီလိုက်ဟိုတယ်နေရာကို ပေါင် ၅၀၀၊ ဗုံး ၂ လုံး ပထမအကြိမ်ကြဲချခဲ့ပြီး မနက် ၄ နာရီဝန်းကျင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခဲ့တာကြောင့် အဆောက်အအဦးထိခိုက်ပျက်စီးပြီး အရပ်သားထိခိုက်သေဆုံးခဲ့တာဖြစ်
“တစ်ခါလာကြဲရင် ၂ လုံးဟုတ်တယ်။ ဒီမနက်လာကြဲတာက ရပ်ကွက် ၂ ကို အဓိက ဦးတည်ပြီး လာကြဲသွားတယ်။ တစ်လုံးက လမ်းပေါ်မှာပဲကျလုံးထိခိုက်မှု
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီက မန်ဆူဘက်ကို ဦးတည်ပြီး လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးသွားပါတယ်။
စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်ကို ၂ ရက်ခြား လေကြောင်းနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှု
ခုလို စစ်တပ်က လားရှိုးမြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေရပ်ပြန်လာနေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေလည်း ပြန်လည်ထွက်ခွာသူတွေရှိသလို အခြားမြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြရတဲ့လားရှိုးဒေသခံအားလုံးနီးပါးလည်း ပြန်လာလို့မရပဲ ကာလကြာရှည်လာပြီဖြစ်ပါတယ်။
“စစ်တပ်က လားရှိုးကို ပြန်ယူချင်တဲ့သဘောနဲ့ လေကြောင်းကနေပဲ ဆက်တိုက် လာတိုက်ခိုက်နေတာလို့ယူဆရတယ်။ ဒီလိုပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှုများမယ်။ ဒေသခံပြည်သူတွေလည်း စိုးရိမ်လို့ပြန်ထွက်နေကြတဲ့သူတွေများတယ်။ တချို့က အဆင်မပြေလို့ မထွက်တဲ့ဟာတွေနဲ့ ပြန်ထွက်ကြတဲ့သူတွေလည်းရှိကြတယ်” လို့ လားရှိုးဒေသခံ ဆက်ပြောပါတယ်။
လက်ရှိလားရှိုးမြို့မှာ တစ်အိမ်မှာ တစ်ယောက်နှုန်းနဲ့ နေအိမ်စောင့်တဲ့သဘောမျိုး ပြန်လာနေကြတဲ့သူတွေကလွဲပြီး လားရှိုးဒေသခံအားလုံးနီးပါးကတော့ နေရပ်မပြန်လာကြသေးဘူးလို့ဆိုပါ
တစ်ဖက်မှာ လားရှိုးမြို့ထဲအုပ်ချူပ်ရေးယန္
လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ကတည်းကစပြီး ကိုးကန့် MNDAA ဘက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သွားတာ ၁ လ ကျော် ကြာလာပြီဖြစ်ပေမဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေသေးတာလည်း ပါတယ်။
By – ဂျာဘောက်ရာ