စစ်ရေးသတင်း

အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်ထွက်မှာ SNA တပ်ဖွဲ့ စစ်ဆေးရေးတင်းကြပ်ပြီးတပ်သားစုဆောင်းနေ

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်အထွက်မှာ SNA တပ်က စစ်ဆေးရေးတင်းကြပ်ထားပြီး တပ်သားစုဆောင်းနေတယ်လို့ နန့်မွန်းဒေသခံတွေ ပြောပါတယ်။

အောက်တိုဘာလ  ရက်နေ့ နန့်မွန်းမြို့အဝင်ဂိတ်မှာ လူငယ်  ဦးကိုဖမ်းဆီးသွားတဲ့အပြင် အောက်တိုဘာလအတွင်းမှာလည်း  ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ ဒေသခံတစ်ဦး  KNG ကိုခုလိုပြောပါတယ်။

ဟိုနေ့က လူငယ်  ယောက်ဖမ်းခံရတယ်။ ပြန်လွတ်သလား မလွတ်လားတော့ မသိဘူးလို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ  ရက်နေ့စ  SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ နန်းမွန့်မြို့တွင်း နေရာ  နေရာမှာ ဂိတ်အထိုင်ချပြီး စစ်ဆေးရေးတင်းကြပ်ကာ တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ 

လက်ရှိ နန့်မွန်းမြို့ထဲ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာ၊ နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာ စုစုပေါင်းနေရာ  နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ ဖမ်းဆီးစုဆောင်းထားတဲ့သူတွေထဲက တစ်ချို့ကို ပိုက်ဆံနဲ့ပြန်ရွေးယူခွင့်ပြုပေမယ့် အများပိုင်းက ပြန်လွှတ်ပေးတာမျိုးမရှိဘဲ ဖမ်းဆီးစုဆောင်းရသူတွေကို ဟုမ္မလင်းဘက်ပို့ပြီး စစ်သင်တန်းပေးနေတာတွေလုပ်နေတယ်လို့ နန့်မွန်းဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

အခုမှပထမအသုတ်ဟုတ်တယ် အခုသင်တန်းတက်နေကြပြီ ပြီးတောင်ပြီးတော့မှာ အများကြီးပဲ အယောက် ၂၀၀ လောက်ရှိမယ် ကားဆယ်စီးနဲ့ရောက်လာခဲ့တာရွာပေါင်းစုံကနေ တချို့အသက် ၅၀ ကျော်တွေတောင်ပါတယ်”လို့ ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာလည်း လမ်းသွားလမ်းလာ လူငယ် ၅၀ ဦးခန့်ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

ခုလို လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာသူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့်  နန့်မွန်းမြိို့တွင်း လမ်းသွားလမ်းလာ နည်းပါးနေတယ်လို့သိရပါတယ်။ 

နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံက ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ် KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာ စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။

အဲဒီနောက် ဇွန်လ တတိယပတ်ကတည်းကနေ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button