သတင်း

ဝိုင်းမော်မြို့ မှာ အသက်၁၅ နှစ်အရွယ် လူငယ်တစ်ဦး နောက်ပြန်ကြိုးတုတ်ခံရပြီး ရေတွင်းထဲ သေဆုံးနေ

ဝိုင်‌မော်မြို့ ၊ စန်းကားကျေးရွာအနီးရှိ အာလူးဘာရီကျေးရွာမှာ အသက် ၁၅ အရွယ် လူငယ်တစ်ဦး နောက်ပြန်ကြိုးတုပ်ခံရတဲ့ အနေအထားနဲ့ ရေတွင်းထဲ သေဆုံးနေတယ်လို့  မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

နေအိမ် ရေတွင်းထဲလူတစ်ဦးသေဆုံးနေလို့ အိမ်ရှင်တွေက ဒီကနေ ၁ နာရီ ဝန်းကျင်မှာ အကူအညီတောင်းခံလာတယ်လို့ ဆိုပါတယ်။

လူမှုကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိသွားချိန်မှာတော့ သေဆုံးသူဟာ  အသက်၁၅နှစ်အရွယ် မောင်ကံချား ဖြစ်နေတာကို သိရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒါအပြင် မောင်ကံချားဟာ  ၅ရက်ဝန်းကျင် ကြာ ပျောက်ဆုံးနေတာ ဖြစ်ပြီး ကိုယ့်အိမ်က ရေတွင်းမှာဘဲ သေဆုံးနေတာကို မိသားစုဝင်တွေ တွေ့ရှိခဲ့တာဘဲ  ဖြစ်ပါတယ်။

ဒဏ်ရာတော့ မရှိဘူးဗျ  လက်ရယ် လည်ပင်းရယ် ခြေထောက်ရယ်က ကြိုးတုပ်ထားတာ ရေတွင်းထဲကို ပစ်ချထားတာ သူကပုပ်တော့ ပေါ်လာတာလို့ မွန်မြတ်စေနာအသင်း တာဝန်ရှိသူက ပြောပါတယ်။

ရုပ်အလောင်းကိုတော့ ဝိုင်းမော် ရင်ခွဲရုံကိုဘဲ ပို့ဆောင်ထားတယ်လို့ သိရပြီး မူခင်းပတ်သက်တဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ သေချာ မသိရှိသေပေးမယ့်  အသတ်ခံထားရတဲ့ အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း ဝိုင်းမော်မြို့မှာ  ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ခုထိ တွေ့ရှိခဲ့တာ ဖြစ်ပြီး များသောအာဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးကြတာ ဖြစ်တယ်လို့ မွန်မြတ်စေတနာ အသင်းက ဆိုပါတယ်။

By – Hope

Show More

Related Articles

Back to top button