သတင်းဆောင်းပါး

ကချင်ဒေသက စစ်ဘေးရှောင်များ လူသားချင်းစာနာမှုအကူအညီလိုအပ်နေ

အခုဒီမှာ လုပ်ကိုင်စားသောက်ဖို့ နေရာမရှိတော့ အရမ်းခက်ခဲတယ်။ကလေးတွေကများ သက်ကြီးရွယ်အိုတွေနဲ့ဆိုတော့လေ” လို့ ဝိုင်းမော်မြို့နယ်စစ်ရှောင်းစခန်းတစ်ခု စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။

ကုလသမ္မဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ်နောက်ပိုင်း စစ်ရှောင်ဦးရေ ၇၅၀,၀၀ ပေမယ့် လက်ရှိ ၂၀၂၆ ဇန်နဝါရီ ၂၆ ရက်အထိ ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဦးရေဟာ ၂၄၃,၂၀၀ ဦးထိ ရှိလာပြီလို့ ဖော်ပြထားပါတယ်။

ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်  နှစ်အတွင်း စစ်ရှောင်ဦးရေ ၁၆၈၂၀၀ အထိသိသိသာသာတိုးလာခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကလည်း အရေးပေါ်လိုအပ်လာပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း  နှစ်ကျော်အတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး အထူးသဖြင့် ဝိုင်းမော်၊ ဖားကန့်၊ ဗန်းမော် စတဲ့ဒေသတွေမှာ ၂၀၂၄ မတ်လဝန်းကျင်ကစပြီး စစ်ရေးအရှိန်မြင့်လာတဲ့အတွက် ပြည်သူတွေ ထပ်မံတိမ်းရှောင်ခဲ့ရပါတယ်။ 

စစ်ရှောင်ခါစ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ အစားအသောက်၊ ကျန်းမာရေး အထောက်အပံ့ရခဲ့ပေမယ့် ၂၀၂၅ ဇန်နဝါရီလ မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရ လက်ထက် နိုင်ငံတကာအကူအညီတွေကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

အဲဒီနောက် WFP ကနေပြီးတော့ ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံက လူဦးရေ  သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့တွေ ရပ်ဆိုင်းရတော့မယ်လို့ ၂၀၂၅ မတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီရရှိဖို့ အစစအရာရာ ပိုမိုခက်ခဲလာပါတယ်။ 

ဒါ့အပြင် စစ်ရှောင်နေတဲ့သူတွေအများစုဟာ လယ်သမားတွေဖြစ်ကြပေမယ့် လက်ရှိ တိမ်းရှောင်နေကြတဲ့ နေရာဒေသတွေမှာ လယ်လုပ်ငန်းလုပ်ဖို့ မြေလည်း မရှိသလို ကိုယ့်ရပ်ရွာပြန်ပြီး လယ်လုပ်ဖို့ကြပြန်ရင်လည်း လက်နက်ကြီးနဲ့ လေကြောင်းရန်တွေကို ကြောက်နေရတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုဒီမှာက ကလေးတွေများတယ်၊ ကျောင်းတတ်တဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ ဖျားနာတာတွေရှိတော့ တောဘက်တော့ ပြန်မသွားနိုင်၊ ဒီမှာလုပ်ကိုင်စားသောက်ဖို့ နေရာမရှိတာကြောင့် အရမ်းခက်ခဲနေတယ်လို့ ဆိုပါတယ်။

ခုလို အခြေအနေတွေကြောင့် လက်ရှိစစ်ရှောင်နေတဲ့ ပြည်သူတွေဘဝဟာ ပိုပြီး ကြပ်တည်းလာနေပါတယ်။ 

ဒါ့အပြင် လူဦးရေသိပ်သည်းစွာနဲ့နေထိုင်နေရတဲ့စစ်ရှောင်တွေဟာ မိုးရာသီဆိုရင်လည်း ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းလျှောဝမ်းပျက် ရောဂါတွေ ပိုများပြီး ကာကွယ်ဆေးမရှိတာကြောင့် ကိုယ်ထူကိုယ်ထ ကုသနေရတာ ဖြစ်ပါတယ်။ 

ကချင်ကျန်းမာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ ပြောကြားချက်အရ စစ်ရှောင်ပြည်သူတွေဟာ နိုင်ငံရေးအခြေအနေကြောင့် ကူညီပေးနိုင်မှု ၂၀၂၃ အကုန်လောက်မှာ ပိုခက်လာပြီး အစိုးရအဖြစ် စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေတယ်လို့ ဆေးဝါးလိုက်လံကုသနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဆေးဝါးကုသရာမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသင့်တယ်။ ပြည်သူတွေကို ဆေးဝါးသယ်ယူပို့ဖို့ခက်၊ လိုက်လံကုသဖို့ခက်နေတယ်။ ရှိသေးတဲ့ ဆေးဝါးတွေကို အချင်းချင်းကူညီပြီး ကုသတာလွဲပြီး မကျန်တော့ဘူး။ ဒါကြောင့် အချင်းချင်း ကူညီမှု အရေးကြီးတယ်လို့ပြောပါတယ်။

စစ်ရှောင်စခန်းအများစုမှာ သာမန် ရောဂါတွေကို ကုသနိုင်ပေမယ့် ဝမ်းပျက်၊ ငှက်ဖျား၊ တုပ်ကွေး၊ အဆုတ်တီဘီလို ဝေဒနာရောဂါတွေကို ကုသဖို့ ပိုခက်လာနိုင်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ကြော့ပြန်တိုက်ပွဲကနေ ၁၀ နှစ်ကျော် စစ်ရှောင်နေခဲ့သူတွေလည်း နေရပ်ပြန်ပြီး အခြေချရန် အခက်တွေ့နေကြပါတယ်။

တစ်ကြော့ပြန် စစ်ရှောင်ဒုက္ခသည် ပြည်သူတွေအကြောင်း ပြောပြရမယ်ဆိုရင် ကချင်လွတ်လပ်ရေးတပ်မတော် စကစ ဗိုလ်ချုပ်ဦးနေဝင်းလက်ထက် ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ စကစတို့အကြား ၁၉၉၄ခုနှစ်တုန်းက ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ဟာ စကစဘက်က ကေအိုင်အေကို နယ်ခြားစောင့်တပ်အနေနဲ့ အသွင်းပြောင်းဖို့ ဖိအားပေးရာကစပြီး  ပျက်စီးလာခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့  ၁၅နှစ်ကျော်ကြာ ရပ်တန့်ထားတဲ့ ကေအိုင်အေနဲ့ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်ဟာ ၂၀၁၁ခုနှစ် ဇွန်လမှာ တစ်ကြော့ပြန်တိုက်ပွဲနဲ့အတူ  ပြန်လည် ပြတ်ဆဲသွားခဲ့တာဘဲ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ကချင်နေရာဒေသ အနှံ့အပြားက ပြည်သူတွေဟာ နီးစပ်ရာ လုံခြုံစိတ်ချရတဲ့ ဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အဲဒီစစ်ရှောင်ပြည်သူတွေရဲ စားဝတ်နေရေး၊ ပညာရေးနဲ့ ပက်သက်တဲ့ ကိစ္စအများစုကို သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး WFP (World Food Programme) ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၊ OCHA

ကုလသမဂ္ဂ လူသားချင်းစာနာရေး ညှိနှိုင်းရေးရုံး  UNICEFကုလသမဂ္ဂ ကလေးသူငယ်အရေးရာအဖွဲ့ တွေနဲ့ တခြား နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည် တွေ၊ INGO လို အဖွဲ့အစည်းတွေကနေပြီးတော့ အကူအညီတွေ ပေးနေခဲ့တာ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ကတော့ မိမိတိမ်ရှောင်နေထိုင်တဲ့ နေရာဒေသတွေမှာဘဲ လုပ်ကိုင်စားသောက်ကြသလို မိမိတို့ သားသမီးတို့ကိုလည်း နီးစပ်ရာ ကျောင်းတွေမှာ တက်ရောက်စေခဲ့ပါတယ်။

 ဒါပေမယ့်လည်း ဆယ်နှစ်ကျော်အကြာမှာတော့  သက်ဆိုင်ရာ နှစ်ဖက် တာဝန်ရှိသူတွေဘက်က တစ်ကြော့ပြန်တိုက်ပွဲကြောင့် စစ်ရှောင်လာသူတွေကို နေရပ်ပြန်ဖို့ ပြန်လည် ညွှန်ကြားထားခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကနေ လက်ရှိချိန်ထိ နေရပ်ပြန်သူတွေ ရှိနေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မိမိရဲ့နေရပ်ဒေသကို ၁၀နှစ်ကျော်ကြာ တိမ်းရှောင်သွားခဲ့ရတာ ဖြစ်တဲ့အတွက် နေအိမ်အဆောက်အအုံတွေ အကုန်လုံးလည်း ပျက်စီးသွားခဲ့ရတာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် နေရပ်ပြန် ပြည်သူတွေအတွက် ပျက်စီးသွားတဲ့ နေအိမ်အဆောက်အအုံတွေကို ပြည်လည်တည်ဆောက်နိုင်ဖို့ လိုအပ်သလို စာသင်အရွယ်ကလေးတွေအတွက် စာသင်ကျောင်းတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးရုံ ဆေးခန်းတွေလည်း လိုအပ်နေတာ ဖြစ်တယ်လို့ နေရပ်ပြန် စစ်ရှောင်ပြည်သူ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

အရေးပေါ်လိုအပ်နေတာက လက်ရှိပြန်နှင့်ပြီ ဖြစ်တဲ့သူတွေအတွက်ကတော့ အစားအသောက်၊ ဆေးဝါး၊ တဲအိမ်ဆောက်လုပ်နေထိုင်ဖို့ ပလပ်စတစ် မိုးကာ သွပ်၊ တွေက သူတို့အတွက် အခက်အခဲကြီးတစ်ခု။ ပြီးတော့ ကျောင်းတက်တဲ့ သားသမီးရှိတဲ့ မိဘတွေအတွက်ကတော့ ဒီနှစ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေ ကျောင်းဖွင့်ပေးနိုင်ဖို့ မျှော်လင့်နေတာပေါ့လို့ ဆိုပါတယ်။

ဒါအပြင် လက်ရှိ နေရပ်ပြန်ပြည်သူတွေ ပြန်မယ့်နေရာဒေသတွေဟာ တစ်ချိန်က စစ်မြေတလင်း ဖြစ်ခဲ့တဲ့အတွက် စစ်လက်နက် အကြွင်းအကျန်နဲ့ မြေမြုပ်မှိုင်း အန္တရာယ်တွေကို စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိ ဝူယန်ကျေးရွာ၊ မဒိန်ကျေးရွာ၊ စန်းကားကျေးရွာ အုပ်စု၊ ခတ်ချိုကျေးရွာ စတဲ့ ကျေးရွာတွေမှာဆိုရင်လည်း  ပြီးခဲ့တဲ့ လတွေတုန်းက  ပျှမ်းမျှတစ်လကို တစ်ကြိမ်နှုန်းနဲ့ မြေမြုပ်မှိုင်းကြောင့် ခြေလက်ပြတ်သူတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် နေရပ်ပြန်ပြည်သူတွေဟာ မြေမြုပ်မှိုင်းအန္တရာယ်နဲ့ စစ်လက်နက် အကြွင်းအကျန်တွေကို ရှင်းလင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

မြေမြုပ်မှိုင်းနဲ့ ပက်သက်ပြီး KWATကနေပြီးတော့ ကောက်ယူရရှိထားတဲ့ ဒေတာအရတော့ ကချင်ပြည်နယ်မှာ မြေမြုပ်မှိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြား ရှိနေပေမယ့်လည်း ဘယ်အဖွဲ့အစည်းရဲ့ မြေမြုပ်မှိုင်း ဖြစ်တယ်ဆိုတာကိုတော့ သေချာ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒါအပြင် မြေမြုပ်မှိုင်းတွေကို ဘယ်နေရာမှာ ဘယ်အချိန်တုန်းက မြုပ်ခဲ့သလဲဆိုတာကို မသိရှိနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မြေမြုပ်မှိုင်း အန္တရယ်နဲ့ပက်သက်ပြီး အသိပညာပေး အစီအစဉ်တွေကို အမြဲလေ့လာ ကြည့်ရှု့သင့်တယ်လို့ ဆရာမဆန်ထွယ်(KWAT)က ခုလိုဆက်ပြောပါတယ်။

အုပ်ချုပ်နေတဲ့ တာဝန်ရှိသူတွေက မြေမြုပ်မှိုင်း ရှင်းလင်းရေးကို လုပ်ရမှာ ဖြစ်တယ်။ ပြီးတော့ ပြည်သူတွေကလည်း သတ်မှတ်ထားတဲ့ မသွားဖို့ တားမြစ်ထားတဲ့ နေရာတွေကို လိုက်နာရမှာ ဖြစ်ပါတယ်လို့ဆိုပါတယ်။

အရပ်ဘက် အဖွဲ့အစည်းတွေကနေပြီးတော့ စစ်ရှောင်ပြည်သူတွေနဲ့ ဝေးလံခေါင်ပါးတဲ့ နေရာဒေသက ပြည်သူတွေကို မြေမြုပ်မှိုင်းနဲ့ ပက်သက်တဲ့ အကူအညီတွေ၊ စားနပ်ရိက္ခာ အကူအညီတွေ၊ ကျန်းမာရေး အကူအညီတွေကို တက်နိုင်သလောက် လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ် ဒေသတွင်းက စစ်ရေးအခြေအနေတွေကြောင့် နှစ်ဖက်စစ်တပ်ဖက်က စစ်ဆေးဂိတ်တွေမှာ သွားလာရခက်ခဲတာတွေလည်း အမြဲကြုံတွေ့နေရတဲ့အတွက် အရင်လို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ကူညီနိုင်ဖို့အတွက်ကလည်း ပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။

တစ်ဖက်မှာ နိုင်ငံတကာ အနေနဲ့လည်း မြန်မာနိုင်ငံက ပြည်တွင်းစစ်အခြေအနေကို မိသားစုတွင်းဖြစ်တဲ့ ပြဿနာလို့သာ မှတ်ယူထားကြတဲ့အတွက် အကူအညီပေးတာတွေကိုလည်း လျှော့ချလိုက်ကြသလို မြန်မာနိုင်ငံထက် ပိုပြီး ဒုက္ခရောက်နေတယ်လို့ ယူဆရတဲ့ နိုင်ငံတွေကို ပေးလာတာ ဖြစ်ပါတယ်။

ဒါအပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုလည်း အာဆီယံကတစ်ဆင့် ပေးတာမျိုးတွေကိုသာ လုပ်ဆောင်လာတဲ့အတွက် အကူအညီတွေကို တကယ်လိုအပ်နေတဲ့ နေရာတွေကို တိုက်ရိုက်မရောက်ဘဲ စစ်ကောင်စီကတစ်ဆင့် ကူညီတာမျိုးတွေကိုသာ လုပ်ဆောင်လာကြတာ ဖြစ်တယ်လို့ WLB-Women’s League of Burma) လို့ ပြောရဲ့ ဆိုခွင့်ရှိသူ ဆရာမ Moon Nay Li ကခုလိုပြောပါတယ်။

လာမယ့်အချိန်တွေမှာ အကူအညီတွေက ပိုမိုလျှော့နည်းလာမှာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့က တက်နိုင်သလောက် ကျွန်မတို့ ဒေသမှာ ပြည်သူလူထုတွေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်တိုက်လိုအပ်နေတာတွေကို ဘယ်လိုအခြေအနေ ဖြစ်နေတယ်ဆိုတာတွေကို ကမ္ဘာ့က သိအောင် များများပြောပြဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။

ဒါအပြင် တော်လှန်ရေးလို့ ဖြစ်လာပြီး နောက်ပိုင်းမှာလည်း တချို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီးတော့ တော်လှန်ရေး အောင်မြင်ဖို့အတွက် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်လာကြတဲ့အတွက် တော်လှန်ရေးခရီး ကြာရှည်နေပြီး မအောင်မြင်ရုံသာမက တိုင်းပြည်လည်း ပိုမို ပျက်စီးလာတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် လက်ရှိမြန်မာ နိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုအကူအညီ အဲဒီအကူအညီတွေကို လိုအပ်သူ ဦးရေဟာ ၁၉.၉သန်း ရှိနေပြီး ဖြစ်တယ်ဆိုတာကို UN(ကမ္ဘာ့ကုလသမ္မဂ)ရဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၇ရက်နေ့ရဲ့ ထုတ်ပြန်ချက်အရ သိနိုင်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ စုစုပေါင်း လူဦးရေ သန်း၅၀ကျော်နဲ့ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် လူဦးရဲ့ သုံးပုံ ပုံရင် တစ်ပုံကျော်ဟာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီ အာဏာမသိမ်းခင် ကာလကတော့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီဟာ ၁သန်းသာ ရှိခဲ့တယ်လို့  UNရဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ မတ်လအတွင်း ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

By – Hope

Show More

Related Articles

Back to top button