ဗန်းမော်နဲ့ရွှေကူမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲလို့ဆို

ကချင်ပြည်နယ်ထဲက ဗန်းမော်နဲ့ရွှေကူမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ နေ့တိုင်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်နဲ့ ရိက္ခာတွေကို လေကြောင်းကနေဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်  ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်ကနေ နေ့လယ်  နာရီဝန်းကျင်အထိ ရွှေကူမြို့နယ် KIA တပ်ရင်း ၁၂ နယ်မြေထဲမှာရှိတဲ့ အထက်လေးလမ်းဆုံဘက်ကို  စစ်ကောင်စီဘက်က ခလရ (၅၆) ခမရ (၆၀၂နဲ့ တပ်မ (၈၈လက်အောက်ခံ ခမရ (၃၇၈)နဲ့ ခမရ (၄၁၆ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်တယ်လို့ ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပြောပါတယ်။

နေ့တိုင်းနီးနီးဖြစ်နေတာပဲ စစ်တပ်ဘက်က စစ်အင်အားတော်တော်သုံးပြီးကို စစ်ကြောင်းထိုးနေတာဟုတ်တယ်လို့ ပြောပါတယ်။

လတ်တလော အဲဒီစစ်ကြောင်းတွေနဲ့ KIA ပူးပေါင်းတပ်တို့ဟာ ရွှေကူမြို့၊ အထက်  လမ်းဆုံနဲ့ ငအိုးရွှေကူလမ်းပိုင်း သုံးခွဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အထက်  လမ်းဆုံမှာ ဖြစ်နေတဲ့ အဲဒီတိုက်ပွဲဟာ ရွှေကူမြို့အတွင်းက စစ်သားတွေဟာ ဗန်းမော်ဘက်ကို ဦးတည်လှုပ်ရှားဖို့ ပြင်ဆင် လာတဲ့အတွက် မြို့အထွက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အလားတူ  စစ်တပ်ဘက်က ဗန်းမော်မြို့ စကခ (၂၁အခြေစိုက်စခန်းကိုလည်း Y-8 လေယာဉ်နဲ့ စစ်ဘက်ဆိုင်ရာ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ပို့နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်  ရက်နေ့မှာတော့ ဗန်းမော်မြို့တွင်းတပ်ထဲ စစ်လက်နက်၊ရိက္ခာအထုတ် ၄၀ ကျော်ကို လေကြောင်းကနေ ချပေးခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးက ပြောပါတယ်။

PSA

ဒါ့အပြင် ဗန်းမော်မြို့ ကန်တော်ကြီးရပ်ကွက်ဘက်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကေအိုင်အေ ပူးပေါင်းတပ်တွေ ရှိတဲ့နေရာတွေကို ဒရုန်းနဲ့ မကြာခဏ တိုက်ခိုက်နေသလို၊KIA  သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ စစ်အင်အား၊ လက်နက်နဲ့ ရိက္ခာတွေ ထပ်မံဖြည့်တင်းနေသလို လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေကိုလည်း တိုးချဲ့ကာ စစ်ဆေးရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

သူတို့က လေကြောင်းအသုံးပြုပြီး ရိက္ခာတွေပို့နိုင်လို့ ဒီတိုက်ပွဲကကြာနေတာဟုတ်တယ်။ ဒီရက်ပိုင်းဆို နေ့တိုင်းလိုလို ကန်တော်ကြီးဘက် လေကြောင်းနဲ့လည်းလာလာပစ်နေတယ်လို့ နောက်ထပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပြောပါတယ်။

KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ဗန်းမော်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတာဟာ ခုဆိုရင် တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေ စတင်လာတဲ့ ဗန်းမော်တိုက်ပွဲဟာ ဆက်တိုက်ဖြစ်ပွားလာခဲ့တာဖြစ်ပြီး၊ မြို့အနီးတဝိုက်နဲ့ အဓိကလမ်းကြောင်းတွေမှာ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ပြင်းထန်နေသလို ရွှေကူနယ်မှာလည်း နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေတာ နှစ်လဝန်းကျင်ရှိလာနေပြီဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း စစ်ရေးအခြေအနေတွေ ဆက်လက်တင်းမာနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း အရှိန်မြင့်လုပ်ဆောင်နေတာကြောင့် နှစ်ဖက်တပ်အကြား နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

Show More

Leave a Reply

Back to top button