မူးယစ်ဆေးဝါးသတင်း

ဝိုင်းမော် စာသင်ကျောင်းတဝိုက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူပေးဖို့ဒေသခံတွေတောင်းဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့ အထက (စာသင်ကျောင်းနားမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးရွားလာနေတာကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

ဝိုင်းမော်မြို့ရဲ့အခြေခံပညာအထက်တန်းကျောင်းဖြစ်တဲ့ အထက (ကျောင်းဟာ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ရပ်ကွက်(မှာရှိပြီး ကျောင်းရဲ့ဘေးပတ်ပတ်လည်လမ်းတွေမှာ   မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေ အုပ်စုလိုက်  ဦးကနေ ၁၀ ဦးဝန်းကျင်ထိ နေ့တိုင်း လာရောက်သုံးစွဲနေကြတယ်လို့ သိရပါတယ်။

အခုလို ကျောင်းရဲ့လမ်းဘေးဝဲယာမှာ မူးယစ်ဆေးဝါးပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲနေကြတာတွေကြောင့် ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေအနာဂတ်စိုးရိမ်မိတယ်လို့ မိဘတစ်ဦးက ခုလိုပြောပါတယ်။

ကျွန်တော်တို့ကတော့ အရမ်းစိတ်မကောင်းဘူးပေးဘူးဗျ ကလေးတွေရဲ့ ကျောင်းပတ်လည်မှာရှိနေကြတာဆိုတော့ ကလေးတွေကအမြင်မဆန်းဖြစ်နေတာပေါ့ အတုမြင် အမြင်တတ်ဖြစ်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့မှာ အထက ( အနီး မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲနေကြတာဟာ နှစ်နဲ့ချီကြာနေပြီဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ထိရောက်တဲ့အရေးယူမှုတွေမရှိတဲ့အတွက် တဖြည်းဖြည်းပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးလာတာကြောင့် ရပ်ကွက်ထဲက ပြည်သူတွေစုပေါင်းပြီးမောင်းထုတ်တာ၊ ရဲတွေကို တိုင်ကြားတာတွေလုပ်ပေမယ့်လည်း ဖမ်းဆီးအရေးယူတာမရှိတဲ့အတွက် ထူးခြားမှုရှိမလာဘူးလို့  ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ရဲတွေကလည်း လာတော့လာတယ် ဒါပေမယ့် ပိုက်ဆံဘဲယူပြီး ပြန်ပြန်သွားတယ်။ ကျွန်တော်လည်း ဆေးရောင်းတဲ့သူကိုမေးကြည့်တော့ သူတို့ပြောတာက ရဲတွေကတစ်ခါတစ်လေ မင်းတို့မချရသေးဘူးမလားဆိုပြီး ပိုက်ဆံလာပေးတာမျိုးတောင်လုပ်တယ်လို့ ပြောတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်အရ ရဲတွေဟာမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးတာမလုပ်ဘဲ အခွန်ကောက်ခံတဲ့ပုံစံမျိုးသာလုပ်လေ့ရှိတဲ့အတွက် ကျောင်းဘေးနားတစ်လျှောက် လွတ်လွတ်လပ်လပ်ရောင်းဝယ်သုံးစွဲသူတွေ ပိုဆိုးလာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ ပြည်သူတွေက ပြောပါတယ်။

အခုလို အခြေအနေတွေကြောင့် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့နှစ်ကတည်းကနေ အသက်မပြည့်သေးတဲ့ ကလေးငယ်တော်တော်များများလည်း မူးယစ်ဆေးဝါးတွေသုံးစွဲတတ်လာပြီး ပျက်စီးလာကြတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် ဝိုင်းမော်ဒေသခံတွေတိမ်းရှောင်ချင်ပေမယ့်လည်း မူးယစ်ဆေးဝါးရဲ့နောက်ဆက်တွဲပြသာနာဖြစ်တဲ့ ခိုးဆိုးလုနှိုက်တွေပေါများတဲ့အတွက် အိမ်စောင့်လျက်နေနေကြတာဘဲ ဖြစ်ပါတယ်။

အာဏာမသိမ်းခင်  မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းကောင်းနဲ့ တိုက်ဖြတ်နိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်ရဲ့ကန့်သတ်ချက်တွေကြောင့် ရပ်နားထားရတာဘဲ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်နေရာအနှံ့မှာ လောင်းကစားရုံတွေအပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုယှက်တာတွေလည်း များလာတာဘဲ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှုအများဆုံး‌ ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။

အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

By – Hope

Show More

Related Articles

Back to top button