တိုက်ပွဲသတင်း

ဖားကန့်တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က တပ်ခွဲမှူးနဲ့တပ်သားတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦးအလင်းဝင်လာ

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့မှာ စစ်ကော်မရှင်တပ်ဘက်က တိုက်ပွဲအတွင်း အရာရှိတစ်ဦးသေဆုံးပြီး တပ်သား ၆ ဦး အလင်းဝင်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်နေကြချိန် ဇန်နဝါရီလ ၂ ရက်နေ့မှာတော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထဲက တပ်သားတစ်ဦးအရင်ဆုံး အလင်းဝင်လာရာကနေ ဒီကနေ့မနက်ပိုင်းမှာလည်း‌ နောက်ထပ်တပ်သား ၅ ဦးထပ်မံအလင်းဝင်လာတာ လို့အခြေနေသိရှိသူတွေကအတည်ပြုပါတယ်။

ဒါ့အပြင် အဆိုပါအလင်းဝင်လာတဲ့တပ်သားတွေကဘဲ ဒီရက်ပိုင်းအတွင်းနှစ်ဖက်တိုက်ပွဲမှာ တပ်ခွဲမှူးဇာနည်အောင်ဆိုသူနဲ့ တပ်သားတစ်ဦးသေဆုံးတာကို အတည်ပြုပေးခဲ့တာလို့ သိရပါတယ်။

စစ်ကြောင်းထိုးတဲ့ ၃၈၁ တပ်ရင်းက မနေ့ကတပ်သားတစ်ယောက် ဒီနေ့မနက်ပိုင်းမှာ တပ်သား ၅ ယောက်အလင်းဝင်လာတယ်။ပြီးတော့ အဲ့တိုက်ပွဲကနေ အလင်းဝင်လာတဲ့သူတွေရဲ့ပြောကြားချက်အရ ၃၈၁ က တပ်ခွဲမှူးအရာရှိတစ်ယောက်နဲ့ တပ်သား တစ်ယောက်ကျသွားပြီလို့အဲ့လိုအနေအထားသိရတယ်လို့တော်လှန်ရေးအင်အားစုနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကအတည်ပြုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ အလင်းဝင်လာသူတွေကို ၎င်းတို့နဲ့တစ်ပါတည်းယူဆောင်လာတဲ့ လက်နက်ပေါ်မူတည်ပြီး ဆုကြေးငွေတွေချီးမြှင့်လေ့ရှိပေမဲ့ ဒီတစ်ကြိမ်အလင်းဝင်လာသူတွေဆုငွေဘယ်လောက်ရတယ်ဆိုတာအတည်မပြုနိုင်သေးပါဘူး။

ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ တော်လှန်ရေးအင်အားစုတွေနေရာယူထားတဲ့ ဆိပ်မူကျေးရွာကိုဦးတည် စစ်ကြောင်းထိုးလာရာကနေ ဒီနေ့အထိနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြတာဖြစ်ပါတယ်။

အရာရှိတစ်ဦးသေဆုံးတာလည်းဟုတ်ပါတယ်။ အခုတိုက်ပွဲက သူတို့ဘက်ကစစ်ကြောင်းထိုးလာလို့ဖြစ်တာပါ။ အလင်းဝင် လာတဲ့ကိစ္စကတော့အတည်မပြုနိုင်သေးပေမဲ့ ဖြစ်နိုင်ပါတယ်လို့ဖားကန့်မြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆက်ပြောပါတယ်။

ဒါ့အပြင် ဖားကန့်မြို့မှာ ဒီရက်ပိုင်းအတွင်း နှစ်ဖက်ပြင်းထန်လာတဲ့တိုက်ပွဲအကြား လက်နက်ကြီးထိမှန်လို့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရ သလိုနောက်ထပ် အရပ်သား ၁၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button