ညမထွက်ရအမိန့်အကြောင်းပြပြီး အဖမ်းဆီးကြမ်းနေ

မြစ်ကြီးနားမှာ စစ်တပ်နဲ့ရဲ့တွေဟာ ညမထွက်ရအမိန့်ကိုပြန်လည်အသက်သွင်းနေပြီး အဖမ်းဆီးအစစ်ဆေးကြမ်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။

ဧပြီလ ၂၅ ရက် ဒီမနက်  နာရီဝန်းကျင် ရမ်ပူ၊ရွှေညောင်ပင်  လယ်ကုန်းရပ်ကွက်ထဲက မိုးမလင်းဈေးရောင်းဖို့ ထွက်လာကြတဲ့ ဈေးသည်တစ်ချို့ကို ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးကာခံဝန်ကတိထိုးပြီး ပြန်

လွတ်ပေးခဲ့သလို ဧပြီလ ၂၆ ရက် မနေ့ညမှာလည်း တပ်ကုန်းရွှေလမ်းမမှာ အမျိုးသား  ဦးဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ မြို့ခံတစ်ဦး KNG ကိုပြောပါတယ်။

လူငယ်  ယောက် ဆိုင်ကယ်နဲ့လာတာ တားပြီးအရင်မေးနေတာဟုတ်တယ်။ နောက်တော့ လက်ထိပ်ခတ်ပြီးကားပေါ်တင်သွားတယ်။  ဆိုင်ကယ်တော့ အဲရဲတွေစီးသွားတာပဲမြင်လိုက်တယ်။ဘယ်သူတွေလဲဆိုတာ မသိရဘူးလေ ကျနော်တို့လည်းအနားမကပ်ရဲတာလို့ ဖြစ်စဉ်ကိုတွေ့ရှိတဲ့အမျိုးသားတစ်ဦးပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို အသေးစိတ်မသိရသလို စစ်တပ်က ညမထွက်ရအမိန့်ကြောင့်ဖမ်းဆီးခြင်းဖြစ်တယ်လို့သာ ပြောဆိုပြီးဖမ်းဆိီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး  နှစ်အကြာ မတရားရွှေးကောက်ပွဲကျင်းပပြီးနောက် မတရားအစိုးရဖွဲ့စည်းထားပြီး အစိုရအသစ်လက်ထက် မြိုလုံခြုံရေး ရက် ၁၀၀ လို့ဆိုကာ  မြို့တွင်းစစ်ဆေးကြမ်းနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်း မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကင်းပုန်းဝပ်တာ၊ ကင်းလှည့်တာတွေ အရင်ကထက်ပိုဆိုးဆိုးရွားရွားလုပ်လာနေတယ်လို့ မြို့ခံတွေပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဖားကန့်မြို့နယ်မှာ ညမထွက်ရအမိန့်ကိုထုတ်ပြန်ပြီး  လတစ်ကြိမ်သက်တမ်းတိုး‌နေသလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ  ရက်မှာ သက်တမ်းတိုးထားပါတယ်။

အလားတူ ၂၀၂၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာလည် ညမထွက်ရအမိန့်ကိုထပ်မံသက်တမ်းတိုးထားတာလည်းဖြစ်ပါတယ်။ ဒါကြောင့်လူငယ်တွေအနေနဲ့သတိထားသွားလာဖို့လိုအပ်တယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ခုလိုအကြုံပြုထားပါတယ်။

ခုသူတို့က အစိုရသစ်ဆိုတော့ စပြီလေ အကြောင်းမျိုးမျိုး ခေါင်းစဉ်မျိုးမျိုးတပ်ပြီး ဖမ်းနေမှာပဲ  အဲတော့ဖြစ်နိုင်လို့ရှိရင် မလိုအပ်ပဲအပြင်မထွက်ကြတာကောင်းတယ်။လူငယ်တွေပိုသတိထားရမယ့်အချိန်ဖြစ်တယ်လို့ပြောပါတယ်။

ညမထွက်ရ အမိန့်မှာ  ၁၀ နာရီမှ နံနက်  နာရီအတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာ လမ်းများ၊ လမ်းသွယ်များ၊ လမ်းကြားများ၊ ဥယျာဉ်များနှင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် လူငါးဦးနှင့်အထက် စုဝေးခြင်းမပြုလုပ်ကြရန်ပါရှိသလို လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများရှိနေသောကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားခြင်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ မြစ်ကြီးနားမှာတော့ ခိုးဆိုးလုယက်မှုပိုများလာနေတဲ့အပေါ် ပြည်သူတွေကြားဝေဖန်မှုရှိနေတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button