မြစ်ကြီးနားမှာ နေအိမ်တစ်လုံး မီးလောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်သစ်၊လမ်းသွယ် ( )နယ်မြေ (၁၅) မှာ မေလ ၄ ရက် ဒီမနက် ၈ နာရီဝန်းကျင် နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်()စီး၊ မီးသတ်ရေသယ်ယာဉ်()စီးတို့အသုံးပြုပြီး မီးငြိမ်းသတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မီးလာချိန် မီးအားသုံးရာကျော်ဆောင့်တတ်ပြီး ဖောင်းခနဲထလောင်တာတဲ့ ဘေးအိမ်ကန်ကရေနဲ့ ပတ်တာမနိုင်ဘဲ မီးအားကြီးသွားတော့ တစ်အိမ်လုံးလောင်သွားတာ ဘေးအိမ်တွေမလောင်သွားတာကံကောင်း ။အိမ်ထဲမှာလူမရှိတာလဲကံကောင်းတယ်လို့ဆိုရမယ်လို့ပြောဆိုနေတာ ဘဲ ဖြစ်ပါတယ်။

မီးလောင်ကျွမ်းတာနဲ့ပက်သက်ပြီး လူမှုကွန်ယက်ပေါ်မှာတော့ လျှပ်စစ်မီးရှော့‌ကြောင့်စလောင်တာဖြစ်ကြောင်းရေးသားနေတာကိုလည်း တွေ့ရပြီး ဒီမီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့နဲ့အတူ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက ပူးပေါင်း ငြိမ်းသတ်ခဲ့ကြတာ ဖြစ်ပြီး ၈နာရီခွဲလောက်မှာတော့ ပြန်လည်ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်မှာလည်း ရွှေစက်ရပ်ကွက်၊ ကရိန်နော်အပန်းဖြေစခန်းသွားရာ လမ်းမကြီးနဘေးက ဆီဘောက်ဇာကားတချို့အပါအဝင် စက်သုံးဆီသိုလှောင်တဲ့ဂိုဒေါင်နေရာ မီးလောင်မှုဖြစ်ပွားခဲ့သလို မတ်လ ၃ရက်နေ့ ခေမာသီရိ လမ်းသွယ် ၂၁၊ ပညာအလင်းတန်းဘော်ဒါဆောင် မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလ တစ်လအတွင်းမှာဘဲ လယ်ကုန်းရပ်ကွက် နယ်မြေ()မှာ နေအိမ် ၄လုံးမီးလောင်ခဲ့သလို၊ မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနားက နှစ်ထပ်အိမ် တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်၂စီးနဲ့အတူ အိမ်တစ်ခုလုံး လောင်ကျွမ်းသွား ခဲ့တာဘဲ ဖြစ်ပါတယ်။

KNG ကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရတော့ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်မှာ မီးလောင်ကျွမ်းမှု ၅ကြိမ် ဖြစ်ပွားခဲပြီး လူသေဆုံးသူ တစ်ဦးရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအချက်အလက်တွေဟာ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ မြစ်ကြီးနားဒေသခံတွေရဲ့ ပြောကြားချက်အပေါ်မူတည်ပြီး ကောက်ယူရရှိထားတာ ဖြစ်တဲ့အတွက် မြေပြင်အခြေအနေနဲ့ကတော့ ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။

စစ်ကောင်စီအောက် မီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းများအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အထိ ၁ဝ နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၃၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်စဉ်မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ ၁၈ဝဝ ခန့်ဖြစ်ပွားပြီး နှစ်စဉ်ကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံးခဲ့ကာ မီးလောင်မှု ဖြစ်စဉ် အများစုကတော့ လျှပ်စစ်မီး၊ ပေါ့ဆမီးနဲ့ မီးဖိုမီးတွေ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button