အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရတဲ့ဒဏ်ရာကြောင့်သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး အဲဒီဒဏ်ရာနဲ့ဘဲ မနေ့ကသေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့  ည ၉နာရီဝန်းကျင်အချိန် စံပြရပ်ကွက်၊ နယူးလူကြီးမင်းကားဝပ်ရှော့ဆိုင်မှာ အသက် ၅၀နှစ်အရွယ်အမျိုးသမီး လမ်းလျှောက်နေချိန် အနောက်ကနေအမျိုးသားတစ်ဦး ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကယ်တိုက်ခဲ့တဲ့ အမျိုးသားကထွက်ပြေးသွားပေမယ့်လည်း အတိုက်ခံခဲ့ရတဲ့ အမျိုးသမီးကတော့ ဦးခေါင်းနဲ့ နောက်စေ့မှာဒဏ်ရရာရရှိခဲ့ပြီး အဲဒီဒဏ်ရာနဲ့ဘဲ မေလ ၄ ရက်  ည ၈နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ခုလိုပြောပြပါတယ်။

နောက်စေ့မှာ သွားထိပြီးတော့မှ ဦးခေါင်းခွံကွဲသွားတယ်။ ဦးနှောက်ထဲမှာ သွေးယိုပြီးတော့ သွေးခဲပြီးတော့ ဦးနှောက်ကို ထိသွားတာလို့ ဆိုပါတယ်။

ဆိုင်ကယ်တိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပက်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းဆိုရှယ်မီဒီယာပေါ်မှာ ဆိုင်ကယ်လုယက်ခံတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေ အမှန်တကယ်တော့ ဆိုင်ကယ်တိုက်ခံခဲ့ရတာဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက KNGကို ခုလို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ဖြစ်စဉ်ကိုတော့ အဲဒီအနီးနား တစ်ဝိုက်မှာ ရှိနေတဲ့ အမျိုးသမီးတစ်ချို့ကနေပြီးတော့ တွေ့ပြီး ပြောပြခဲ့တာဟုတ်တယ်။ ဆိုင်ကယ်လုယက်ခံတာတော့ မဟုတ်ဘူး။တိုက်ခံရတာပါလို့  ဆိုပါတယ်။

မိသားစုဝင်တွေပြောပြချက်အရ ဆိုင်ကယ်အတိုက်ခံရတဲ့ညက မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးလည်းတွေပြတ်တောက်မှုကြောင့်  တစ်လမ်းလုံးလည်း မှောင်နေတဲ့အချိန်ဖြစ်သလို   သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသိမိတ်ဆွအိမ်တစ်အိမ်မှာ ဖုန်းအားသွားသွင်းပြီး အိမ်ကိုလမ်းလျှောက်ပြန်လာတဲ့အချိန် နောက်ကနေ ဆိုင်ကယ်နဲ့ အတိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်ကယ်အတိုက်ခံရပြီးနောက် ဆုတောင်းပွဲကပြန်လာတဲ့လူကြီးတွေကနေပြီးတော့တွေ့ရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးအသင်းကို ဆက်သွယ်ကာ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့် လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် အောက်စီဂျင်လည်း သေချာမပေးနိုင်ခဲ့သလို သေချာဆေးကုသမှု မပြုလုပ်နိုင်ခဲ့တဲ့တွက် ဆေးရုံကြီးမှာ တစ်ရက်ဝန်းကျင်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် မိသားစုဝင်တွေကနေပြီးတော့ မလိဇွမ်ဆေးရုံကြီးကို ပြောင်းလည်းရွှေ့ခဲ့ပြီး အဲဒီဆေးရုံကနေပြီးတော့ ဦးခေါင်းကို ခွဲစိတ်ကုသပေးကာ အခြေအနေကောင်းမွန်တာဖြစ်လို့ ၂ရက်ဝန်းကျင်လောက်ဆိုရင် ပြန်လည် သတိရလာမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မနေ့ည (မေ ၅ရက်) ည ၈နာရီ ဝန်းကျင်အချိန်မှာတော့ ဆုံးပါးသွားပြီဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူတွေကနေပြီးတော့ မိသားစုဝင်တွေကို အကြောင်းကြားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိချိန်မှာတော့ ဆိုင်ကယ်နဲ့ တိုက်ပြေးသွားတဲ့ အမျိုးသားကိုလည်း သေချာ မသိရှိရသေးတဲ့အတွက်  မိသားစုဝင်တွေကနေပြီးတော့ ပြစ်မှုကျူးလွန်သူကို  တာဝန်ရှိသူတွေကနေပြီးတော့ သေချာ ဖမ်းဆီးအရေးယူပေးဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ဦးထိ ရှိခဲ့ပြီး အသက် ၁၈နှစ် မပြည့်သေးတဲ့ ကလေးသူငယ် ၃ဦး ပါဝင်နေတာကိုလည်း တွေ့ရတာ ဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button