မြစ်ကြီးနားမှာ လုယက်မှုများကြောင့် သေဆုံးသူ ၃ ဦးထက်မနည်းရှိလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန်လ တစ်လအတွင်း လုယက်မှုတွေကြောင့် သေဆုံးသူ  ဦးထက်မနည်းရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။

မြို့ခံတွေပြောတာအရ သေဆုံးသူတွေထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး  ဦးပါဝင်ပြီး ဂျန်မိုင်ကောင် ဝက်ခုံနား၊ မန်ခိန်ရပ်ကွက် စနေကျောင်းလမ်းကြားနဲ့ ရပ်ပူရပ်ကွက် စတဲ့နေရာတွေမှာ လုယက်ခံရတာလို့ပြောပါတယ်။

အဲဒီထဲက ပထမဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်၂၃ ရက်နေ့ ဂျန်မိုင်ကောင်ရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို အသိမိတ်ဆွေတစ်ဦးက ခေါင်းကိုရိုက်ပြီး ဖုန်းနဲ့ ဆိုင်ကယ်တွေ လုယူသွားခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်ပိုင်း  ရက်အကြာမှာ မလိဇွပ်ဆေးရုံအနီးမှာ ရုပ်အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတစ်ဦး KNG ကို ပြောပါတယ်။

ရမ်ပူဘက်သွားတဲ့အချိန် နောက်ကနေ ရိုက်ခံရတယ်လို့ ကြားတယ်။ အသိမိတ်ဆွေတစ်ယောက်တဲ့ ခေါင်းကိုရိုက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းတွေယူသွားတာပဲ” လို့ သူက ဆိုပါတယ်။

သံသယရှိသူကို တွေ့ထားတယ်လို့ ကြားရပေမယ့် အမှုဖွင့်အရေးယူဖို့တော့ အခက်အခဲရှိနေသေးတယ်လို့လည်း သူကဆက်ပြောပါတယ်။

နောက်ထပ်ဖြစ်စဉ်မှာ မန်ခိန် စနေကျောင်းလမ်းကြား မနက်  နာရီဝန်းကျင်မှာ အလုပ်သွားနေတဲ့ အမျိုးသမီးတစ်ဦးကို လူငယ်  ဦးက လုယက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

PSA

အဲဒီအမျိုးသမီးက ဆိုင်ကယ်လဲကျပြီး ဒဏ်ရာပြင်းထန်သွားတာကြောင့် ဆေးရုံတင်ကုသခဲ့ပေမယ့်  ၁၁ နာရီဝန်းကျင်မှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြုတ်ကျတဲ့အရှိန်နဲ့ နှာခေါင်းရော နားကပါ သွေးထွက်တယ်။ ဆေးရုံရောက်ပေမယ့် မနက်မရတော့ဘူး” လို့ သူတို့က ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးကတော့ မိသားစုကောင်းကောင်းမွန်မွန်နဲ့နေထိုင်သူဖြစ်ပြီး သားသုံးယောက် ကျန်ရစ်ခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံဖြစ်စဉ်က ပြီးခဲ့တဲ့အပတ် ကြာသာပတေးနေ့ ညနေ  နာရီဝန်းကျင်မှာ ဂျန်မိုင်ကောင် ဝက်ခုံနားမှာ ကလေးတွေနဲ့အတူ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦးကို နောက်ကနေ လိုက်လာပြီး ဝါးရင်းတုတ်နဲ့ရိုက်ကာ ဖုန်းနဲ့ အိတ်တွေ လုယူသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသမီးကတော့ ရိုက်နှက်ခံရတဲ့ဒဏ်ရာကြောင့် သေဆုံးသွားပြီး ကလေးနှစ်ယောက် ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့ထဲမှာတော့ မလိဇွပ်ဆေးရုံလမ်းကြား၊ မန်ခိန်၊ ရွှေစက်၊ ရမ်ပူ၊ တပ်ကုန်း၊ ဂျန်မိုင်ကောင် စတဲ့ရပ်ကွက်တွေမှာ လုယက်မှုတွေ မကြာခဏဖြစ်နေပြီး ဖုန်း၊ ဆိုင်ကယ်နဲ့ တခြားအဖိုးတန်ပစ္စည်းတွေ လုခံနေရတာတွေ တိုးလာနေတယ်လို့ ဆိုပါတယ်။

လုယက်သူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှု မရှိသေးတာကြောင့် ပြည်သူတွေကတော့ သွားလာချိန်မှာ အထူးသတိထားဖို့ လူမှုကွန်ရက်တွေကနေ သတိပေးနေကြပါတယ်။

By – Hope

Show More

Leave a Reply

Back to top button