ရွှေကူမှာ စစ်ကောင်စီတပ် စစ်ကြောင်းအများစု ပြန်ဆုတ်

ရွှေကူမြို့နယ်ထဲမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းအများစုဟာ ပြီးခဲ့တဲ့ ဇူလိုင်  ရက်ကစပြီး ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေကူဗန်းမော်လမ်းနဲ့ ရွှေကူငအိုးလမ်းပိုင်းဘက်ကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။ 

ဒါပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် အများစုက ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားရတာဖြစ်တယ်လို့ ရွှေကူမြို့နယ် .က. တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အားလုံးဆုတ်သွားကုန်ပြီ ရွှေကူဘက်ကိုဆုတ်သွားတာဗျ ငအိုး– ကသာဘက်ကိုပိတ်ထားပေးတယ် ရွှေကူဘက်ပဲဟပေးထားတော့အဲ့ဘက်ကိုဆုတ်သွားတယ် အခု မန်နားလေးနဲ့ ခတ်ခုံကြားမှာ စစ်ကြောင်းတစ်ခုပဲကျန်တယ် အဲ့တာ ဆုတ်သွားရင် ရွှေကူ –ငအိုးလမ်းကစကစ ကင်းစင်သွားပြီလို့သူကပြောပါတယ်။

စစ်တပ်က တစ်လနီးပါး ထိုးစစ်ဆင်ခဲ့တဲ့အချိန်အတွင်း ရွှေကူငအိုးလမ်းပိုင်းက စကားကုန်းလမ်းခွဲ၊ ညောင်ပင်ကွေ့၊ ပွိုင့် ၁၁၇ နဲ့ ပွိုင့် ၁၁၅ စတဲ့နေရာတွေကို ယာယီထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုတော့ KIA ပူးပေါင်းတပ်တွေက အဲဒီနေရာတွေကို ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ မန်နားလေးနဲ့ ခတ်ခုံကျေးရွာကြားမှာ စစ်ကြောင်းတစ်ခုသာ ကျန်ရှိနေပြီး အဲဒီစစ်ကြောင်းပါ ဆုတ်သွားရင် ရွှေကူငအိုးလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မရှိတော့ဘူးလို့ ပြောပါတယ်။

လက်ရှိ ကျန်ရှိနေတဲ့ စစ်ကြောင်းကတော့ မန်နားလေးနဲ့ ခတ်ခုံကြားမှာ အင်အား ၈၀၀ ဝန်းကျင်နဲ့ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်တွေက အဲဒီစစ်ကြောင်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ 

မန်နားလေးဘက်ကို ရှင်းနိုင်ရင် လမ်းပိုင်းတစ်ခုလုံး ကင်းစင်သွားမှာပါ။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း အခြေအနေပြောင်းနိုင်ပေမယ့် စောင့်ကြည့်ရဦးမယ် လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ရွှေကူတိုက်ပွဲမှာ KIA PDF ပူးပေါင်းတပ်တွေအပြင် AA စစ်ကြောင်းတွေလည်း အားဖြည့်ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

လတ်လောမှတော့ ကျန်ရှိနေတဲ့ စစ်ကြောင်းတွေက ကိုင်းရွာနဲ့ တော်လန်ရွာဘက်ကို မြေပြင်ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ ရွှေကူမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကိုင်း၊ တော်လန်၊ ရွှေဘုန်းမြင့်၊ လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ငှက်တံတား၊ တုံးကောက်၊ စီသာ၊ မန်ဝိန်း၊ စီမူကြီး၊ ဝင်ဝ၊ မန်နားကြီး၊ နောင်လတ်ကြီး၊ ခေါလဲ၊ စင်းဖုတ်၊ စီသောင်နဲ့ တာလီကျေးရွာတွေက ဒေသခံတွေဟာ မေလကုန်နဲ့ ဇွန်လဆန်းပိုင်းကတည်းက စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button