စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ကစတင်လို့တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်တွေက အင်းတော်မြို့နယ်အတွင်းရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေကပြောပါတယ်။…
Read More »“လစာမှန်လည်း မမှန်လည်း နှစ်သိမ့်ပြီးတော့ နေနေရတာ အချိန်တန်လို့ သုံးလေးလလောက်စုပြီး ကိုယ်လစာရလာတဲ့အခါကျတော့ ကိုယ်ကချေးငှားစားထားတော့ပိုက်ဆံကမကျန် ပိုက်ဆံအကြောင်းလည်းနားမလည်တော့ ထမင်းစားရရင်ပြီးရောဆိုပြီးနေခဲ့တာ”လို့ဆိုပါတယ်။
Read More »ရှမ်းမြောက် (ကြူကုတ်)ပန်ဆိုင်းမြို့မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်တဲ့ MNDAA အရာရှိကို သေဒဏ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ ပန်ဆိုင်းမြို့ ၊ ရပ်ကွက် ၇ မှာနေထိုင်သူ အသက် ၂ နှစ်အရွယ် သမီးငယ်ကို ကိုးကန့် (MNDAA )တပ်ဖွဲ့ အရာရှိတစ်ဦး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လည် ၁ နာရီဝန်းကျင် အိမ်စီးကားနဲ့ နေအိမ်ကနေလာခေါ်သွားပြီးနောက် တရုတ်နယ်စပ်ချောင်းဘေးတစ်နေရာမှာ မဒိမ်းကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “နေ့လည် ၁ နာရီကတည်းက ကလေးကို ကားခေါ်စီးမယ်ဆိုပြီး ခေါ်သွားတာ မုန့်တွေ ဖျော်ရည်တွေလည်း ဝယ်ကျွေးတယ်တဲ့ ပြီးတော့ နယ်စပ်ချောင်းနားမှာ မဒိမ်းကျင့်ပြီး အိမ်ပြန်ခေါ်လာတာ။ ညနေ ၆ နာရီလောက်မှာ ကလေးအမေက သူ့ကလေးကို သွားပြန်ခေါ်တဲ့အချိန် ကလေးက နုံးနေပြီ။ ကလေးမိန်းမကိုယ်ကနေ သွေးတွေ တရပြွတ်ထွက်ပြီး အန်တဲ့အချိန်လည်း အမျိုးသားသုတ်ရည်တွေပါနေတဲ့ ကလေးအမေက ကိုးကန့်ကိုပြောတော့၊ ကိုးကန့်ဘက်က ဆေးရုံခေါ်သွားပေးတယ်၊ Rape case မလို့ ပန်ဆိုင်းမှာလက်မခံဘူး၊ လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်။ ကလေးမိန်းမကိုယ်က အားလုံးစုတ်ပြဲသွားလို့ သုံးဆင့်ထပ်ပြီး ချူပ်ခဲ့ရတယ်လို့ပြောတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ မုဒိမ်းပြုကျင့်ခံရသူ သမီးငယ်ဟာ အသက် ၂ နှစ် ၅ လအရွယ်သာရှိပြီး ပန်ဆိုင်းမြို့ဆေးရုံခေါ်သွားချိန် ကလေးကမေ့မျောနေပြီဖြစ်ကာ ပန်ဆိုင်းဆေးရုံမှာ လက်မခံတာကြောင့် ကိုးကန့်တပ်ဖွဲ့က လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်လို့ ဆိုပါတယ်။ ဒေသခံတွေပြောချက်အရ မုဒိမ်းကျင့်ခံရတဲ့ ကလေးငယ်ရဲ့ ခါးနှစ်ဖက်မှာ လက်နဲ့ကိုင်ညစ်တဲ့ဒဏ်ရာအပြင် မိန်းမကိုယ်အင်္ဂါလည်း ဆိုးရွားစွာစုပ်ပြဲသွားတဲ့အတွက် သုံးဆင့်ထပ်ချူပ်လိုက်ရပြီး လားရှိုးမြို့ဆေးရုံမှာ ၃ ရက်ခန့်ဆေးကုသခံယူပြီးနောက် လက်ရှိ ပန်ဆိုင်းဆေးရုံမှာ ဆက်လက်ဆေးကုသနေတယ်လို့ ဆိုပါတယ်။ သက်ငယ်မုဒိမ်းပြစ်မှုကျူးလွန်သူဟာ ကိုးကန့် MNDAA တပ်ဖွဲ့ထဲက ကားဆရာ အသက် ၅၅ နှစ်အရွယ် ဦးရှောက်ချိဆိုသူဖြစ်ပြီး ဇနီး၊ သား၊သမီး၊မြေးတွေရှိတဲ့အပြင် MNDAA အရာရှိတစ်ဦးလည်းဖြစ်ပြီး ကလေးငယ်မိသားစုနေအိမ်နဲ့ အိမ်နီးချင်းကပ်ရပ်ဖြစ်တဲ့အပြင် ပုံမှန်ဝင်ထွက်လေ့ရှိကာ အချင်းချင်း ခင်မင်ရင်းနှီးကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးငယ်ကိုကားလျှောက်ပတ်စီးဖို့ ခေါ်သွားတာဖြစ်ပြီး နေအိမ်ကနေ ၁ ဖာလုံလောက်အကွာရှိ တရုတ်နယ်စပ်ချောင်းဘေးမှာ မဒိမ်းကျင့်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကလေးအမေက ကလေးကိုသွားခေါ်တဲ့အချိန် ကလေးအခြေအနေကြောင့် ထိတ်လန့်ပြီး ပြစ်မှုကျူးလွန်သူကို သွားပြောတယ်။ အဲဒီအချိန် အဲဒီပြစ်မှုကျူးလွန်တဲ့ကိုးကန့်အရာရှိက သူတာဝန်ယူမယ်လို့ပြောတယ်တဲ့။ ဒါပေမဲ့ ဘာမှတာဝန်မယူဘူးကလေးမိဘတွေက MNDAA တပ်ဖွဲ့ကို ပြန်တိုင်တယ်။ MNDAA က ကလေးမိခင်ကိုလည်း အိမ်မှာပဲနေဖို့ပြောပြီး ဆေးရုံကိုမလိုက်ခိုင်းဘူး။ ကလေးအဖေနဲ့ ကလေးကိုပဲ ဆေးရုံခေါ်သွားပေးတာဟုတ်တယ်။ ကလေးအမေက သူ့ကိုဆေးရုံလည်း မလိုက်ခိုင်းဘူးဆိုတော့ အချိန်ပြည့် ငိုပဲငိုပြီး ရွာက အမျိုးသမီးအဖွဲ့တွေကို ပြောပြမှ သိရတာဟုတ်တယ်။” လို့ ပန်ဆိုင်းအမျိုးသမီးကဆက်ပြောပြပါတယ်။ မုဒိမ်းမှုကျူးလွန်ခံရသူ ကလေးငယ်ဟာ လက်ရှိအနေအထားမှာ ကိုးကန့်တပ်သားတွေကို တွေ့ရင်လည်း ကြောက်ရွံ့ပြီး ငိုယိုတာတွေရှိတယ်လို့ ဆိုပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ ကလေးကို တာဝန်ယူပြီး ဆေးကုသပေးတာတွေလုပ်ပေးနေပေမဲ့ ဒီအမှုကို ပျောက်ကွယ်သွားအောင် ဖုံးဖိဖို့ကြိုးစားတာတွေလုပ်လာတာကြောင့် ဒေသခံအမျိုးသမီးအဖွဲ့တွေနဲ့ ရွာသားတွေ လူအင်အား ၂၀၀ (နှစ်ရာ) ဒီဇင်ဘာလ ၅ ရက်နေ့က ဆန္ဒပြလှုပ်ရှားခဲ့တာကြောင့် အမှုကျူးလွန်သူကို ကိုးကန့် MNDAA တပ်ဖွဲ့က တာဝန်ယူပြီး စုံစမ်းစစ်ဆေးနေပြီလို့ သူမကဆက်ပြောပါတယ်။ “အဲဒီပြစ်မှုကျူးလွန်သူကို သူ့တို့ကအစပိုင်းမှာ မဖမ်းဘူး။ ပြစ်မှုကျူးလွန်သူကို သူတို့က နေရာရွှေ့လိုက်မယ်၊ ထွက်ပြေးခိုင်းလိုက်မယ်ဆိုတဲ့ သတင်းတွေကြားတာနဲ့ ဒေသခံတွေ အမျိုးသမီးအဖွဲ့တွေ လူထုနဲ့ ဆန္ဒပြသွားပြောတော့မှ သူတို့က အခုလိုပြစ်မှုကျူးလွန်သူကို ပြန်စစ်ဆေးဖို့ ချူပ်နှောင်တာတွေ လုပ်လာတာ။ ကိုးကန့်က သတင်းလည်းဖုံးဖိလိုက်ဖို့ ကြိုးစားတယ်။ သတင်းမထွက်အောင်ကြိုးစားတယ်။ ဒေသခံတွေ လူထုနဲ့ အုံကြွပြီးဆန္ဒပြချိန်လည်း ဖုန်းတွေအားလုံးယူပြီး သက်သေတွေ၊ ပုံတွေ၊ဗီဒီယိုတွေ အကုန်ဖျက်ပေးလိုက်ကြတယ်။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးက ပြောပါတယ်။ သက်ငယ်မုဒိမ်း ပြစ်မှုကျူးလွန်သူ ကိုးကန့်အရာရှိ ရှောက်ချီကတော့ ကိုးကန့်တပ်ဖွဲ့စစ်ဆေးတဲ့ချိန် သူမဟုတ်ကြောင်းငြင်းဆိုထားတယ်လို့သိရပြီး ကလေးရဲ့ ကိုယ်အင်္ဂါကို လက်နဲ့ခိုက်မိသွားတာလို့ လိမ်လည်ထွက်ဆိုတာရှိတယ်လို့ဆက်လက်သိရပါတယ်။ လက်ရှိမှာတော့ အမှုသက်သေအထောက်အထားတွေ စုစည်းပြီး ပြစ်မှုကျူးလွန်သူကိုလည်း စုံစမ်းစစ်ဆေးနေဆဲကာလဖြစ်ကာ တရားစီရင်ရေးနဲ့ စီရင်ချက်ချတာတွေတော့ မပြုလုပ်သေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ပန်ဆိုင်းမြို့ရှိ မိဘမဲ့ဂေဟာကျောင်းလာဖွင့်တဲ့ တမူးဘက်က ချင်းအမျိုးသားတစ်ဦးက ကလေးတွေကို နှိပ်စက်ပြီး အဓမ္မပြုကျင့်တာတွေရှိခဲ့လို့ ဒေသခံအမျိုးသမီးအဖွဲ့နဲ့ ပြည်သူလူထုက ကိုးကန့် MNDAA ကိုတာဝန်ယူဖြေရှင်းပေးဖို့ အမှုအပ်ခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ သက်ငယ်မဒိမ်းမှုကျူးလွန်သူ အဲဒီချင်းအမျိုးသားကိုတော့ ကိုးကန့် MNDAA တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ လောက်ကိုင်မှာ ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို သေဒဏ်စီရင်ခဲ့တဲ့ထဲ ပါဝင်စီရင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါကြောင့် ယခုမုဒိန်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကိုလည်း သေဒဏ်စီရင်ပေးဖို့ ကလေးမိဘ၊ ဒေသခံတွေနဲ့အမျိုးသမီးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ “အမှုကျူးလွန်သူကို သေဒဏ်ပေးလိုက်မှ ဒီမှာရှိတဲ့ မိခင်တွေအားလုံးလည်း စိတ်အေးရမယ်။ စိတ်လုံခြုံမှုရမယ်။ သူသာအသက်ရှင်နေသရွေ့ ကလေးအတွက်လည်း အဆင်မပြေဘူး။ အားလုံးအတွက် စိတ်လုံခြုံမှုမရှိဘူး။”လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ပြုစုထားတဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စစ်ကိုင်းတိုင်း၊ ချင်းပြည်၊ ရှမ်းပြည်နှင့် ကရင်ပြည်က မြို့နယ်တွေမှာ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အများဆုံး ဖြစ်နေတယ်လို့ ဆိုထားပါတယ်။ By…
Read More »ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းကျေးရွာအနီးက မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်နေပြီး TNLA က ဒေသခံတွေကို သေနတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ “ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA ကရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်း မြေနေရာမှာ အဲလိုတပ်ချလိုက်တော့ ရွာသားတွေက စာသင်ကျောင်းမှာ တပ်မချဖို့ ဘယ်လောက်သွားပြောလဲ မရဘူး။ သေနတ်တွေနဲ့လည်း ခြိမ်းခြောက်တယ်။ လုံး၀မဖယ်ပေးဘူးတဲ့။ သူတို့ကို ပေးမနေဘူးဆိုရင် ကျောင်းလည်းမဖွင့်နဲ့တဲ့။ကျောင်းရှေ့က အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်။ ကျောင်းကိုလည်း ပိတ်ကာပေးလိုက်တယ်” လို့ မန်ပိန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ မန်ပိန်းကျေးရွာအုပ်စု အခြေခံမူလတန်းကျောင်း ကျောင်းဆောင်သစ်မှာတော့…
Read More »