ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော်– မံစီအကြားရှိ စစ်တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၇ ခုသိမ်းပိုက်ရရှိထားကာ တိုက်ပွဲဆက်ပြင်းနေသလို တစ်ဖက်မှာတော့…
Read More »နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More »ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေအကြား ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှု ပိုမြင့်တက်လာတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘာသာရေးအဆောက်အအုံအတွင်းနဲ့အနီးဝန်းကျင်မှာ နေရာယူတပ်ချတာ၊ ထိခိုက်ပျက်စီးစေတာတွေ မလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း ရှမ်းပြည်မြောက်ပိုင်းတစ်ခွင် စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၄ ခုထက်မနည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။ “လက်နက်ကိုင်တွေအားလုံး ဘယ်သူမဆို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ ဘာသာရေးအဆောက်အအုံတွေမှာ တပ်ချတာမျိုးတွေ နေထိုင်တာမျိုးတွေ မလုပ်ဘဲ အများပြည်သူနဲ့မဆိုင်တဲ့နေရာ ဝေးတဲ့နေရာတွေမှာ နေတာမျိုးတွေက ပိုကောင်းမယ်။…
Read More »ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းကျေးရွာအနီးက မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်နေပြီး TNLA က ဒေသခံတွေကို သေနတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ “ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA ကရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်း မြေနေရာမှာ အဲလိုတပ်ချလိုက်တော့ ရွာသားတွေက စာသင်ကျောင်းမှာ တပ်မချဖို့ ဘယ်လောက်သွားပြောလဲ မရဘူး။ သေနတ်တွေနဲ့လည်း ခြိမ်းခြောက်တယ်။ လုံး၀မဖယ်ပေးဘူးတဲ့။ သူတို့ကို ပေးမနေဘူးဆိုရင် ကျောင်းလည်းမဖွင့်နဲ့တဲ့။ကျောင်းရှေ့က အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်။ ကျောင်းကိုလည်း ပိတ်ကာပေးလိုက်တယ်” လို့ မန်ပိန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ မန်ပိန်းကျေးရွာအုပ်စု အခြေခံမူလတန်းကျောင်း ကျောင်းဆောင်သစ်မှာတော့…
Read More »