သတင်း
3 June 2023
ရွှေကူနယ် NUG အစိုးရ ကျောင်းတွင် တက်နေသည့် ကျောင်းသား/သူများအတွက် အကူအညီလိုအပ်နေ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် ပညာသင်ယူနေကြသည့် မီးဘေး သင့် ကျောင်းသား/သူ များအတွက် ကျောင်းအသုံးပစ္စည်း အကူအညီများလိုအပ်နေကြောင်းသိရသည်။ ရွှေကူမြို့နယ် အရှေ့တောင်ဘက်ခြမ်းမှ စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့်…
သတင်း
2 June 2023
ပူတာအို မူလာရှီးဒီချောင်းတွင် လူငယ်တစ်ဦး ရေနစ်ပြီးသေဆုံး
ဇွန်လ ၂ ရက်နေ့ ယနေ့ မွန်းလွဲ ၁နာရီအချိန်တွင် မူလာရှီးဒီချောင်းထဲသို့ သူငယ်ချင်းများနဲ့အတူ ရေဆင်းချိုးသည့် အသက် ၂၀ ကျော် လူငယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ပူတာအိုဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “အသက်က…
သတင်း
2 June 2023
မြစ်ကြီးနား အထက(၄) ကျောင်းတွင် ကျောင်းသားသစ် တစ်ဦးလျှင် အလှူငွေ တစ်သိန်းကျပ် တောင်းခံ
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဝင်းရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား အသစ်တစ်ဦး ကျောင်းအပ်လျှင် ကျပ်တစ်သိန်းပေးဆောင်ရသည်ဟု အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက KNG ကို ပြောသည်။ “ကျောင်းသားအသစ်တစ်ယောက်ကို တစ်သိန်းနှုန်းနဲ့ကောက်ခံနေပါတယ် ကျွန်တော်ကိုယ်တိုင်မြေးလေးကို ကျောင်းသွားအပ်ခဲ့တာပါ အလှူငွေဆိုပြီး တစ်သိန်းထည့်ခဲ့ရပါတယ်”ဟုပြောသည်။ လက်ရှိ အမှတ် (၄) အထက်တန်းကျောင်း၏…
သတင်း
2 June 2023
မော်တိတ်ကျေးရွာအနီး စစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာ
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာအုပ်စုတွင် စစ်တပ်က အပြည့်အဝထိန်းချုပ်ရန် စစ်အင်အားဖြည့်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများ သိသိသာသာ လုပ်ဆောင်လာကြောင်း ဒေသခံများ ပြောသည်။ “သူတို့က မော်တိတ်ဒေသကို ထိန်းချုပ်ချင်နေတဲ့သဘောပါပဲ နီးစပ်တဲ့ပတ်ဝန်းကျင်ရွာတွေကိုဝင်တယ်။ သတင်းပေါက်ကြားရင်ဖမ်းတယ်ဆီးတယ်။ သူတို့ဝင်လို့ရတဲ့ရွာတွေဆို မီးရှို့တယ်…
သတင်း
2 June 2023
အရပ်သား ၉ ဦး သတ်ဖြတ်ခံရမှု ၄ လကြာတဲ့အထိ KIO ဘက်က အမှုမှန် ဆောင်ရွက်ပေးနိုင်ခြင်းမရှိ
ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးမှာ အရပ်သားပြည်သူ ၉ ဦးသတ်ဖြတ်ခံရတာ ၄ လကြာခဲ့ပေမယ့် တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က ကြန့်ကြာမှုတွေ ရှိနေတယ်လို့ လူထု အမှုမှန် ဆောင်ရွက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေရဲ့ အချက်အလက်တွေကို…
သတင်း
2 June 2023
ကသာရှိ ကျေးရွာတစ်ရွာ မီးရှို့ဖျက်ဆီးခံပြီး နေအိမ် ၁၀၀ ကျော် မီးလောင်
ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဝင်ရောက်မီးရှို့ခဲ့သောကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည်…
သတင်း
2 June 2023
သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်
ပူတာအိုမြို့တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို ထောင်ဒဏ်အနှစ် ၂၀ အသီးသီး ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ကျူးလွန်ခံရသည့် မိသားစုဝင်များထံမှ သိရသည်။ ပူတာအိုတွင် ယခုနှစ်ဆန်းပိုင်းအတွင်း သက်ငယ်…
သတင်း
2 June 2023
ကနီတွင် ဆင်ဦးစီးမိသားစုများ ဝမ်းရေးခက်ခဲလာသဖြင့် ဆင်များကို စွန့်လွတ်ရမည့်အခြေအနေ ကြုံတွေ့နေရ
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ဆင်များကို ပြုစုစောင့်ရှောက်နေသော ဆင်ဦးစီးမိသားစုများသည် စားဝတ်နေရေးခက်ခဲလာသောကြောင့် ဆင်များကိုစွန့်လွှတ်ကာ နေရပ်ပြန်ရမည့်အခြေနေဖြင့် ကြုံတွေ့နေရသည်ဟု စုံစမ်းသိရှိရသည်။ ဆင်ဦးစီးများသည် CDM လုပ်ထားသူများဖြစ်ပြီး ဆင်များကို စေတနာ့ဝန်ထမ်းအနေဖြင့် စောင့်ရှောက်လာသည်မှာ ၂နှစ်ခန့်ရှိလာပြီဖြစ်သည်ဟု ကျောက်လုံးကြီးတပ်မဟာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။…
သတင်း
1 June 2023
အင်းတော်ကြီးတွင် ငလျင်လှုပ်ခတ်သွားသောကြောင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုများရှိ
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် အင်အား အသင့်သင့်ရှိ ငလျင်လှုပ်ခတ်သွားသောကြောင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လုံးတုံ၊ မိုင်းနောင်၊ ဟဲပု ကျေးရွာတို့တွင် မေလ ၃၁ ရက် ညနေ ၅…
သတင်း
1 June 2023
စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိသည့် အမျိုးသမီးတစ်ဦး လက်နှစ်ဖက်ဖြတ်လိုက်ရ
ထီးချိုင့်-ကသာအစပ်တွင် ဧရာဝတီမြစ်ကြောင်း သံခွန်မော်တော်ယာဉ်မှ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ အမျိုးသမီးတစ်ဦး လက်နှစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။ စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် မေလ ၃၁ ရက်နေ့ ထီးချိုင့်မြို့နယ် နှင့်…