KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Mar- 2026 -
    31 March
    သတင်း

    ကသာမြို့စစ်တပ်ကထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်း မှန်ကန်မှုမရှိဘူးလို့ပြော

    စစ်ကိုင်းတိုင်းဒေသကြီး တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့…

    Read More »
  • 27 March
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    စစ်ပွဲနောက်ကွယ်မှာ ပျောက်ကွယ်သွားတဲ့ ပယင်းဈေးကွက်

    ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ထဲမှာ ဆယ်စုနှစ်တစ်ခုအကြာအထိ ရောင်းဝယ်ရေးအားကောင်းခဲ့တဲ့ ပယင်းစျေးကွက်ဟာ လက်ရှိမှာဝယ်ယူသူမရှိသလောက်နည်းပါးသွားတဲ့အပြင် စျေးကွက်ပါ ပျောက်လုနီးပါးဖြစ်လာတယ်လို့ သိရပါတယ်။

    Read More »
  • 27 March
    သတင်း

    ထီးချိုင့်မြို့ ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိလာ

    တရုတ်နီကယ်စက်ရုံရှိတဲ့ စစ်ကိုင်းတိုင်း– ကချင်အစပ်က ထီးချိုင့်မြို့ရဲ့ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး မြတောင်လမ်းဆုံကို ထိန်းချုပ်သွားပြီလို့ မြေပြင်ကဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ထီးချိုင့်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်း မန္တလေးတိုင်းထဲက တကောင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် ထီးချိုင်မြို့နယ်ဘက်ကို ပြန်လည်စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ထီးချိုင့်မြို့ဧရာဝတီတံတားလို့ခေါ်တဲ့ မြစ်ကူးတံတားပေါ်မှာ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက“ အဲ့ပုံကတော့ ထီးချိုင့်တံတား မြတောင်ဘက်ထိပ်မှာရိုက်ထားတဲ့ပုံပဲ။တကောင်း ကနေရောက်လာတဲ့အဖွဲ့တွေဟုတ်တယ်။ လောလောဆယ်တိုက်ပွဲက ထီးချိုင့်မှာဖြစ်နေသေးတယ်။ အခုရက်ပိုင်းမှာက တိုက်ပွဲ‌ တွေကဖြစ်နေတာ။ တကယ်ဆိုတော်တော် များများနေရာတွေရထားပြီ။ အဲ့ချိန်ဒီစစ်ကြောင်းရောက်လာတာ။”လို့ပြောပါတယ်။…

    Read More »
  • 27 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    ကသာပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းတို့ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း ကချင်အစပ် ကသာမြို့နယ်က ကသာပြည်သူ့ဆေးရုံ၊ ကျောက်ထုံးကြီးကျေးရွာက တိုက်နယ်ဆေးရုံဟောင်းနဲ့ ကျောင်းသစ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးခဲ့ရတယ်လို့ ကသာမြို့ဒေသခံတွေကအတည်ပြုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့တစ်ရက်တည်းမှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၅ စင်းနဲ့ ကသာမြို့ကိုဦးတည်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “ပြည်သူ့ဆေးရုံက အောက်စီဂျင်ထားတဲ့ရုံးကိုထိတာ။ အောက်စီဂျင်ဘူးတွေကြီးပဲထုတ်တာ။ ကသာမြို့ကပြည်သူတွေ တော်တော်များများ ကြိုးစား ပမ်းစားလုပ်ထားတဲ့ အဆောက်အဦးကြီးဟုတ်တယ်။ ပြီးတော့ကျောင်းသစ်ဘုန်းကြီးကျောင်း တို့က နေ့လည်ကတိုက်ခိုက်ခံရတာ။ ကျောက်ထုံးကြီးကဆေးရုံဟောင်းကတော့ ည ၁၀ နာရီကျော်လောက်တိုက်ခိုက်ခံရတာ”လို့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦးတချို့ ရစရာမရှိအောင်ပျက်စီးသွားသလို ကျောင်းသစ်ဘုန်းကြီးကျောင်း လည်း ထိခိုက်ပျက်စီးမှုများတယ်လို့ ဒေသခံတွေကဆိုပါတယ်။…

    Read More »
  • 27 March
    လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း

    ကောလင်းလေကြောင်းတိုက်ခိုက်ခံရ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါ ပြည်သူ ၅ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း ဖလဲရွာကို…

    Read More »
  • 26 March
    သတင်း

    မြစ်ကြီးနား-မန္တလေးကားခ ခြောက်သိန်းထိရှိလာ

    စက်သုံးဆီစျေးမြင့်တက်လာတဲ့အတွက် မြစ်ကြီးနား–မန္တလေးကားခ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) အထိစျေးမြင့်တက်သွားကြောင်း မြစ်ကြီးနားကားဂိတ်မှူးတွေပြောပါတယ်။ ကချင်ပြည်နယ်ထဲကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေအားလုံး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီးရပ်နားထားသလို လတ်တလောမှာလည်း စက်သုံးဆီဈေးအဆမတန်မြင့်တက်လာတာကြောင့် ကားခတွေ  ပုံမှန်ထက် တစ်ဆကျော်စျေးမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့မှ ဂိတ်မှူး(ကားဂိတ်)တစ်ဦးက KNG ကိုပြောပါတယ်။ “ဈေးနှုန်းက အံစာတုံး(အိမ္စီးကား အကြီး)ကတော့တစ်ယောက်ကို နှစ်သိန်းခွဲပါနောက်ပြီးတော့ လူလေးယောက်ပဲထိုင်လို့ရတဲ့ အိမ္စီးကား (AD Van)ကတော့တစ်ယောက်ကို ငါးသိန်းပါ ဒါပေမယ့်မန္တလေးကနေ မြစ်ကြီးနားအတက်ဆိုရင်တော့ခြောက်သိန်းပါဗျ။ ဈေးကတော့ပုံမှန်ထက်ကိုတစ်ဆတက်တယ်ပြောရမယ် ဆီဈေးကြောင့်ပါ”လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။…

    Read More »
  • 25 March
    တိုက်ပွဲ

    ကသာမြို့မှာတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေ

    ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ကသာမြို့လယ်ခေါင်မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်လို့အမည်ရှိတဲ့ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီး၊ ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အရပ်သားအစုလိုက်အပြုံလိုက်သေဆုံး မှုတွေဖြစ်ပွားခဲ့ပါတယ်။

    Read More »
  • 25 March
    သတင်း

    မြစ်ကြီးနား လေကြောင်းလိုင်းလေယာဉ်လက်မှတ်ရောင်းချခြင်းမရှိသေး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ်လို့ ထုတ်ပြန်ထားသော်လည်း လေယာဉ်လက်မှတ်တွေရောင်းချခြင်းမရှိသေးဘူးလို့ လေယာဉ်လက်မှတ်အရောင်းဌာနနဲ့လေကြောင်းလိုင်းမှာတာဝန်ထမ်းဆောင်နေသူဆီကနေ သိရပါတယ်။ လေကြောင်းလိုင်းပြန်လည်ပြေးဆွဲမယ့်ကိစ္စနဲ့ပတ်သက်ပြီး မတ်လ ၂၄ ရက် မနေ့က နေပြည်တော်မှာကျင်းပတဲ့ စက်သုံးဆီများ ဖူလုံစွာရရှိရေး နှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆိုသွားပြီးတဲ့နောက် ညပိုင်းမှာတော့ စစ်တပ်ပိုင်ရုပ်သံကပါ ထပ်မံကြေညာထားပါတယ်။ ဒါကြောင့် လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေသူတွေကို မေးမြန်းကြည့်ရာမှာတော့ လေယာဉ်လက်မှတ်တွေတရားဝင်ရောင်းချခြင်းမရှိသေးသလို လေကြောင်းလိုင်းပြေးဆွဲမယ့် အချိန်ဇယားလည်း သေချာ မသိရှိရသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပက်သက်ပြီး သေချာ ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း–…

    Read More »
  • 25 March
    သတင်း

    မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့က(မတ်လ၂၃ရက်) နေ့လည် ၁၂နာရီ ဝန်းကျင် မိုင်းနားကျေးရွာအုပ်စု မခေါတီရွာမှာ တွဲကားတစ်စီးနဲ့ စစ်ရှောင်သားအမိ ၂ ဦး စီးလာတဲ့ဆိုင်ကယ်နဲ့  မျက်နှာချင်းဆိုင်အရှိန်ပြင်းစွာ တိုက်မိခဲ့တဲ့အတွက် ဆိုင်ကယ်မှာပါလာတဲ့ စစ်ရှောင်ကလေးကတော့ ဦးခေါင်းကွဲပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “သူ့အမေက ဆိုင်ကယ်မောင်းတာလေ ကလေးက ရှေ့မှာမတ်တပ်ရပ်ပြီး စီးတာ။ မျက်နှာချင်းဆိုင်တိုက်ကြတာဆိုတော့ ကလေးက တွဲကားရဲ့ ဇောင်းခုံနဲ့ ဆောက်လိုက်ပုံရတယ်”လို့ ဆိုပါတယ်။ ကလေးကတော့ ဦးခေါင်းပွင့်ထွက်ပြီး အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပေမယ့်လည်း မိခင်ဖြစ်သူကတော့ ပွန်းပဲ့ရုံကလွဲပြီး ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားတော့ မရှိဘူးလို့ ပြောပါတယ်။…

    Read More »
  • 25 March
    သတင်း

    နေရပ်ပြန် နမ်ဆာရွာပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ နမ်ဆာကျေးရွာက နေရပ်ပြန်ပြည်သူတွေအတွက် နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ နမ်ဆာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကရောက်ရှိလာကြတဲ့ အိမ်ခြေ ၅၀ ကျော်နဲ့ မတ်လ ၁၈ရက်နေ့ ပြန်လည်ရောက်ရှိလာကြတဲ့ အိမ်ခြေ ၂၁ အိမ်၊ စုစုပေါင်း အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၃၀၀ ဝန်းကျင်ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်ကျော်စွန့်ခွာခဲ့ရတဲ့…

    Read More »
Back to top button