-
Jan- 2024 -29 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
နန်းမားမှာ လက်နက်ကြီးထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန်းမားမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့…
Read More » -
29 Januaryတိုက်ပွဲ
မိုးမိတ်တိုက်ပွဲ KIA နဲ့ပူးပေါင်းတပ်တွေဆုတ်သွားပြီး မြို့ကိုစစ်ကောင်စီတပ်ထိန်းချုပ်ထား
ကချင် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ် မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ တပ်ပြန်ဆုတ်သွားပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က မြို့တွင်းကိုပြန်လည်ထိန်းချုပ်ထားတယ်လို့ စစ်ဘေးရှောင်နေတဲ့ဒေသခံတွေဆီက သိရပါတယ်။…
Read More » -
29 Januaryသတင်း
ပြည်သူ့စစ်ခေါင်းဆောင် ဦးလစားခေါင်ဒေါင် နေအိမ်ပစ်ခတ်ခံရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ စစ်ကောင်စီလက်အောက် လော်ဝေါ်အမည်ခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးလစားခေါင်ဒေါင်ရဲ့ (Latsa Hkawng Dau)နေအိမ်ပစ်ခတ်ခံရပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြေ(၁) ကျေးရွာ ရပ်ကွက်(၅)ထဲမှာ ပြည်သူ့စစ်အင်အား ၂၀ ဝန်းကျင်လောက်နဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ဦးလစားခေါင်ဒေါင်ရဲ့နေအိမ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ အဖွဲ့တွေက ဇန်နဝါရီလ ၂၈ ရက်ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။…
Read More » -
29 Januaryတိုက်ပွဲ
နမ့်ဖတ်ကာ ဒေသခံများအနေနဲ့ ခွင့်ပြုချက်ရမှသာ နေရပ်ပြန်လာဖို့ KIA ပြောဆို
ရှမ်းမြောက် နမ်ဖတ်ကာမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ဖို့လိုအပ်သေးတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ခွင့်ပြုချက်ရမှသာ ဒေသခံစစ်ရှောင်ပြည်သူတွေ နေအိမ်ပြန်လာကြဖို့ KIA ဘက်ကပြောဆိုထားတယ်လို့ဒေသခံတွေပြောပါတယ်။ KIA တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ နမ့်ဖတ်ကာမှာ စစ်တပ်ဘက်ကတိုက်ပွဲမဖြစ်ခင်ကတည်းက တပ်စခန်းပတ်ပတ်လည်နဲ့နေရာတော်တော်များများမှာ မိုင်းထောင်ထားတာတွေရှိတာကြောင့် KIA ဘက်က ရွာသားတွေကို အဝင်အထွက်ခွင့်မပြုသေးတာဖြစ်တယ်လို့ သိရပါတယ်။ “ဘေးပတ်ဝန်းကျင် မိုင်းထောင်ထားတာတွေ အများကြီးရှိသေးတယ်။ KIA ဘက်က အဲ့ဒါတွေကို ရှင်းလင်းရေးပြုလုပ်ရအုံးမယ်လို့ပြောတယ်။ ပြီးတော့ ရွာသားတွေကိုလည်း လုံး၀အဝင်အထွက်ခွင့်မပြုသေးကြောင်းပြောတယ်။ ဒါကြောင့် ရွာသားတွေလည်း KIA ဘက်က ဝင်လာတော့ ဝင်လာလို့ရပြီဆိုမှ ဝင်လာကြရအောင်လို့ ပြောချင်တယ်။ အိမ်တွေ အများကြီး ပျက်စီးသွားတော့ KIA ဘက်က အဲ့လိုအပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ဆောင်အုံးမယ်ပေါ့။ သူတို့ ခွင့်ပြုမှ ဝင်လာကြဖို့ ရွာသားတွေကို အကြောင်းကြားထားခိုင်းတာဖြစ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။…
Read More » -
25 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
အရပ်သားပြည်သူ ၉ ဦး သတ်ဖြတ်ခံရတဲ့အမှု တစ်နှစ်ပြည့်သွားတဲ့အထိ တရားမျှမှုမရရှိသေး
ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှာ အရပ်သားပြည်သူ…
Read More » -
25 Januaryဖမ်းဆီးခံရမှု
ဗန်းမော်မှာ အရပ်သားအယောက် ၁၀၀ ဝန်းကျင်ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဗန်းမော်မြို့ထဲမှာရှိတဲ့ ကမ်းနားဈေးတစ်လျှောက် စျေးရောင်းနေသူတွေအပါအဝင် အရပ်သားပြည်သူအယောက် ၁၀၀ ဝန်းကျင်ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံဒေသဆီကနေ သိရပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့ မနေ့ညနေ ၅ နာရီဝန်းကျင်လောက်မှာ ဗန်းမော်မြို့ ကမ်းနားဈေး နဲ့ ကမ်းနားလမ်းတစ်လျှောက်မှာရှိနေတဲ့ အရပ်သားပြည်သူတွေကို စစ်တပ်ဘက်က အကြောင်းမဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။ “ကမ်းရိုးတန်း အရှည်ကြီးလေ၊ ကန်းနားတစ်လျှောက် ဟိုးဘက်ထိပ် ဒီဘက်ထိပ် ဟိုထောင့် ဒီထောင့်အကုန်လမ်းတွေပိတ်ထားတော့ အကုန်လုံးမမြင်ရဘူး ဈေးထဲက ဈေးသည်တွေကိုလည်းဖမ်း မိန်းကလေးတွေကိုတော့ ချန်ထားတယ် ယောကျ်ာလေးတွေ အကုန်လုံးကို ဖမ်းသွားတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်ကား၊ ရဲကား၊ အိမ်စီးကားအပါအဝင် လူအင်အား ၇၀ ဝန်းကျင်နဲ့လာရောက်ဖမ်းခေါ်သွားတဲ့ချိန် တစ်ဆက်တည်းမှာဘဲ ဗန်းမော်မြို့ရပ်ကွက် အသီးသီးမှာရှိတဲ့ လောင်းကစားဝိုင်းတွေမှာလည်း လိုက်ဖမ်းခဲ့တယ်လို့ ဆိုပါတယ်။…
Read More » -
25 Januaryစစ်ပြေးဒုက္ခသည်များ
နန့်မွန်းဒေသခံ ထောင်ချီ ပိတ်မိနေပြီး အရပ်သားတစ်ချို့ကို ဖမ်းဆီးခံထားရ
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ…
Read More » -
25 Januaryစစ်ပြေးဒုက္ခသည်များ
စီခမ်းကြီးမှာ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားလာမှာကို…
Read More » -
25 Januaryတိုက်ပွဲ
မဘိန်းမြို့ တပ်စခန်းက ထွက်ပြေးလာတဲ့ စစ်တပ်နဲ့ KIA တိုက်ပွဲဖြစ်
ရှမ်းမြောက် မဘိန်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကုန်းမခံရှေ့တန်းတပ်စခန်းကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ကောင်စီတပ်သားအယောက် ၄၀ ဝန်းကျင် နဲ့ ကချင်လွတ်လပ်ရေးတပ်တော်…
Read More » -
25 Januaryလူ့အခွင့်အရေးချိုးဖောက်မှု
NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းနေအိမ်မီးရှို့ခံရ
ဗန်းမော်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြည်နယ်လွှတ်တော်အမတ်…
Read More »