လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နန်းမားမှာ လက်နက်ကြီးထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန်းမားမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နန်းမားမြို့ရဲ့အနောက်ဘက်  မိုင်ကျော်အကွာမှာထိုင်ထားတဲ့ စစ်ကောင်စီ အမြောက်တပ်က ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၉ အချိန်  ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးထဲက တစ်လုံးဟာ ညောင်ပင်သာရပ်ကွက် ကားလမ်းမပေါ်မှာကျရောက်ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးပွဲချင်ပြီးသေဆုံးပြီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ နန်းမားဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

လက်နက်ကြီးကျတာ ၂လုံးဟုတ်တယ်  ချက်ကြားတယ် တစ်လုံးက ညောင်ပင်သာ စာသင် ကျောင်းရှေ့ ကားလမ်းမှာကျတော့ ဆိုင်ကယ်စီးတဲ့တစ်ယောက်ထိသွားတယ်သူကပွဲချင်းပြီးပဲ။ နောက်တစ်ယောက်က စိတ်မနှံ့ဘူးလျောက်သွားနေတာ သူလည်းထိတယ် သူကဒဏ်ရာပဲရသွားတယ်လို့ အသက် ၅၂ နှစ်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့အမျိုးသားဟာ နန့်စလော်ကျေးရွာထဲက အသက် ၆၀ နှစ်အရွယ် ဦးမြင့်ဖေ ဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသွားသူကတော့ ညောင်ပင်ရပ်ကွက်ထဲက ကိုထွန်းဦး(စိတ်မနှံ့သူတို့ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ လက်နက်ကြီးပစ်ခတ်လိုက်တဲ့ စစ်ကောင်စီတပ်ဟာ အမှတ် ၃၆၇ အမြောက်တပ်ဖြစ်တယ်လို့သိရပါတယ်။

အမြောက်တပ်က နန်းမားအနောက်ဘက် ၂မိုင်လောက်ပဲဝေးတယ် ၃၆၇ တပ်တဲ့ အရင်ကတော့ ၃၈၆၊၃၈၅ တပ်ဟုတ်တယ်အခုမဟုတ်တော့ဘူးလို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကဆက်ပြောပါတယ်။

နန်းမားမြို့မှာစစ်ကောင်စီတပ်က အခုလို လူနေရပ်ကွက်တွေထဲ လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် နန်းမားမြို့ပေါ်ဒေသခံတွေနဲ့ အနီးဝန်းကျင်ကကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

နန်းမား ၃၈၆ အမြောက်တပ်ကနေ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း နန်းမားမြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် နန်းမားမြို့ထဲက သားအမိနှစ်ဦးဖြစ်တဲ့ ဒေါ်နွယ်နွယ်ဦးဆိုသူနဲ့သမီးဖြစ်သူ မချိုတာဘီးတို့သေဆုံးခဲ့တဲ့အပြင် ကသည်းကုန်းရွာထဲက အသက် ၂၀ ကျော်ယောက်ကျားလေးတစ်ဦးတို့သေဆုံးခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button