-
Jan- 2024 -16 Januaryသတင်း
ထီးချိုင့်မှာ စစ်တပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲ
စစ်ကိုင်း နဲ့ ကချင် အစပ်ထီးချိုင့်မြို့နယ်မှာ…
Read More » -
16 Januaryသတင်း
ကသာမြို့အဝင်ဂိတ်ဖြတ်သန်းသူတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေပြီး ငွေလုယက် တာတွေလုပ်နေ
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်အဝင်ဂိတ်ကိုဖြတ်သန်းတဲ့…
Read More » -
16 Januaryသတင်း
နမ္မတူမြို့ နဲ့ နမ့်ဆန်ကို စားသောက်ကုန်တစ်ချို့နဲ့ ဆေးဝါးတွေ ဖြတ်သန်းသယ်ယူခွင့်မပေး
“ခရီးသည်တွေကိုတော့ပေးသွားတယ် ကုန်ပစ္စည်းတွေဘာတွေနဲ့ ကားအသေးတွေသွားနေတာတွေရှိတယ် ဒါပေမဲ့ ဆန်လုံးဝပေးမတင်ဘူး၊ ဆီရောပဲ ဆီဆို စားသုံးဆီရော စက်သုံးဆီရော၊ ဆေး လုံးဝပေးမတင်ဘူး တင်းတင်းကြပ်ကြပ်ကို ဂိတ်တွေပိတ်ပြီးလုပ်နေတာ အခုက နမ္မတူနဲ့နမ့်ဆန်မြို့နယ်မှာရှိတဲ့ လူထုက အကြီးအကျယ်ဒုက္ခရောက်နေတာ”လို့ ပြောပါတယ်။
Read More » -
16 Januaryသတင်း
ဇန်နဝါရီ ၂ ပတ်အတွင်း စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA ပစ်ချ
ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်သစ်ကူး ဇန်နဝါရီ လဝက်အတွင်းမှာဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ် ၂ စီးကို ပစ်ချလိုက်ပါတယ်။ ပစ်ချလိုက်တဲ့ လေယာဉ် ၂ စီးဟာ ဇန်နဝါရီလ ၃ ရက်နေ့ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ် နာဖော့ စစ်ကောင်စီတပ်စခန်းကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်တစ်စင်းနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မန္တလေးတံတားဦး လေဆိပ်ကနေ ရှမ်းမြောက် နမ့်ဖတ်ကာတိုက်ပွဲဘက်ကို ဗုံးလာကြဲတဲ့ ဂျက်လေယာဉ်တစ်စီးတို့ ဖြစ်ပါတယ်။ နမ့်ဖတ်ကာမှာ လေယာဉ်ပစ်ချလိုက်နိုင်တဲ့ သတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ KNG ကို အတည်ပြုပြောဆိုခဲ့ပါတယ်။ “ပစ်ချတာမှန်တယ် ဂျက်လေယာဉ်တစ်စီးပစ်ချတာ အတည်ပြုပါတယ်။ ဒါပေမယ့် ဘယ်လိုဘယ်ပုံပစ်ချလိုက်နိုင်တယ် ဆိုတာတော့ အခြေနေအသေးစိတ်တော့မသိရသေးဘူး”လို့ပြောပါတယ်။…
Read More » -
16 Januaryသတင်း
အင်းတော်မှာ စစ်ရေးလှုပ်ရှားမှုကြောင့် ကျေးရွာ ၅ ခုက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း စစ်ရေးလှုပ်ရှားနေတာကြောင့် ကျေးရွာအချို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ အင်းတော်ကထွက်လာတဲ့ တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းထားတဲ့ အင်အား ၆၀ ခန့်ရှိတဲ့…
Read More » -
16 Januaryသတင်း
ရွှေကူနယ်မှာ စစ်ကောင်စီတပ်သား အလင်းဝင်လာသူ ၁၀ ဦးအထိရှိလာ
ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သား…
Read More » -
16 Januaryသတင်း
ဖုန်းအားသွင်းရင်း ဖုန်းသုံးနေရာကနေ အပူလွန်ကဲကာ ပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရ
မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦး ဖုန်းအားသွင်းရင်း အသုံးပြုရာကနေ ဖုန်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့ည ၈ နာရီဝန်းကျင်လောက်မှာ ဖုန်းအားသွင်းရင်း ဖုန်းသုံးနေရာကနေ အပူလွန်ကဲမှုကြောင့် ပေါက်ကွဲတာဖြစ်ပြီး ၃ ဦး မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး အရေပြားတွေလှန်သွားတယ်လို့ မျိုးဆက်သစ်လူမူကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။ “ကျွန်တော်တို့ရောက်တော့ လူနာက အောက်ရောက်နေပြီ၊ ပြောတာက ဖုန်းအားသွင်းရင်း ဖုန်းပေါက်ကွဲတယ်လို့ပြောတယ်”လို့ လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။ ဖုန်းပေါက်ကွဲမှုကြောင့် ဖုန်းသုံးနေတဲ့အမျိုးသားက ဒဏ်ရာပြင်းထန်စွာရရှိထားပြီး သမီးနှစ်ယောက်ကတော့ မျက်နှာနဲ့ လက်တွေထိသွားပေမဲ့အခြေအနေတော့ မစိုးရိမ်ရဘူးလို့ ဆက်ပြောပါတယ်။…
Read More » -
16 Januaryသတင်း
ဗန်းမော် အောက်ချောင်းဒေသဘက် စားသောက်ကုန်တင်ပို့ခွင့် ပိတ်ပင်ထားခံရ
ဗန်းမော်ခရိုင် မံစီမြို့ ကောင်လွင်ကျေးရွာအပါအဝင် အောက်ချောင်းဒေသဘက်ပြေးဆွဲနေတဲ့ လိုင်းကားတွေကို စစ်ကောင်စီဘက် ဆန်၊ဆားနဲ့ အခြားကုန်ခြောက်တွေကို သယ်ဆောင်ခွင့် ပိတ်ပင်ထားတယ်လို့ ကောင်လွင်ဒေသခံ တစ်ဦးက ပြောပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး ရွှေကူလမ်းနဲ့ ဟန်ထက်လမ်းခွဲနေရာတွေမှာ ဂိတ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေက လိုင်းကားတွေကို ဆန်၊ဆားနဲ့ အခြားကုန်ခြောက်တွေကို သယ်ဆောင်ခွင့်ပိတ်ထားတာဖြစ်တယ်လို့ ကောင်ရွန်ဒေသခံတစ်ဦးက ပြောပါတယ်။…
Read More » -
16 Januaryသတင်း
စစ်တပ် ထောက်ခံ တယ်လီဂရမ် ချန်နယ်တွေရဲ့ လှုံဆောင်မှုကြောင့် ဖမ်းဆီးခံရသူ ၂၅၀ ဦးဝန်းကျင်ရှိ
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေရဲ့ အမုန်းစကားနဲ့…
Read More » -
15 Januaryသတင်း
မြစ်ကြီးနား နယ်မြေရဲစခန်းနီးတစ်ဝိုက် မိုင်းပေါက်ကွဲ
မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ကြားမှာရှိတဲ့ အမှတ် (၂)…
Read More »